မှတ်ပုံတင်စာချုပ်စာတမ်းချုပ်ဆိုရာတွင် သိရှိရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
532 Views

မှတ်ပုံတင်စာချုပ်စာတမ်းချုပ်ဆိုရာတွင် သိရှိရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Aye Myat Thu

စာချုပ်စာတမ်းများ မှတ်ပုံတင်အခန်း-(၃)အရ မှတ်ပုံမတင်မနေရ မှတ်ပုံမတင်လျှင် တရားမဝင်သော စာချုပ်စာတမ်းများနှင့် မှတ်ပုံတင်လိုကတင်နိုင် သောစာချုပ်စာတမ်းဟူ၍ အမျိုးအစား ခွဲခြားသတ်မှတ်ထားပါသည်။

စာချုပ်စာတမ်းများ မှတ်ပုံတင်ရာ၌ မရွှေ့မပြောင်းနိုင်သော ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ စာချုပ် စာတမ်း မှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ရမည်ဖြစ်ပါသည်။ စာချုပ်စာတမ်းတစ်စောင်အား စာချုပ်ချုပ်ဆိုသော ပုဂ္ဂိုလ်များ၊ လက်ခံသူများ၊ တရားဝင်ကိုယ်စားလှယ်များ၊ အကျိုးခံစားခွင့် လွှဲအပ်ခြင်းခံရသူများ မှတ်ပုံတင်ခြင်း ပြုနိုင်ပါသည်။

သေတမ်းစာမှ အပ စာချုပ်အမျိုးမျိုး၊ တရားရုံး အမိန့်၊ ဒီကရီ၊ စီရင်ချက်တို့အား (၄)လအတွင်း စာချုပ်စာတမ်း မှတ်ပုံတင်ဥပဒေပုဒ်မ - ၂၃ အရ မှတ်ပုံတင်ခြင်း ပြုရမည်ဖြစ်ပါသည်။ လူပုဂ္ဂိုလ်အများ ချုပ်ဆိုသော စာချုပ်စာတမ်းအား မှတ်ပုံတင်ရာတွင် နောက်ဆုံး လက်မှတ်ရေးထိုးချုပ်ဆိုသော စာချုပ်ပါ (၄)လအတွင်း မှတ်ပုံတင်ရှိရန် လိုပါသည်။ကျော်လွန်ပါက ပုဒ်မ-၂၅ အရ ဒဏ်ကြေးအတိုင်း မှတ်ပုံတင်ခ၏ (၁၀)ဆ အား ထမ်းဆောင် ရမည်ဖြစ်ပါသည်။ ပြည်ပနိုင်ငံအတွင်း ချုပ်ဆိုသော စာချုပ်စာတမ်းဖြစ်ပါက မြန်မာနိုင်ငံအတွင်း ပြန်လည်ရောက် ရှိသော (၄)အတွင်း မှတ်ပုံတင်ခြင်းပြုနိုင်ပါသည်။

မှတ်ပုံတင်ခြင်းဆောင်ရွက်သည့်အခါ စာချုပ်စာတမ်းတွင် ပြင်ရာ၊ ဖျက်ရာ၊ ကွက်လပ်၊ ဖြည့်စွက်ချက်များ ရှိနေပြီး ချုပ်ဆိုသူ ပုဂ္ဂိုလ်မှ လက်မှတ်ရှည်၊ လက်မှတ်တို ရေးထိုးမထားလျှင် မှတ်ပုံတင်အရာရှိမှ အဆိုပါစာချုပ် ကို မှတ်ပုံတင်ခြင်း ပြုပေးမည်မဟုတ်ပါ။ လက်မှတ်တိုများပါရှိနေလျှင်လဲ အရာရှိမှ ပြင်ရာဖျက်ရာများကို မှတ်ပုံ တင်စာအုပ်တွင် ထည့်သွင်း ရေးမှတ်ထားမှုပြုမည်ဖြစ်ပါသည်။

ထို့ပြင်မရွှေ့မပြောင်းနိုင်သော အိမ်ခြံမြေနှင့် စပ်လျဉ်း၍ လိပ်စာအား ဖော်ပြရာတွင် မြေကွက်အမှတ်၊ ဦးပိုင်အမှတ် အကျယ်အဝန်းနှင့် တည်နေရာအား တည်ကျရှင်းလင်းစွာဖော်ပြရမည်။ သက်ဆိုင်ရာ မြေစာရင်းမှ ထုတ်ပေးသော သက်သေခံမြေပုံ-(၂)ပုံလဲ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးသို့ တင်ပြပေးရန်လိုပါသည်။

စာချုပ်ချုပ်ဆိုသူမှာ မှတ်ပုံတင်အရာရှိ ရှေ့တွင် ငြင်းဆိုလျှင်၊ စာချုပ်ချုပ်ဆိုသူမှာ အရွယ်မရောက်သေး သူ ရူးသွပ်သူ ဖြစ်နေလျှင်၊ စာချုပ်ချုပ်ဆိုသူ ကွယ်လွန်ပြီးနောက် ၎င်း၏ကိုယ်စားလွှဲအပ် ခံရသူများမှ မှတ်ပုံတင် စာချုပ်ချုပ်ဆိုရန် ငြင်းဆိုလျှင် မှတ်ပုံတင်အရာရှိမှ မှတ်ပုံတင်ခြင်းကို ငြင်းဆိုခြင်းပြုနိုင်ပါသည်။

မရွှေ့မပြောင်းနိုင်သော ပစ္စည်းအား အပြီးအပိုင် လွှဲပြောင်းပေးအပ်သောအခါ တန်ဖိုးငွေ (၁၀၀) နှင့် အထက်ရှိပါက မဖြစ်မနေ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရပါမည်။ တစ်နှစ်ထက်ပို၍ အိမ်ခြံမြေအား ငှားရမ်းခြင်းပြု လျှင်လဲ မှတ်ပုံတင်စာချုပ်ချုပ်ဆိုရပါမည်။ ပစ္စည်းပိုင်ဆိုင်မှုအတွက် တရားရုံးမှ ချမှတ်သော အမိန့်၊ ဒီကရီ၊ စီရင် ချက်တို့အားလဲ မှတ်ပုံတင်ရှိရန်လိုပါသည်။

မှတ်ပုံတင်လိုက တင်နိုင်သော စာချုပ်စာတမ်းများထဲတွင် တန်ဖိုးငွေ (၁၀၀)အောက် မရွှေ့မပြောင်းနိုင် သော ပစ္စည်းများ၊ သေတမ်းစာမှအပ ရွှေ့ပြောင်းနိုင်သောပစ္စည်း အား ကြေညာခြင်း၊ လွှဲအပ်ခြင်း၊ ကန့်သတ်ခြင်း၊ ဖျက်သိမ်းခြင်းစာချုပ်စာတမ်းများ၊ တစ်နှစ်ထက်မပိုသော ငှားရမ်းခြင်းစာချုပ်များ၊ သေတမ်းစာများ ပါဝင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
ဂျပန်ကုမ္ပဏီများ၏ ထက်ဝက်ခန့်တွင် မည်သည့်အလုပ်မှ မလုပ်ရသော လူအိုတစ်ဦး ခန့်ထားကြောင်း တွေ့ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
မကပ် ဒယ်အိုးတွင် ခြစ်ရာ၊ အစင်းရာတစ်ခုဖြစ်ပါက အဆိပ်ရှိသော မိုက္ကရို ပလတ်စတစ်အမှုန်ငယ်ပေါင်း သန်းနှင့်ချီကာ ထွက်လာကြောင်း
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
နှုတ်ခမ်းနီများကို သိပ္ပံပညာရှင်တို့ လေ့လာခဲ့ရာ စမ်းသပ်ခဲ့သော အမှတ်တံဆိပ်တိုင်းနှင့် အရောင်အားလုံးတွင် အဆိပ်ဖြစ်စေသော Ca
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
မသေသေးဘဲ သေပြီဟု ဆရာဝန်ပြောသောကြောင့် မြေမြှုပ်ခံရကာ ကံကောင်းထောက်မစွာဖြင့် လွတ်မြောက်ခဲ့သည့် အမျိုးသမီး
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။
မြေငှားဂရန်ကို ဘယ်လိုအချက်တွေနဲ့ လျှောက်ထားခွင့်ရှိလဲ။

Upcoming Property Events

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service