မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
599 Views

မြေရိုင်းစားကျက်မြေ အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Aye Myat Thu

ကျွဲနွားများမှီတင်းနေထိုင်ရာ အရပ်ဒေသဖြစ်ပြီး လယ်ယာမြေနှင့် တစက်တည်းရှိကာ စားကျက်မြေမှာ လယ်ယာမြေ အမျိုးအစားထဲ မပါဝင်ပါ။ ကျေးရွာအလိုက် နွားကျောင်းရာတွင် အသုံးပြုသည့် မြေနေရာပင်ဖြစ်ပါသည်။ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် စားကျက်မြေမှတ်တမ်းအား ကျေးရွာအလိုက် သီးခြားမှတ်သား သည်များရှိပြီး အဆိုပါမြေအား ဝင်ရောက်ကျူးကျော်ကာ အိမ်ဆောက်လုပ်နေထိုင်ခွင့်မရှိပါ။ ကျုးကျော်လျှင် ခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ အမှုဖွင့်လှစ်အရေးယူဆောင်ရွက်မည်ဖြစ်ပါသည်။

မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေအရ မြေရို်ငးဆိုသည်မှာ မြေမျက်နှာသွင်ပြင် ညီညာသည်ဖြစ်စေ၊ ညီညာသည်ဖြစ်စေ တစ်ကြိမ်တစ်ခါမှ အသုံးမပြုသေးသော မြေသစ်ကြိုးဝိုင်း သစ်တောမြေ၊ စားကျက်မြေတို့ပါဝင်ကြောင်း ဖော်ပြပါရှိပါသည်။ စားကျက်မြေမှာ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေပါ မြေရိုင်းအမျိုးအစားပင် ဖြစ်ပြီး ကျေးရွာဘုံမြေအဖြစ် အများအသုံးပြုနိုင်ပါသည်။

မြေလွတ်၊မြေလပ်၊မြေရိုင်း ဥပဒေအရ ဗဟိုကော်မတီနှင့် စီမံခန့်ခွဲရေးကော်မတီတို့လဲ ဖွဲ့စည်းထားပါသည်။ အသုံးပြုခွင့် လျှောက်ထားလိုလျှင်လဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်း ဥပဒေပါလုပ်ထုံး လုပ်နည်းများနှင့်အညီ လျှောက်ထားဆောင်ရမည်ဖြစ်ပါသည်။ စိုက်ပျိုးမြေအဖြစ် ပြောင်းလဲလိုသည့်အခါတွင်လဲ မြေလွတ်၊ မြေလပ်၊ မြေရိုင်းဥပဒေနှင့်အညီ လျှောက်ထားမှုပြုရမည်ဖြစ်ပါသည်။

ထို့အပြင် စားကျက်မြေအဖြစ် အသုံးပြုမှု နည်းပါးလျှင် ကော်လိတ်တော်အရာရှိမှ အများပြည်သူအကျိုး၊ နိုင်ငံတော်အကျိုးအတွက် စားကျက်မြေကို ပယ်ဖျက်ခြင်း လဲ ဆောင်ရွက်နိုင်ပါသည်။

နည်းဥပဒေပါလုပ်ငန်းအလိုက် မြေခွန်အား လုပ်ငန်းနှင့်စိုက်ပျိုးသီးနှံအမျိုးအလိုက် ထမ်းဆောင်ရပါမည်။ သတ်မှတ် အာမခံကြေးအားလဲ လျှောက်ထားသူမှ ပေးအပ်ထားနိုင်ရပါမည်။ မြေလွတ်၊ မြေလပ်၊ မြေရိုင်းကို ပုဒ်မ - ၄ အရ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေးလုပ်ငန်း၊ ဓာတ်သတ္တူ ထုတ်လုပ်ခြင်းလုပ်ငန်း၊ အစိုးရက ခွင့်ပြုသော လုပ်ငန်းများတွင် အသုံးပြုခွင့်ရှိပါသည်။

မိသားစု တစ်နိုင်တစ်ပိုင် စီးပွား ရေးလုပ်ဆောင်လိုလျှင် ဧက - ၅၀ ထိ နှစ် (၃၀)လျှင် တစ်ကြိမ် ခွင့်ပြုချက်ထုတ်ပေးနိုင်ပြီး သက်တမ်းတိုးလဲ လျှောက်ထားခွင့်ရှိပါသည်။ ခွင့်ပြုထားသည့် စည်းကမ်းချက်များအတိုင်း လျှောက်ထားသူမှ လိုက်နာ‌ဆောင်ရွက်ရမည်ဖြစ်ကာ မြေပေါ်မြေအောက်ရှိ သယံဇာတပစ္စည်းများအား ထုတ်ယူသုံးစွဲခွင့် မရှိပါ။

အသုံးပြုရန် ခွင့်ပြုထားသည် မြေရိုင်းစားကျက်မြေအား ပေါင်နှံခြင်း၊ ပေးကမ်းခြင်း၊ ရောင်းချခြင်း၊ အငှားချထားခြင်း တနည်းနည်းဖြင့် ခွဲစိတ်လွှဲပြောင်း ဆောင်ရွက်ခွင့်မရှိကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
ဓာတ်လှေကားထဲ ပိတ်မိတဲ့အခါ ဘာလုပ်ရမလဲ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service