ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။ - Property Knowledge in Myanmar from iMyanmarHouse.com
522 Views

ကျောက်ကပ်အတွက် ဘယ်လို အသီးအနှံတွေက အကောင်းဆုံးလဲ။ ။

Knowledge | Posted by Shwe Zin Win

အသီးအနှံတွေ ဆိုတာ အာဟာရလည်းရှိတယ် အမျှင်ဓါတ်လည်းကြွယ်ဝတယ် ဓါတ်တိုးဆန့်ကျင့်တဲ့အာနိသင်တွေလည်းအပြည့်ပါတယ်ဆိုတော့ ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ အလုံးသိကြမှာပါ။ ဒီလို ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတဲ့ အသီးတွေထဲက တစ်ချို့က ကျောက်ကပ်အတွက်ပိုကောင်းတယ်ဆိုတာ သိကြပါသလား။ အထူးသဖြင့် ကျောက်ကပ်မှာ ‌ကျောက်တည် နေတဲ့သူတွေ နာတာရှည်ကျောက်ကပ်ရောဂါရှိတဲ့သူတွေအနေနဲ့ ခုပြောပြမယ့်အသီးတွေကို စားရင် ပိုအကျိုးရှိမှာပါ။

ကျန်းမာတဲ့ ကျောက်ကပ်တစ်စုံကို ပိုင်ဆိုင်ချင်တယ်ဆိုရင်

▶︎ အမျှင်ဓါတ်များပြီး ရောင်ရမ်းခြင်းတွေကို လျော့ကျစေတဲ့ အာနိသင်များတဲ့ အသီးတွေကို ရွေးစားပါ။

▶︎ ပန်းသီး – သွေးတွင်းကိုလက်စရောကို လျော့ကျစေပြီး ကိုယ်တွင်းကလီစာတွေကို ကျန်းမာစေမှာပါ

▶︎ စပျစ်သီးအနီမှာ ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်း resveratrol လေးဟာ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့အာနိသင့်ရှိပြီး ကျောက်ကပ်မှာရှိတဲ့ သွေးကြောလေးတွေကို ပျော့ပျောင်းစေပါတယ်။

▶︎ Cranberries – ဆီးရဲ့ အက်ဆစ်ဓါတ်ပြင်းအောင်သူက ကူညီပေးတာကြောင့် ဆီးလမ်းကြောင်း တော်ရုံ ပိုးဝင်ဖို့ မလွယ်တော့ဘူးနော်။

▶︎ ဘလူးဘယ်ရီ၊ ရက်စ်ဘယ်ရီ အသီးတွေမှာပါတဲ့ ဗီတာမင် စီ၊ မဂ္ဂနီစ် နဲ့ anthocyanins တို့ဟာ ရောင်ရမ်းခြင်းကို လျော့ကျစေတာကြောင့် ကျောက်ကပ်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အသီးအနှံတွေပါ။

ကျောက်ကပ်ထဲ ကျောက်တည်နေပြီဆိုရင်

ကျောက်ကပ်ထဲမှာကျောက်တည်တဲ့ ဝေဒနာခံစားနေရပြီဆိုရင်တော့ ဒီအသီးတွေစားပေးပါ။

▶︎ ငှက်ပျောသီး – ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝတာကြောင့် ဆီးကျောက်တည်စေတယ့် သတ္တုဓါတ်လေးတွေကို ဖယ်ရှားပေးပါတယ်။

▶︎ တစ်နေ့ကို လိမ္မော်ရည်တစ်ခွက်သောက်ပေးရင် ဆီးထဲမှာ ရှိတဲ့အက်ဆစ်ပြင်းအားလျော့ကျသွားတာကြောင့် ဆီးကျောက်တည်တဲ့ ပြဿနာကို လျော့နည်းစေမှာပါ။

နာတာရှည်ကျောက်ကပ်ဝေဒနာဖြစ်နေတယ်ဆိုရင်တော့

▶︎ ငှက်ပျောသီးရှောင်ပါ။ ကျောက်ကပ်မကောင်းတဲ့အခါ သွေးတွင်းက ပိုတက်ဆီယမ်ကို ပုံမှန် ပမာဏဖြစ်အောင် မထိန်းထားနိုင်တော့ဘဲ ပိုတက်ဆီယမ်တွေ များနေတတ်ပါတယ်။ အဲဒီအချိန်မှာ ပိုတက်ဆီယမ် အများကြီးပါတဲ့ ငှက်ပျောသီးကို ရှောင်ပေးဖို့လိုပါတယ်။

▶︎ ငှက်ပျောသီးအပြင် အခြား ပိုတက်ဆီယမ်ဓါတ်ကြွယ်ဝတဲ့ ကီဝီသီး၊ သခွားမွေးသီး၊ သရက်သီး၊ သင်္ဘောသီး နဲ့ အခြား သစ်သီးအခြောက်တွေကို ရှောင်ဖို့လိုအပ်ပါတယ်။

▶︎ အထူးသဖြင့် oxalic acid ဓါတ်ကြွယ်ဝတဲ့ စောင်းလျားသီးကို ကျောက်ကပ်သမားတွေ အထူးရှောင်ဖို့လိုအပ်ပါတယ်။ ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  hellosayarwon

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂျနီဖာလိုပက်ဇ်နှင့် ဘင်အက်ဖလက်တို့က အရောင်းဈေးကွက်တင်ထားသော နှစ်ဦးအတူနေခဲ့သည့် ချစ်ဗိမ္မာန်စံအိမ်ကြီးကို မရောင်းတော့ဘဲ ဈ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
ဂါနာတွင် အရက်သမားများအသင်းက ရက်သတ္တ ၃ ပတ်အတွင်း အရက်ဈေးများ လျှော့ချပေးရန် အစိုးရကို ရာဇသံပေးထားမှု သတင်းကြီးနေ
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ပင်စိမ်းရွက်နဲ့ ပျောက်စေမဲ့ ရောဂါအမျိုး (၄၀)
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ကြက်ဥအခွံတွေကို အကျိုးရှိရှိ ပြန်လည်အသုံးချနိုင်မည့် နည်းလမ်းများ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ပြည့်စုံနက်ရှိုင်းတဲ့အချစ်ရဲ့ သင်္ကေတ ကျုးလစ်ပန်းရဲ့အလှ
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ယောက်ျားကို စိတ်ကောက်မိလို့ ရင်နင့်စရာ အဖြစ်ဆိုးရင်ဆိုင်ရတဲ့ အမျိုးသမီး
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့
ရုပ်ရှင်မင်းသားတစ်ယောက် ဇာတ်ကားလက်ခံပြီးမှ မရိုက်တာကြောင့် ဘဝပျက်သွားရတဲ့ ဘောလိဝုဒ် ရုပ်ရှင်ဒါရိုက်တာ၊ အကြွေးတွေ ဆပ်ဖို့

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service