ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
730 Views

ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Hnin Ei Khin

ပါမစ်မြေဆိုသည်မှာ လူနေထိုင်ရန်အတွက် မြို့ကွက်သစ်များ ဖော်ဆောင်သည့် မြေအမျိုးအစားများဖြစ်ပြီး ယခင်ကမြို့ပြနှင့် အိုးရာဖွံဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးမှ စည်းတံဆိပ်ရိုက်နှိပ်၍ ထုတ်ပေးပါသည်။ ယခု နောက်ပိုင်းတွင် စည်ပင်သာယာရေးကော်မတီမှသာ မြေချပါမစ်များ ချထားပေးပါသည်။ ပါမစ်မြေမှာ (၁)လအတွင်း လူနေအိမ်ဆောက်လုပ်နေထိုင်ရမည်ဖြစ်ကာ မူလခွင့်ပြုချက် ချပေးထားသည့် မိသားစုသာ နေထိုင်ခွင့်ရှိပါသည်။

ပါမစ်မြေအမျိုးအစားမှာ လူနေထိုင်ရန်အတွက် ခွင့်ပြုမြေဖြစ်ပြီး မဝယ်ယူခင် မှတ်တမ်းဓာတ်ပုံများနှင့် လူနေထိုင်ခွင့်ပြုမိန့် ပါမစ်စာရွက်စာများအား မှန်မမှန် စည်ပင်သာယာရေးကော်မတီ၊ မြေယာစီမံခန့်ခွဲမှုဌာနတွင် စစ်ဆေးမှုပြုရပါမည်။ ပါမစ်မြေအား ဝယ်ယူသည့်အခါ မှတ်ပုံတင်စာချုပ်ချုပ်ဆိုနိုင်ခြင်းမရှိသလို အမွေဆက်ခံခွင့်လဲမရှိပါ။ ပါမစ်မြေမှာ အစိုးမှ စီမံခန့်ခွဲပိုင်ခွင့်ရှိပြီး အကျယ်အဝန်း (၄၀×၆၀) ပေချထားပေးပါသည်။

ပါမစ်မြေအား (၂၀×၆၀)ပေ ခွဲ၍ ဝယ်ယူလျှင်လဲ မြေကွက်အတွင်း နေထိုင်သူ (၂)ဦးပေါင်း၍ နှစ်ဦးနာမည်ဖြင့် မြေငှားဂရန် လျှောက်ထားမှုပြုရပါမည်။ မြေငှားဂရန် လျှောက်ထားရာတွင် မူလပါမစ်အမည်ပေါက်လဲ လိုအပ်ပြီး လျှောက်ထားသူ၏ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း မူရင်း၊ အဆောက်အဦး ဓာတ်ပုံမှတ်တမ်း၊ ကြွေးကျန်ကင်းရှင်းကြောင်း မြေခွန်ပြေစာတို့လဲ လိုအပ်ပါသည်။ ကန့်ကွက်ရှိမရှိ ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်း၊ သတင်းစာ ကြေငြာခြင်းတို့ ဆောင်ရွက်စေပြီး အရှုပ်အရှင်းကင်းရှင်းလျှင် ဌာနမှ ဂရန်ချထားပေးပါသည်။

ပါမစ်ပျောက်ဖြင့် ဂရန်လျှောက်ထားသည်များလဲရှိပြီး ကန့်ကွက်မရှိ၍ ဂရန်ထုတ် ပေးသည့်တိုင် ပါမစ်မူရင်း တင်ပြကန့်ကွက်လာသည့်အခါ ဂရန်မူရင်းအား ပယ်ဖျက်မည်ကိုသိရှိကြောင်း စာသားပါသည့် တံဆိပ်တုံးပေါ်တွင် လျှောက်ထားသူအား ဌာနမှ လက်မှတ်ရေးထိုးစေခြင်းလဲရှိကြောင်း ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
ကနေဒါ အမျိုးသားတစ်ဦးမှာ အစွဲလန်းလွန် စိတ်ဝေဒနာ ခံစားနေရချိန် ခေါင်းကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်ရာ ကံကောင်းစွာ မသေဆု
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ပျားဆိပ်ဖြင့် ရင်သားကင်ဆာဆဲလ်များကို မိနစ် ၆၀ အတွင်း ၁၀၀ ရာခိုင်နှုန်း ချေမှုန်းနိုင်စွမ်းရှိသည်ကို သြစတေးလျသိပ္ပံပညာရှင
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင
ဒုတိယ ကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်မှာ ဂျပန်တွေက ကိုယ့်ကျင်းကိုယ်တူးခိုင်းပြီး ကွပ်မျက်တာခံခဲ့ရတဲ့ အင်္ဂလိပ်ဗိုလ်မှူးနှင

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service