မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
505 Views

မြေငှားဂရန်သက်တမ်းတိုးခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Shwe Zin Win

မြေငှားဂရန်စာချုပ်ပေါ်တွင် မြေကွက်နှင့် သက်ဆိုင်သည့် လိုက်နာရမည့် စည်းကမ်းချက်များနှင့်အတူ သက်ဆိုင်ရာမှ မြေငှားရမ်းသည့် ကာလအားလဲ ဖော်ပြထားပါသည်။ နှစ်ကာလအပိုင်းအခြားဖြင့် ထုတ်ပေးထားသော မြေငှားဂရန်မှာ သက်တမ်းမပြည့်ခင် (၃)လအလိုတွင် သက်တမ်းတိုးလျှောက်ထားခြင်းပြုရပါမည်။

ဂရန်မြေမှာ မြေငှားစာချုပ်ပါအတိုင်းသာ ပိုင်ဆိုင်ခွင့်ရှိမည်ဖြစ်ပြီး သက်တမ်းတိုးမှုမရှိသော သက်တမ်းကုန်ဂရန်မြေမှာ အစိုးရစီမံ ခန့်ခွဲပိုင်ခွင့် မြေအမျိုးအစားအဖြစ် ပြန်လည်ရောက်ရှိသွားမည်ဖြစ်ပါသည်။

သက်တမ်းတိုး လျှောက်ထားရာ၌ သက်တမ်းကုန်ဆုံးမည့်

- မြေငှားဂရန် (မူရင်း)၊ - မှတ်ပုံတင်ထားသော စာချုပ်စာတမ်းများ၊ - မြေပိုင်ဆိုင်နှင့်စပ်လျဉ်း၍ မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ရောင်းကြောင်းလက်မှတ်စာ၊

- နိုင်ငံသားစီစစ်ရေးကတ်ပြား၊ - မြေငှားချကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက်(သို့) မြေငှားခနောက်ဆုံး ပေးဆောင်ပြီးကြောင်း ပြေစာမိတ္တူတို့ တင်ပြနိုင်ရပါမည်။

မြေငှားဂရန်အား သက်တမ်းတိုး လျှောက်ထားခွင့်ရှိသူများမှာ

- မြေငှားဂရန် အမည်ပေါက်သူ - မှတ်ပုံတင်စာချုပ်စာတမ်းဖြင့် လွှဲပြောင်း ဆက်ခံသူ - တရားရုံးမှထုတ်ပေးသောမရွှေ့မပြောင်းနိုင်သည့်ပစ္စည်းရောင်းကြောင်း လက်မှတ်စာရရှိသူတို့မှလျှောက်ထားနိုင်ပါသည်။

ဌာနမှ သတ်မှတ်လျှောက်လွှာတွင် လျှောက်ထားသူမှ ပြည့်စုံစွာ ဖြည့်စွက်ရမည်ဖြစ်ပါသည်။ ကန့်ကွက် ရှိမရှိ နိုင်ငံပိုင်နေ့စဉ် သတင်းစာတွင် ကြေညာရမည်ဖြစ်ပြီး ကန့်ကွက်ကြေညာစာအားလဲ မြေပေါ်တွင် (၁)စောင်၊ လျှောက်ထားသူအား (၁) စောင်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်အုပ်ချုပ်ရေးမှူးတို့ (၁)စောင် နှင့် လက်ခံရရှိကြောင်း အထောက်အထား (၁) စောင် အား လျှောက်ထားသူမှ ပြန်လည်တင်ပြပေးရမည် ဖြစ်ပါသည်။

မြေငှားဂရန် ပျောက်ဆုံးနေခြင်းရှိပြီး သက်တမ်းတိုး လျှောက်ထားလိုပါက ပျောက်ဆုံးကြောင်း ရဲစခန်း ထောက်ခံချက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ထောက်ခံချက်၊ ပျောက်ဆုံးကြောင်း ကျမ်းကျိန်လွှာတို့ပါ ပူးတွဲတင်ပြနိုင်ရပါမည်။ သက်တမ်းကျော်လွန်၍ မြေငှားဂရန်သက်တမ်းတိုးခြင်းကို ဌာနမှ ခွင့်ပြုပါက သက်တမ်းပျက်ဒဏ်ကြေးပါ ထမ်းဆောင်ရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ဖော်ပြ ရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service