Foreign Property News | Posted by Shwe Zin Win
အန်းဖဝဒေသရဲ့ နာမည်ကြီး အန်းဖဝရေပေါ်ဈေး (amphawa floating market)ကို မြို့တော်ဘန်ကောက်ကနေ ကြာချိန်တစ်နာရီတည်းနဲ့တင် သွားရောက်နိုင်ပါတယ်။ ရေပေါ်ဈေးတည်နေရာကတော့ မဲခေါင်မြစ်ရဲ့မြစ်လက်တက်တစ်ခုပေါ်မှာဖြစ်ပြီး Wat Amphawa Chetiyaram ဘုရားကျောင်းရဲ့အနီးမှာရှိပါတယ်။
နိုင်ငံခြားသားခရီးသွားများဟာ လှေကလေးတစ်စီးငှား အန်းဖဝရေပေါ်ဈေးမှာလည်ပတ်ရင်း မဲခေါင်မြစ်ဝှမ်းရဲ့ တစ်စိတ်တစ်ပိုင်းအလှတရားကို ခံစားနိုင်ပါသေးတယ်။ ရေပေါ်ဈေးကို သောကြာနေ့ကနေ တနင်္ဂနွေနေ့အထိကျင်းပပြီး အချိန်ကတော့ နေ့လည် ၁၂ နာရီဝန်းကျင်မှ ညအထိဖြစ်ပါတယ်။ မေလကနေ အောက်တိုဘာလဟာ သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးအချိန်ဖြစ်ပြီး တွေ့ရခဲတဲ့ ပိုးစုန်းကြူးလေးများကိုပါ တွေ့မြင်နိုင်ပါသေးတယ်။
အန်းဖဝရေပေါ်ဈေးဟာ စားသောက်ဖွယ်ရာအမှတ်တရပစ္စည်းတွေစုံလင်စွာရောင်းချတဲ့နေရာဖြစ်ပြီး ပြည်ပခရီးသွားများသာမက ထိုင်းလူမျိုးကြားထဲမှာပါ နာမည်ကြီးပါတယ်။ အန်းဖဝရေပေါ်ဈေးရဲ့ အဓိကဆွဲဆောင်မှုကတော့ အမျိုးအစားစုံလင်စွာ ဝယ်ယူနိုင်တဲ့ အစားအသောက်များပဲဖြစ်ပါတယ်။ ထိုင်းရိုးရာစားစရာများ၊ ခေါက်ဆွဲ၊ ထိုင်းလက်ဖက်ရည်၊ အရည်ရွှမ်းရွှမ်းအသီး၊ အသီးဖျော်ရည်၊ ပင်လယ်စာအကင်များကို ခရီးသွားများဟာ လှေကလေးစီးရင်းစားသောက်နိုင်ပြီး ထိုင်းဒေသထွက်ပစ္စည်းလေးများကိုလည်း အမှတ်တရအဖြစ်ဝယ်ယူသွားနိုင်ပါတယ်။ ရေပေါ်ဈေးထဲမှ လှေဈေးသည်များရောင်းချတဲ့ လှေခေါက်ဆွဲဟာ အလွန်နာမည်ကြီးပြီး ရေပေါ်ဈေးဘေးမှ လမ်းကလေးပေါ်မှာလည်း စားသောက်ဆိုင်များစွာရှိပါသေးတယ်။ လှေခေါက်ဆွဲနည်းတူ အရသာထူးခြားကောင်းမွန်တဲ့ ပင်လယ်စာကင်ကိုလည်း ခရီးသွားများကြားနာမည်ကြီးပြီး ချိုမွှေးကောင်းမွန်တဲ့ ထိုင်းရိုးရာအချိုမုန့်များ၊ စုံလင်လှတဲ့ပင်လယ်စာဟင်းများကိုလည်း ဈေးနှုန်းချိုသာစွာနှင့်ဝယ်ယူနိုင်ပါသေးတယ်။
ပြည်တွင်းထဲ ခရီးသွားရတာ ရိုးနေပြီဆိုတဲ့ မြန်မာနိုင်ငံသားများ အရင်ဦးဆုံးရွေးချယ်ကြတာကတော့ လည်ပတ်ဖွယ်နေရာပေါများလှတဲ့ အိမ်နီးချင်းထိုင်းနိုင်ငံပါပဲ။ ထိုင်းနိုင်ငံကို Honeymoon ပဲဖြစ်ဖြစ် ခရီးသွား Vlog ရိုက်ဖို့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အလည်အပတ်ရောက်ရှိခဲ့ရင်တော့ အန်းဖဝဒေသရဲ့ နာမည်ကြီးအန်းဖဝရေပေါ်ဈေးကို သွားရောက်လည်ပတ်ဖို့ အကြံပြုချင်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com