နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြခြင်း ပြုလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
436 Views

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြခြင်း ပြုလိုက်ပါသည်။

Knowledge | Posted by Hnin Ei Khin

နိုင်ငံခြားသားမှ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအား နိုင်ငံအတွင်း ဆောင်ရွက်လိုသည့်အခါ အောက်ပါ ပုံစံ (၃) မျိုးဖြင့် ဝင်ရောက်လုပ်ကိုင်ခြင်း ပြုနိုင်ပါသည်။

၁။ နိုင်ငံခြားသားမှ ကော်မတီ၏ ခွင့်ပြုချက်အားရယူပြီး မတည်ရင်းနှီးငွေအပြည့်ဖြင့် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများအား ဆောင်ရွက်ခြင်းလဲ ပြုနိုင်ပါသည်။

၂။ နိုင်ငံခြားသည် နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုခုအား နိုင်ငံသားတစ်ဦးဦးနှင့် ဖက်စပ်လုပ်ကိုင် ဆောင်ရွက်ခြင်းလဲပြုနိုင်ပါသည်။

၃။ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုချက် လုပ်ငန်းတစ်ခုခုအား နိုင်ငံခြားသားမှ ဆောင်ရွက်သည့်အခါ နိုင်ငံအတွင်း သဘောတူစာချုပ်ချုပ်ဆိုထားသည့် ပဋိညာဉ်ပါအတိုင်း လုပ်ကိုင်ဆောင်ရွက်ခွင့်ရှိပါသည်။

နိုင်ငံခြားသားမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းအား နိုင်ငံအတွင်းဆောင်ရွက်လိုသည့်အခါ ဦးစွာ ကုမ္ပဏီဥပဒေပါ အတိုင်း ဖွဲ့စည်းထူထောင်ရမည်ဖြစ်ပါသည်။

ရင်နှီးမြှုပ်နှံမှုသူဆိုသည်မှာ ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ရင်းနှီးမြှုပ်နှံသော ပုဂ္ဂိုလ် (သို့) စီးပွားရေးဆိုင်ရာအဖွဲ့အစည်းကို ခေါ်ဆိုပါသည်။ ကော်မရှင်မှ နိုင်ငံခြားသားပါဝင်သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အဆိုပြုချက်အား နည်းဥပဒေပါ အချက်အလက်များနှင့် ကိုက်ညီသည့်အခါမှ ခွင့်ပြုချက်ထုတ်ပေးမည် ဖြစ်ပါသည်။

ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအတွက် နိုင်ငံခြားသားကျွမ်းကျင်သူ ဝန်ထမ်းများအား ခန့်အပ်လိုသည့် အခါတွင်လဲ ပထမနှစ် (၂၅%) ၊ ဒုတိယနှစ် (၅၀%) ၊ တတိယနှစ်(၇၅%) တိုးမြှင့်ခန့်ထားခြင်း ပြုနိုင်ပါသည်။

နိုင်ငံပိုင်မြေအား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင် အသုံးပြုနိုင်ရန် ခွင့်ပြုချက်ရရှိပါကလဲ နှစ်(၅၀) အထိ ငှားရမ်းခွင့်နှင့် သက်တမ်းတိုး (၁၀) နှစ် (၂) ကြိမ်လဲ‌ ဆောင်ရွက်နိုင်ပါသည်။

နိုင်ငံသားနှင့် ဖက်စပ်လုပ်ကိုင်သော လုပ်ငန်းများတွင် မတည်ရင်းနှီးငွေအချိုး နှင့် လုပ်ငန်းဆောင်ရွက်ချက်အား နိုင်ငံခြားသားနှင့် နိုင်ငံသားနှစ်ဖက်သဘောတူ သတ်မှတ်ခြင်းပြုနိုင်ပါသည်။

ဖက်စပ်လုပ်ကိုင်ခြင်း မဟုတ်သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတွင်တော့ ကော်မရှင်မှ လုပ်ငန်းကဏ္ဍအလိုက် အနည်းဆုံးရင်းနှီးမြှုပ်နှံရမည့်ပမာဏကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြပြီး သတ်မှတ်ပေးမည်ဖြစ်ပါသည်။

ထို့ပြင် တားမြစ်ထားသည့် လုပ်ငန်းနှင့် ကန့်သတ်ထားသည့်လုပ်ငန်းအား နိုင်ငံသားနှင့် နိုင်ငံခြားသားမှ ဖက်စပ်ဆောင်ရွက်လိုပါက နိုင်ငံခြားသား မတည်ငွေရင်းကို နည်းဥပဒေပါအတိုင်း သတ်မှတ်ပေးမည်ဖြစ်ပါသည်။

နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုခုအား ရပ်စဲလိုခြင်း၊ စာရင်းဖျက်သိမ်းလိုခြင်း ဆောင်ရွက်လိုသည့်အခါ တည်ဆဲဥပဒေများနှင့်အညီ တရားဝင်ရပ်စဲမှုပြုရန်လိုအပ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေယာစီမံခန့်ခွဲမှု စပ်လျဉ်း၍ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ

Upcoming Property Events

CarsDB
42 Mini Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service