အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ..... - Property Knowledge in Myanmar from iMyanmarHouse.com
943 Views

အိမ်ဆောက်တဲ့အခါ ဘယ်နေ့နံသားက ပန္နက်ရိုက်ရမလဲ.....

Knowledge | Posted by Shwe Zin Win

မြန်မာ့ရိုးရာထုံးတမ်းအစဥ်အလာအရကတော့....ပန္နက်ရိုက်တာကို ပန္နက်တော်တင်မင်္ဂလာလို့လဲ ခေါ်ကြတယ်။ စေတီ၊ ပုထိုး၊ သိမ်၊ တန်ဆောင်၊ ဇရပ်၊ ဘုန်းတော်ကြီးကျောင်း၊ နန်းတော်၊ မြို့ရိုး၊ ခံတပ်၊ စစ်သူကြီးနေအိမ်၊ မူးမတ်ကြီးနေအိမ်၊ သူကြွယ်သူဌေးနေအိမ်၊ မင်းမှုထမ်းနေအိမ်တွေ ဆောက်လုပ်ဖို့အတွက် "ပန္နက်တော်မင်္ဂလာလို့ခေါ်တဲ့ "တွင်းတော်ဝန်မင်္ဂလာ" ပြုလုပ်ပုံလို့ခေါ်ကြတယ်။

ပန္နက်ရိုက်တဲ့အခါ နက္ခတ် ပညာရပ်တွေနဲ့ တွက်ချက်ပြီး ကြားနိမိတ်၊ မြင်နိမိတ်တွေကို ယူပြီး ပန္နက်တော်တင်မင်္ဂလာပြုလုပ်ပုံတွေက သိပ်ကိုနက်နဲပါတယ်။ မြန်မာ့ရိုးရာ ထုံးတမ်းစဥ်လာနည်းပညာတွေရဲ့ အတိမ်အနက်ကို ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးချဖို့ဆိုရင် အရပ်ထုံးလောက်ပဲသိထားရင် ရပါပြီ

အဓိကမှတ်ထားရမှာက နေ့သား၊ နံသားအလိုက် ပန္နက်ရိုက်ပုံလောက်သိရင် ရပါပြီ။

~တနင်္ဂနွေသားသမီးအိမ်ဆောက်ရင်...

ကြာသပတေးသားကကြိုးရင်းကိုင်ပြီး သောကြာသားက ကြိုးဖျားကိုင်ရမယ်။ ပန္နက်တံက အင်သား၊ ပန္နက်ရိုက်မဲ့တုတ်က ကံ့ကော်သားဖြစ်ရမယ်။

(စနေသားက ပန္နက်ရိုက်ရမယ်)

~တနင်္လာသားသမီးအိမ်ဆောက်ရင်... သောကြာသားကကြိုးရင်းကို ကိုင်ပြီး စနေသားကကြိုးဖျားကိုင်ရမယ်။ ပန္နက်တံက ကံ့ကော်သား၊ ရိုက်မဲ့တုတ်က ဇီးသားဖြစ်ရမယ်။

(တနင်္ဂနွေသားက ပန္နက်ရိုက်ရမယ်)

~အင်္ဂါသားသမီးအိမ်ဆောက်ရင်...

စနေသားက ကြိုးရင်းကိုကိုင်ပြီး တနင်္ဂနွေသားက ကြိုးဖျားကိုကိုင်ရမယ်။ ပန္နက်တံက ဇီးသား၊ ပန္နက်ရိုက်မဲ့တုတ်က ဝါးရင်းသားဖြစ်ရမယ်။

(တနင်္လာသားက ပန္နက်ရိုက်ရမယ်)

~ဗုဒ္ဓဟူးသားသမီးအိမ်ဆောက်ရင်...

တနင်္ဂနွေသားက ကြိုးရင်းကိုကိုင်ပြီး တနင်္လာသားက ကြိုးဖျားကိုကိုင်ရမယ်။ ပန္နက်တံက ဝါးရင်းသား၊ ပန္နက်ရိုက်မဲ့တုတ်က သပြေသားဖြစ်ရမယ်။

(အင်္ဂါသားက ပန္နက်ရိုက်ရမယ်)

~ကြာသပတေးသားသမီးအိမ်ဆောက်ရင်...

တနင်္လာသားက ကြိုးရင်း ကိုင်ပြီး အင်္ဂါသားက ကြိုးဖျားကိုင်ရမယ်။ ပန္နက်တံက သပြေသား၊ ပန္နက်ရိုက်မဲ့တုတ်က သိဟိုဠ်သားဖြစ်ရမယ်။

(ဗုဒ္ဓဟူးသားက ပန္နက်ရိုက်ရမယ်)

~သောကြာသားသမီးအိမ်ဆောက်ရင်

အင်္ဂါသားက ကြိုးရင်းကိုင်ပြီး ဗုဒ္ဓဟူးသားက ကြိုးဖျားကိုင်ရမယ်။ ပန္နက်တံက သိဟိုဠ်သား၊ ပန္နက်ရိုက်မဲ့ တုတ်က ထန်းသားဖြစ်ရမယ်။

(ကြာသပတေးသားက ပန္နက်ရိုက်ရမယ်)

~စနေသားသမီးအိမ်ဆောက်ရင်...

ဗုဒ္ဓဟူးသားက ကြိုးရင်းကိုင်ပြီး၊ ကြာသပတေးသားက ကြိုးဖျားကိုင်ရမယ်။ ပန္နက်တံက ထန်းသား၊ ပန္နက်ရိုက်မဲ့တုတ်က အုန်းသား၊ အင်သားဖြစ်ရမယ်။

(သောကြာသားက ပန္နက်ရိုက်ရမယ်)

နေ့နံတွေကွဲသွားတာက အိမ်ဆောက်မဲ့သူရဲ့ နေ့နံကိုမူတည်ပြီး ပဥ္စပွတ်၊ ဆပွတ်၊ အမြစ်၊ အညွန့်ဖြစ်တဲ့ နေ့နံသားနဲ့ ပန္နက်တံ၊ ပန္နက်ရိုက်တုတ်တွေကိုဟရွေးသွားခြင်းပါ

မြန်မာ့ရိုးရာ ထုံးတမ်းအစဥ်အလာအရကတော့ ပန္နက်ရိုက်ရမဲ့နေ့တွေကို သောမနနေ့ရက်တွေဖြစ်တဲ့ ဗုဒ္ဓဟူး၊ ကြာသပတေး၊ သောကြာနေ့တွေဖြစ်ရမယ်။

ရက်ရာဇာ သို့မဟုတ် အမြိတ္တစုတ်ရက်တွေနဲ့လည်း တိုက်ရမယ်လို့ ရေးသားဖော်ပြထားကြပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

original writer - ကိုဝင်းဇော်(သစ်တော)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ညအိပ်ယာဝင်ချိန် သွားမတိုက်လျှင် နှလုံးရောဂါဖြစ်နိုင်ကြောင်း ဂျပန်သိပ္ပံပညာရှင်များ တွေ့ရှိ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
ဘာလို့ အသက်ကြီးလာလေ အိပ်ပျော်ဖို့ခက်လေဖြစ်ရတာလဲ
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
သန့်စင်ခန်း လက်အခြောက်ခံစက်ထဲမှ မရေနိုင်တဲ့ ဘက်တီးရီးယားပိုးမွှားတွေ
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
အမျိုးသားတစ်ဦး နို့သီးနေရာတွင် နာနေကြောင်း ပြောသဖြင့် စစ်ဆေးကြည့်ရာ ရင်ဘတ်ထဲတွင် ဓားကြီးတစ်ချောင်း စိုက်နေသည်ကို ၈ နှစ်က
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ
(ကင်ဆာရောဂါ အပြီးတိုင် ပျောက်ကွယ်တော့မယ့် အလားအလာ) ရုရှားတွင် AI နည်းပညာဖြင့် ထုတ်လုပ်ထားသော ကင်ဆာ ကာကွယ်ဆေးကို ယခုနှစ်အ

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service