မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
674 Views

မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Zarni Kyaw

မြေယာစီမံခန့်ခွဲမှုဌာနမှ မြို့မြေ/ရွာမြေ၊ သာသနာမြေ၊ ဗုဒ္ဓသိမ်မြေ၊ မြစ်ကမ်း သဲသောင်မြေ၊ ရေကန်မြေ၊ သုသာန်မြေ၊ ကျေးရွာဘုံမြေ၊ စားကျက်မြေ၊ အစိုးရက စီမံခန့်ခွဲခွင့်ရှိသောမြေများကို အောက်ပါမြေယာ စီမံခန့် ခွဲမှုဥပဒေနှင့်အညီ စီမံခန့်ခွဲဆောင်ရွက်ပါသည်။

၁၈၇၅ ခုနှစ် မြေနှင့် အခွန်အက်ဥပဒေ ၊ အမိန့်ဆင့်ဆိုချက်များ၊ ၁၈၈၉ခုနှစ်၊ အထက်မြန်မာနိုင်ငံမြေနှင့် အခွန်စည်းမျဉ်းဥပဒေ၊နည်းဥပဓဒ၊ အမိန့်ဆင့်တိုချက်များ၊ ၁၈၉၄ခုနှစ် မြေသိမ်းအက်ဥပဒေနှင့် နည်းဥပဒေများ၊ ၁၈၉၈ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေ၊ နည်းဥပဒေအမိန့် ဆင့်ဆိုချက်များ၊ ၁၈၉၅ခုနှစ်၊ အစိုးရ မြေယာချထားရေး အက်ဥပဒေ၊ ၁၉၈၇ခုနှစ်၊ မရွှေ့မပြောင်းနိုင်သောပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့် ဥပဒေ လုပ်ထုံးလုပ်နည်းများအညီ စီမံခန့်ခွဲမှုပြုပါသည်။

မြေယာနှင့်ပတ်သတ်၍ စီမံခန့်ခွဲဆောင်ရွက်ရာတွင် အောက်ပါသူတို့အား စီမံခန့်ပိုင်ခွင့် အာဏာရှိပါသည်။

- ဘဏ္ဏာတော်မင်းကြီး၏ စီမံခန့်ခွဲပိုင်ခွင့်ကို ညွန်ကြားရေးမှူးချုပ်၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအား လည်းကောင်း၊

- တိုင်းမင်းကြီး၏ လုပ်ပိုင်ခွင့်များကို ဒုတိယညွှန်ကြားရေးမှူးချုပ်၊ တိုင်းဒေသကြီး / ပြည်နယ် အထွေထွေ အုပ်ချုပ် ဦးစီးဌာနအား လည်းကောင်း၊

- ကော်လိတ္တော်အရာရှိ/ ခရိုင်ဝန်၏ လုပ်ပိုင်ခွင့်များကို ခရိုင်အုပ် ချုပ်ရေးမှူး၊ ခရိုင်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအားလည်းကောင်း၊

- ကိုယ်ပိုင်အုပ်ချုပ်ရေး ဒေသများဖြစ်သည့် နာဂ၊ ဓနု၊ ပအိုဝ့်၊ ပလောင်နှင့် ကိုးကန့်ဒေသများတွင် ကော် လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်များကို ယင်းဒေသအထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ဦးစီးမှုးညွှန် ကြားရေးမှူးအား လည်းကောင်း၊

- လက်ထောက် ကော်လိတ္တော် အရာ ရှိ၏ လုပ်ပိုင်ခွင့်များကို မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနအား လည်းကောင်း မြေယာစီမံခန့်ခွဲရန် အာဏာအပ်နှင်းထားပေးပါသည်။ မြေသိမ်းခြင်း၊ သာသနာဂရန်၊ အခွန်လွတ် မြေငှားဂရန် ထုတ်ပေးခြင်း၊ သိမ်ဂရန် ထုတ်ပေးခြင်း၊ နှစ်တို/မြေရှည်၊ မြေငှားဂရန် ထုတ်ပေးခြင်း၊ ရေကန်မြေ သတ်မှတ်ပေးခြင်း၊ ပယ်ဖျက်ပေးခြင်း၊ သုသာန်မြေ သတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်း၊ စားကျက်မြေသတ်မှတ်ခြင်း၊ ပယ်ဖျက်ခြင်း၊ ကျေးရွာဘုံမြေသတ်မှတ်ခြင်း၊ ပယ် ဖျက်ခြင်း၊ မြေယာအငြင်းပွှားမှုများ ဖြေရှင်းခြင်း၊ နိုင်ငံခြားသားပိုင် မရွှေ့မပြောင်းနိုင်သော မြေကိစ္စများ ဆောင်ရွက်ခြင်း၊ အိမ်၊ခြံ၊မြေနှင့် ရွှေလုပ်ငန်းများ ကြီးကြပ်ခြင်း တို့ကိုလဲ မြေယာစီမံခန့်ခွဲမှု ဌာနမှ ဆောင်ရွက်ပါသည်။ မြေငှားဂရန်များထုတ်ပေးသည့်အခါတွင်လဲ (၁၀)နှစ် ဂရန်နှင့် အဆောက်အအုံခိုင်မာမှုရှိပါက နှစ်(၃၀)၊ နှစ် (၆၀) နှစ်ရှည်မြေငှားဂရန်တို့ ထုတ်ပေးနိုင်ပြီး မြေခွန်ကောက်ခံခြင်းအားလဲ ၁၈၇၆ ခုနှစ်၊ မြေနှင့်အခွန် အက် ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ဆင့်ဆိုချက်များနှင့်အညီ မြေခွန်ကောက်ခံပါသည်။

မြေယာစီမံခန့်ခွဲရာတွင် မရွှေ့မပြောင်းနိုင်သောပစ္စည်းများ ကန့်သတ်သည့်ဥပဒေနှင့်အညီ စီမံခန့်ခွဲ စီစစ်ပြီး နိုင်ငံခြားပိုင် မြေယာအား ၎င်း၏ အမွေဆက်ခံပိုင်ဆိုင်ခွင့် ကျန်ရှိပါက ပုဒ်မ- ၆ (က) နှင့်အညီ အမွေ ဆက်ခံခွင့်ပေးအပ်ခြင်း၊ အမွေဆက်ခံနိုင်သူမရှိပါ ပုဒ်မ - ၆ (ခ) အရ ပြည့်သူ့ဘဏ္ဏာအဖြစ် သိမ်းဆည်းခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
အိမ်ခြံမြေ ပါမစ်မိတ္တူကိုကြည့်ပြီး စရန်ငွေပေးခဲ့မိတဲ့ အမှား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service