သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
716 Views

သစ်တောကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

Knowledge | Posted by Hnin Ei Khin

သစ်တောနယ်မြေတွင် ကြိုဝိုင်းတော၊ ကြိုးပြင်ကာကွယ်တောဟူ၍ရှိရာ သစ်တောရေးရာ မူဝါဒများဖြင့် စီမံခန့်ခွဲ အုပ်ချုပ်ပါသည်။ ကြိုးဝိုင်းတော၊ ကြိုးပြင်တောအား သတ်မှတ်နည်းလမ်းများ နှင့်အညီ ကြေညာမှုပြု၍ သတ်မှတ်ခြင်း ဖြစ်ပါသည်။

သစ်‌တောထွက်ပစ္စည်းများဆိုသည်မှာ သစ်ပင်၊ ပန်းမာန်၊ တောရိုင်း တိရစ္ဆာန်များ၊ မြေတွင် ပေါက်ရောက်နေသော အပင်များကို ဆိုလိုကြောင်း သစ်တောဥပဒေပုဒ်မ - ၂(ဌ) တွင် ဖော်ပြထားသည်။

မူလကြိုးပြင်တောများမှာ ထိန်းသိမ်းရန် မလိုအပ်တော့ပါက ကြိုးပြင်တောအဖြစ်မှ ပယ်ဖျက်ခြင်းလဲ ပြုပါသည်။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတွင်လဲ ဇီဝမျိုးစေ့များ ပြုန်းတီးခြင်း၊ မီးလောင်ခြင်း၊ ပိုးမွှားကျရောက်ခြင်းများအား ပြည်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှု ပြုပါသည်။

သစ်တောကြိုးဝိုင်း အမျိုးအစားများအား ခွဲခြားသတ်မှတ်ရာတွင် စီးပွားရေးသစ်ထုတ် ကြိုးဝိုင်းတော၊ ဒေသန္တရ ထောက်ပံ့ရေးကြိုးဝိုင်းတော၊ ရေဝေ ရေလဲ ထိန်းသိမ်း‌ရေးကြိုးဝိုင်းတော၊ သဘာဝဝန်းကျင်နှင့် ဇီဝမျိုးများထိန်းသိမ်းရေးကြိုးဝိုင်းတော၊ အခြားကြိုးဝိုင်းတော အမျိုးအစားများဟူ၍ ရှိပါသည်။

သစ်တောစိုက်ခင်းများအား တည်ထောင်ရာတွင်လဲ စီးပွားရေးစိုက်ခင်း၊ စက်မှုကုန်ကြမ်း စိုက်ခင်း၊ ရေမြေ သဘာဝဝန်းကျင် ထိန်းသိမ်းရေးစိုက်ခင်း ၊ ဒေသန္တရထောက်ပံ့ရေးစိုက်ခင်း၊ ကျေးရွာထင်းစိုက်ခင်း ၊ အခြားစိုက်ခင်းများ ဖြစ်ပါသည်။

လုပ်ငန်းသုံး လယ်ယာလုပ်ငန်း၊ ငါးဖမ်းလုပ်ငန်း အိမ်တွင်းအသုံးပြုရန် လိုအပ်ခြင်းဖြစ်ပါက ပုဒ်မ-၁၇ ပါသတ်မှတ်ချက်ထက် မကျော်လွန်လျှင် ထောက်ခံချက်ဖြင့် ထုတ်ယူနိုင်သည်။ စီးပွားဖြင့် ထုတ်ယူခြင်းဈေးပြိုင်စနစ်ဖြင့် ကျင့်သုံး၍ ထုတ်ယူမှုပြုရပါမည်။ တိုင်းဒေသကြီး (သို့) ပြည်နယ်၏ သဘောတူညီချက်ဖြင့် (၁)နှစ်ထိ ခွင့်ပြုခြင်းရှိပြီး ခွင့်ပြုမိန့်သက်တမ်းအား (၁)ကြိမ်လျှင် (၆)လထက်မကျော်ဘဲ(၂)နှစ်သက်တမ်း တိုးမြှင့်ခွင့်လဲရှိပါသည်။

သစ်တောထွက်ပစ္စည်း ထုတ်ယူချက်ရရှိသူသည် ခွင့်ပြုမိန့်ပါ စည်းကမ်းချက်၊ အမိန့်၊ ညွှန်ကြားချက်၊ တားမြစ်ချက်၊ ကန့်သတ်ချက်များကို လိုက်နာရမည်။ အခွန်အခများ၊ အာမခံငွေ၊ ကြိုတင်ငွေများအား ပုဒ်မ-၂၁ (ဂ)ပအတိုင်း ပေးအပ်ပြီး မှတ်ပုံတင်ထားသော ကိုယ်ပိုင် တံဆိပ်ရိုက်မှတ်ခြင်း ပြုရမည်။

တံဆိပ်တုံးအတု ပြုလုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ တရားမဝင် ရိုက်မှတ်ခြင်းပြုလုပ်ခြင်း ဖြစ်ပါက (၅)နှစ်ထက်မပိုသော ထောင်ဒဏ်အပြင် (၅)သိန်း မှ (၁၀)သိန်းထိ ဒဏ်ကြေးလဲ ကျခံစေရမည်။ ရွှေ့ပြောင်းမှု ပြုသည့်အခါများတွင် သယ်ယူမှုအတွက် အရာရှိထံမှ မျှောစာ လျှောက်ထားမှုပြုပြီး တပါးတည်း ယူဆောင်ရပါမည်။

သစ်တောထွက်ပစ္စည်းများထဲမှ ကျွန်းပင်အား တားမြစ်ပစ္စည်းအဖြစ် ကြေညာသတ်မှတ်ထားပြီး ကျွန်းပင်မှာ မည်သည့်အရပ်ဒေသတွင် ထွက်ရှိသည်ဖြစ်စေ နိုင်ငံတော်ပိုင်အဖြစ် သတ်မှတ်နိုင်ပါသည်။ ပုဂ္ဂလိကပိုင်ကျွန်း စိုက်ခင်းများရှိပါကလဲ သစ်တောဦးစီးဌာနတွင် မှတ်ပုံတင်၍ ထားရှိရမည်ဖြစ်ပါကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service