စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
732 Views

စုပေါင်းပိုင် အဆောက်အအုံနှင့် စပ်လျဉ်း၍ လိုက်နာရမည့် အချက်အလက်များ ဥပဒေဗဟုသုတအအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Si Thu Aung

စုပေါင်းပိုင်အဆောက်အဦအား လူနေအိမ်ရာအဖြစ် ဆောက်လုပ်ခွင့်ရှိသည့် ဂရန်မြေ၊ မြေပိုင်မြေ ပိုင်ဆိုင်ခွင့် လွှဲပြောင်းနိုင်သော မြေအမျိုးအစားအပေါ်တွင် ဆောက်လုပ်ရပါမည်။ ပြည်ထောင်စုအစိုးရက ခွင့်ပြုပါက နိုင်ငံပိုင်မြေ၊ စည်ပင်သာယာရေးပိုင် မြေပေါ်တွင်လဲ ပုဒ်မ - ၁၅ (ဂ) အရ စုပေါင်းပိုင်အဆောက်အဦ ဆောက်လုပ်ခြင်း ပြုနိုင်ပါသည်။ စုပေါင်းပိုင် အဆောက်အဦ ဆောက်လုပ်ရန်မှာ လုပ်ငန်းလိုင်စင်လဲရှိရန် လိုပါသည်။ စုပေါင်း ပိုင် အဆောက်အအုံ၏ မြေမှာ အနည်းဆုံး စတုရန်းပေ - ၂၀၀၀၀ ရှိရမည်။

မြေပိုင်ရှင် အမည်ပေါက်မှ စုပေါင်းပိုင်မြေအဖြစ် စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ခွင့် လွှဲပြောင်းပေးပြီး မြေဖြစ်ရမည်။ စုပေါင်းပိုင်မြေအဖြစ် မှတ်ပုံတင်ပြီးဖြစ်ပါက အဆိုပါမြေမှာ စုပေါင်းပိုင်သူများ အားလုံးနှင့်သာ သက်ဆိုင်သော မြေဖြစ်သွားပါသည်။

စုပေါင်းပိုင်အခန်းများ မှတ်ပုံတင်အုံနာဘုတ်အားလဲ တည်ထောင်သူမှ တဆင့် အခန်းပိုင်ဆိုင်သူများအား ထုတ်ယူရမည်ဖြစ်ပါသည်။

အဆိုပါ စုပေါင်းပိုင်မြေပေါ်တွင် စုပေါင်းပိုင်ကွန်ဒို ဆောက်လုပ်ပြီး (သို့) ဆောက်လုပ်ဆဲတွင် အဆောက်အအုံ မှတ်ပုံတင်ခြင်းပြုရန်အတွက် သက်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ လျှောက်ထားရမည်။ စုပေါင်းပိုင်အဆောက်အအုံဖြစ်ပါက အခန်း (၄၀%)ထက်မပိုဘဲ နိုင်ငံခြားသားများအား ရောင်းချခြင်း ပြုနိုင်ပါသည်။

စုပေါင်းပိုင်အခန်းများအား ပေးကမ်းခြင်း၊ စွန့်လွှတ်ခြင်း၊ လဲလှယ်ခြင်း၊ ရောင်းချခြင်း၊ တရားရုံးအမိန့် တစ်ရပ်ရပ်အရ လွှဲပြောင်းသည့်အခါတိုင်း ရက်ပေါင်း - ( ၃၀ )အတွင်း မှတ်ပုံတင်ခနှင့် တံဆိပ်ခေါင်းခွန် ထမ်းဆောင်ကာ မှတ်ပုံတင်ခြင်း ဆောင်ရွက်ရမည်။ စုပေါင်းပိုင်အဆောက်အအုံတွင် ပိုင်ဆိုင်နေထိုင်သူသည် စီမံခန့်ခွဲရေးနှင့် ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် မူလအချိုးသင့် ပိုင်ဆိုင်မှု အချိုးကျသတ်မှတ် ရန်ပုံငွေအား ထည့်ဝင် ခြင်းပြုရမည်။

အမှုဆောင်အဖွဲ့ ဖွဲ့စည်းသည့်အခါတွင်လဲ ရွေးချယ်တင်မြောက်ခြင်းဖြင့်ဆောင်ရွက်ခြင်းပြုရမည်။အစည်းအဝေးအား တစ်လလျှင် တစ်ကြိမ်နှင့် နှစ်ပတ်လည် သင်းလုံးကျွတ် အစည်းအဝေးပွဲအားလဲ ကျင်းပပြုလုပ်ရမည်။ စုပေါင်းပိုင် အဆောက်အအုံ ပြိုပျက်ခြင်း၊ ဖြိုဖျက်ခြင်းဖြစ်ပါကလဲ အသင်းဝင် (၇၅%) သဘောတူညီ ချက်ဖြင့် အဆောက်အဦတစ်ခုလုံးကိုဖြစ်စေ၊ အစိတ်အပိုင်းတစ်ခုလုံးကိုဖြစ်စေ ပြုပြင်တည်ဆောက်ခြင်းပြုနိုင် ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
ခန္ဓာကိုယ်က အလိုအလျောက် အရက်ထုတ်လုပ်နေတာကြောင့် စိတ်ညစ်နေရတဲ့ အမေရိကန်က အထက်တန်းပြကျောင်းဆရာ
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
အမေရိကန်တွင် ဇနီး၏ ကွာရှင်းခံရသော အမျိုးသားက ထီထိုးပြီး ထီလက်မှတ်မေ့ကျန်ခဲ့ရာ ကောက်ရသူက ပြန်ပေး၊ ထိုထီလက်မှတ်မှ ဒေါ်လာ ၂
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ကလေး ၂၂ ယောက် ရထားပြီးဖြစ်သော်လည်း ၁၀၂ ယောက် ရသည်အထိ ဆက်လက်ကလေးယူကာ ရွာတစ်ရွာတည်ရန် စီစဉ်ထားသော ရုရှား မိန်းကလေး
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
ရေခဲသေတ္တာထဲ ထည့်သိမ်းသင့်တဲ့ အလှကုန်များ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်

Upcoming Property Events

From 04 Oct To 05 Oct

Magical World Apartment

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service