တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ....... - Property Knowledge in Myanmar from iMyanmarHouse.com
599 Views

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ.......

Knowledge | Posted by Hnin Ei Khin

တစ်နေကုန် နေပူထဲမှာ သွားလာရတယ်ဆိုရင် ရေသောက်ဖြစ်ဖို့က အခွင့်အလမ်း နည်းသွားသလို ရေဓာတ်ပြည့်ဝဖို့ကလည်း အတော်လေး ခက်ခဲ သွားနိုင်ပါတယ်။ အလုပ်ကြောင့်ပဲ ဖြစ်ဖြစ်၊ အခြားသော လိုအပ်တဲ့ အခြေအနေ တစ်ရပ်ကြောင့်ဖြစ်ဖြစ် တစ်နေကုန် နေပူထဲ လမ်းလျှောက် သွားလာပြီးပြီဆိုရင်တော့ ညနေဘက်အနားမယူခင်မှာ ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်ဝအောင် ဖြည့်ဖို့ လိုပါမယ်။

ဒါမှလည်း နောက်တစ်နေ့မှာ စိတ်ရောကိုယ်ပါ ကျန်းမာပြီး လုပ်ဆောင်စရာတွေကို အကောင်းဆုံး လုပ်ဆောင်နိုင်မှာပါ။ ဒါပေမယ့် တစ်နေကုန်သွားလာနေရတဲ့သူဆိုရင် ရေဓာတ် ပြည့်ဖို့ ရေသောက်ဖို့ မလွယ်တာ၊ ရေသောက်ဖို့ မေ့တာတွေ ဖြစ်တတ်ပါတယ်။

ရေသောက်တာက ရေဓာတ်ကို အမြန်ပြည့်စေနိုင်ပေမယ့် အခြား ရေဓာတ်ဖြည့်ပေးနိုင်တဲ့ စားစရာလေးတွေ ရှိပါသေးတယ်။ ဒါတွေက ဘာတွေ ဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

တစ်နေကုန် နေပူထဲနေပြီးတဲ့အခါ ရေဓာတ်ပြည့်စေဖို့ ဘာတွေ စားမလဲ…….

တစ်နေကုန် နေပူထဲ သွားလာပြီးတဲ့အခါ ရေဓာတ် ပြည့်စေဖို့ဆိုရင် ညနေစာ စားတဲ့အခါ ဒါလေးတွေ ပါဝင်အောင် ပြင်ဆင်ဖို့ လိုပါမယ်။

 

သခွားသီး

သခွားသီက ရေဓာတ် ကြွယ်ဝတဲ့ အသီးတစ်မျိုးဆိုတ လူတိုင်း သိထားပြီး ဖြစ်မှာပါ။ သခွားသီးမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။ နာကျင်ရောင်ရမ်းမှုကိုလည်း သက်သာစေနိုင်ပါတယ်။

ခန္ဓာကိုယ်ကို ရေဓာတ် ပြည့်စေသလို အသားအရေကိုလည်း နေဒဏ် လေဒဏ်ကြောင့် ထိခိုက် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

 

တရုတ်နံနံ

တရုန်နံနံကလည်း ဟင်းခတ် အမွှေးအကြိုင်အဖြစ် သုံးကြပေမယ့် ရေဓာတ် ပါဝင်မှုက မနည်းပါဘူး။ တရုတ်နံနံမှာ ရေဓာတ်က ၉၅ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

တရုတ်နံနံက ရေဓာတ်ဖြည့်ပေးသလို ခန္ဓာကိုယ် ကျန်းမာစေဖို့ လိုအပ်တဲ့ ဗီတာမင် K၊ ဖောလိတ်၊ ပိုတက်ဆီယမ်၊ ကယ်လ်ဆီယမ်၊ မဂ္ဂနီဆီယမ်၊ ​ဖော့စဖရိတ်၊ ဆိုဒီယမ်၊ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် Kတို့ ပါဝင်နေပါတယ်။

 

ဆလတ်ရွက်

ဆလတ်ရွက်မှာလည်း ရေဓာတ်က ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်ကို အကောင်းဆုံး ရေဓာတ် ဖြည့်ပေးနိုင်မှာပါ။

ဆလတ်ရွက်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို ဖြည့်ပေးသလို နှလုံး ကျန်းမာစေဖို့လည်း အကောင်းဆုံး အားဖြည့်ပေးနိုင်ပါတယ်။

 

ခရမ်းချဉ်သီး

ဟင်းတွေ ချက်တဲ့အခါ၊ အသုပ်တွေ သုပ်စားတဲ့အခါ ထည့်စားလေ့ရှိတဲ့ ခရမ်းချဉ်သီးလေးက ခန္ဓာကိုယ်က ဆုံးရှုံးသွားတဲ့ ရေဓာတ်ကို အထိရောက်ဆုံး ဖြည့်ပေးနိုင်ပါတယ်။

ခရမ်းချဉ်သီးကလည်း ရေဓာတ် ၉၅ ရာခိုင်နှုန်း အထိ ပါဝင်နေတဲ့ အသီး တစ်မျိုးပါ။ ဆုံးရှုံးသွားတဲ့ ရေဓာတ်တွေကို ဖြည့်တင်းဖို့ တစ်နေ့ကို ခရမ်းချဉ်သီး တစ်ပွဲပြင်စာလောက် စားပေးဖို့ လိုပါမယ်။

 

ဖရဲသီး

ဖရဲသီးက ရေဓာတ် ကြွယ်ဝတယ် ဆိုတာကတော့ ပြောစရာ မလိုအောင် လူတိုင်း သိထားပြီး ဖြစ်မှာပါ။ ဖရဲသီးမှာ ရေဓာတ် က ၉၁ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

ဖရဲသီးက ရေဓာတ်ဖြည့်ပေးသလို ဆဲလ်တွေကိုလည်း နေရောင်ကြောင့် ပျက်စီးတာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ အသားအရေကိုလည်း နေရောင်ကြောင့် ပျက်စီးမှုကနေ ကာကွယ်ပေးပါတယ်။

 

စတော်ဘယ်ရီ

ချိုချိုချဉ်ချဉ်လေးနဲ့ စားရတာ အရသာရှိတဲ့ စတော်ဘယ်ရီသီးလေးတွေမှာ ရေဓာတ်က ၉၁ ရာခိုင်နှုန်း အထိ ပါဝင်နေပါတယ်။

စတော်ဘယ်ရီက ရေဓာတ် ကြွယ်ဝသလို ဖလေဗာနွိုက်လည်း ကြွယ်ဝစွာ ပါဝင်နေပါတယ်။ ဒါကြောင့် တစ်နေကုန် နေပူမိထားပြီးပြီဆိုရင် ရေဓာတ် ပြည့်စေဖို့ ညနေဘက် ရောက်တဲ့အခါ စတော်ဘယ်ရီ တစ်ခွက်စာလောက် စားပေးပါ။

 

ပန်းဂေါ်ဖီ

ပန်းဂေါ်ဖီ ကလည်း တစ်နေကုန် နေပူမိထားတာကြောင့် ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို အထိရောက်ဆုံး ဖြည့်ပေးနိုင်မှာပါ။ ပန်းဂေါ်ဖီက ဗီတာမင် C၊ ဗီတာမင် K နဲ့ အခြား အရေးပါတဲ့ အာဟာရဓာတ်တွေ ပါဝင်နေသလို ရေဓာတ်ကလည်း ၉၂ ရာခိုင်နှုန်းအထိ ပါဝင်နေပါတယ်။

ပန်းဂေါ်ဖီက ရေဓာတ် ဖြည့်ပေးသလို သွေးတွင်းကိုလက်စထရောကို ကျဆင်းစေပြီး ကင်ဆာဖြစ်နိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

ကဲ… တစ်နေကုန် နေပူမိထားပြီးပြီဆိုရင် နောက်တစ်နေ့တာမှာ တက်ကြွလန်းဆန်းစွာ နိုးထနိုင်စေဖို့အတွက် ညနေပိုင်းမှာ ဒီအစားအစာလေးတွေ စားပြီး ကုန်ဆုံးသွားတဲ့ ရေဓာတ်ကို ပြန်လည်ဖြည့်တင်းလိုက်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit:  hellosayarwon

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
ကနေဒါ အမျိုးသားတစ်ဦး အမှိုက်ပုံထဲတွင် တွေ့သည့် ကလေးကို ကောက်ယူမွေးစားခဲ့ရာ မိမိ၏ သားအရင်းဖြစ်နေသည်ကို တွေ့လိုက်ရသည့်အဖြစ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
အမေရိကန်ရှိ ပြည်နယ်ပေါင်း ၃၂ ခုတွင် ကြောက်မက်ဖွယ် အနမ်းကပ်ပါးပိုး ကူးစက်ပျံ့နှံ့နေ၊ ကပ်ရောဂါဘေးအဖြစ် ကြေညာရန် သိပ္ပံပညာရ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
ဘောလုံးကြယ်ပွင့် နေမာကို ဘရာဇီးဘီလျံနာသူဌေးတစ်ဦးက ၎င်းပိုင်ဆိုင်သမျှအားလုံး သေတမ်းစာဖြင့် အမွေပေးသွား၊ ၎င်းတို့နှစ်ဦး တစ
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
သမီးနဲ့ အမေ ၂ ယောက်လုံးကို ယူလိုက်တဲ့ Youtuber ရဲ့ ၃ ပွင့်ဆိုင် အချစ်ဇာတ်လမ်း
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မြေမြှုပ်ထားတဲ့အလောင်းက လက်စွပ်ကို လိုချင်လို့ အလောင်းဖော် လက်ချောင်းဖြတ်ယူတာမှာ သတိပြန်လည်လာပြီး အသက်ရှင်ခဲ့တဲ့ အိုင်ယာ
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service