Knowledge | Posted by Shwe Zin Win
မီးဖိုချောင်ဆိုတာ အိမ်တစ်အိမ်ရဲ့ အဓိကအရေးကြီးတဲ့အခန်းနေရာ တစ်ခုလို့ ဆိုကြရမှာပါ။သန့်ရှင်းသပ်ရပ်ပြီး အမြင်တင့်တယ်တဲ့ မီးဖိုချောင်ဖြစ်အောင် ဖန်တီးနိုင်မယ့် နည်းလမ်းများကို ပြောပြပေးမှာ ဖြစ်ပါတယ်။
အထုတ်အသွင်း ပြုလုပ်ရလွယ်ကူတဲ့ မီးဖိုချောင်သုံးပစ္စည်းကိရိယာများကိုသာ ဝယ်သုံးပါ။
မီးဖိုချောင်နေရာက ကျဉ်းတယ်ဆိုရင် ဒီလိုအံဆွဲဒီဇိုင်းက ကွက်တိကျပါလိမ့်မယ်...
ဟင်းခပ်အမွှေးအကြိုင်အမှုန့်များ နံရံမှာ စင်လေးတစ်ခုလုပ်ပြီးထားလိုက်ပါ...
အမြင်ကိုစွဲဆောင်စေမယ့် သစ်သီးအလှခြင်းလေးတွေ ချိတ်ဆွဲပြထားပါ...
ကောင်တာအောက်ဘက်မှာ ပစ္စည်းထားသိုစရာ ဗီဒိုအကန့်ငယ်လေးတွေ ထည့်သွင်းခြင်းဖြင့် နေရာခြိုးခြံသလို ဖြစ်စေမှာပါ...
ပန်းကန်လုံး ပန်းကန်ပြားများ ကို ဗီရို သို့မဟုတ် မီးဖိုချောင်အံဆွဲတွင်သိမ်းဆည်းချင်းဖြင့် မတော်တဆမှုများကို ကာကွယ်နိုင်ပါတယ်...
စင်လေးတွေဆင့်ပြီး နံရံတွေမှာ ချိတ်ဆွဲထားမယ်...
ကော်ဖီခွက်လေးတွေကို နံရံပေါ်မှာချိတ်ဆွဲခြင်းဖြင့် အလှဆင်နိုင်ပါတယ်...
ဓား ၊ တူ ၊ ဇွန်းတွေကိုတစ်နေရာတည်း စုစည်းထားလိုက်ပါ...
နံရံကပ်စင်များထားရှိခြင်းဖြင့် Kitchen Room ကို ကျယ်ဝန်းသယောင်ဖန်တီးနိုင်ပါတယ်...
ဒယ်အိုးတွေကို တစုတစည်းထဲ ချိတ်ဆွဲထားလိုက်ပါ.....
အခုပြောပြတဲ့ နည်းလမ်းကောင်းလေးတွေကို အသုံးပြုပြီး သင့်ရဲ့ မီးဖိုခန်းလေးကို သန့်ရှင်းသပ်ရပ်လှပအောင် အများကြီးအထောက်အကူပြုမယ်လို့ မျှော်လင့်ပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com