ပစ္စည်းလွှဲပြောင်းခြင်း ဆောင်ရွက်မှုမပြုနိုင်သော အကြောင်းအရာများအားဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
418 Views

ပစ္စည်းလွှဲပြောင်းခြင်း ဆောင်ရွက်မှုမပြုနိုင်သော အကြောင်းအရာများအားဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Aye Myat Thu

ပစ္စည်းလွှဲပြောင်းခြင်းအက်ဥပဒေပုဒ်မ - ၅ အရ ပစ္စည်းလွှဲပြောင်းခြင်းဆိုသည်မှာ လူတစ်ဦးမှ သက်ရှိထင် ရှားရှိနေစဉ် အနာဂတ် (သို့) ယခုအချိန်အတွင်းပင် ၎င်းပိုင်ပစ္စည်းတစ်စုံတစ်ရာအား လူပုဂ္ဂိုလ်တစ်ဦးအား ဖြစ်စေ၊ အများအားဖြစ်စေ လွှဲပြောင်းပေးခြင်းကို ဆိုလိုပါသည်။

ပစ္စည်းလွှဲပြောင်းခြင်းဥပဒေ - ၁၀၅ မှာ မရွှေ့မပြောင်းနိုင်သောပစ္စည်း၊ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှစ် ရပ်လုံးနှင့် အကျုံးဝင်ပါသည်။ ငှားရမ်းခြင်း၊ ရောင်းချခြင်း ၊ ပေါင်နှံခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်းဟူ၍ ပစ္စည်းလွှဲပြောင်းခြင်း အမျိုးမျိုးရှိပါသည်။

အမွေဆက်ခံပိုင်ခွင့်နှင့် ထိုကဲ့သို့အလားတူ ရပိုင်ခွင့်မရှိသေးသော ပစ္စည်းကို ကြိုတင်လွှဲပြောင်းခြင်း မပြုနိုင်ပါ။ အမွေပစ္စည်းအား ရပိုင်ခွင့်ရှိသူမှာ မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ မိသားစုဝင်တစ်ဦးပင် ဖြစ်ပါသည်။ အမွေဆိုင်တစ်ဦးမှ ဥပဒေပါခံစားခွင့်နှင့် ရပိုင်ခွင့်သတ်မှတ်သည့် အချိန်ကာလအတွင်းပင် အမွေခွဲဝေခြင်း ပြုနိုင်ပါ သည်။ အမွေဆက်ခံခွင့်အရ ခွဲဝေခြင်းမပြုရသေးသောပစ္စည်းကို ကြိုတင်ပစ္စည်းလွှဲပြောင်း ပေးအပ်ထားခြင်း မပြုနိုင်ပါ။

မိမိလက်ဝယ်မရှိဘဲ မိမိမှ ရပိုင်ခွင့်ရှိသည်မှာ မှန်သော်လည်း ပြန်လည်သိမ်းယူရမည့်ပစ္စည်း တစ်ရပ်ရပ် အား အခြားသူကို သိမ်းဆည်းရန် အခွင့်အရေးတစ်ရပ်ပါ လွှဲပြောင်းပေးအပ်ခြင်း မပြုနိုင်ပါ။ ပစ္စည်းလွှဲပြောင်းခြင်းတစ်ရပ်‌ ဆောင်ရွက်ရာတွင် ပစ္စည်းမှာ မိမိလက်ဝယ်ပိုင်ဆိုင်မှုဖြစ်ရန်လိုအပ်ပြီး မူလကတိပြုချက်များရှိကာ အခြားသူတစ်ဦးသူ လက်ဝယ်တွင်ပင်ရှိသော ပစ္စည်းကို နောက်တစ်ဦးထံ တဆင့်လွှဲပြောင်းပေးအပ်ခြင်း မပြုနိုင်ပါ။

မိမိသာ အသုံးပြုခွင့်ရသော အခွင့်အရေးနှင့်ဆက်စပ်နေသော ပစ္စည်းဆိုလျှင်လဲ လွှဲပြောင်းခြင်း မပြုနိုင်ပါ။အတတ်ပညာများနှင့် သက်ဆိုင်ကာ အကျိုးခံစားခွင့် အမျိုးမျိုးရှိနိုင်ပြီး မိမိကိုယ်တိုင်သာ ဆောင်ရွက်လျှင် ခံစားခွင့်ရှိသော အခွင့်အရေးတစ်ရပ်အား ကတိပြုချက်များဖြင့် အခြားသူတစ်ဦးထံ လွှဲပြောင်းခြင်း မပြုနိုင်ပါ။

လူတစ်ဦးတယောက်၏ အနာဂတ် ခံစားခွင့် ထောက်ပံ့ကြေးကိုလဲ လွှဲပြောင်းခြင်းမပြုနိုင်သလို အစိုးရမှ ပေးအပ်သည့် လစာကို ရရန်အချိန်မကျမှီဖြစ်စေ၊ ကျပြီးမှ ဖြစ်စေ လွှဲပြောင်းခြင်း မပြုနိုင်ပါ။ အစိုးရမှ ပေးအပ်သော ပင်စင်လစာများအားလဲ လွှဲပြောင်းခြင်းပြုမရပါ။ လစာ၊ ပင်စင်နှင့် ထောက်ပံ့ကြေးများမှ ဝန်ထမ်းနှင့် မိသားစုဝင်များအတွက် လစဉ်ချီးမြှင့်ငွေပင်ဖြစ်ပြီး အခြားသူတစ်ဦးအား လွှဲပြောင်းကာ အကျိုးခံစားခွင့် မပေး အပ်နိုင်ပါ။

တရားစွဲဆိုပိုင်ခွင့် အခွင့်အရေးအားလဲ လွှဲပြောင်းခြင်းမပြုနိုင်ပါ။ တရားမကြောင်းနှင့် တရားစွဲဆိုနိုင်သည့် အခွင့်အရေးရှိသူမှ အမှန်တကယ်နစ်နာသူသာဖြစ်ပြီး ၎င်းမှသာ လျော်ကြေးငွေတစ်ရပ် တောင်းခံနိုင်ပါသည်။ ပြစ်မှုကြောင်းဖြင့် တရားစွဲဆိုနိုင်သူမှာလဲ ပြစ်မှုကျူးလွန်သူကြောင့် နစ်နာဆုံးရှုံးသူ ကိုယ်တိုင်သာ အမှုဖွင့်လှစ်အရေးယူနိုင်ပြီး ၎င်းနှင့် မသက်ဆိုင်သူတစ်ဦးအား တရားစွဲဆိုနိုင်သည့် အခွင့်အရေးကို လွှဲအပ်ခြင်းမပြုနိုင်ပါ။

အစိုးရမှ အငှားအိမ်ယာစနစ်ဖြင့် နေထိုင်ခွင့်ချထားပေးသော နေအိမ်အခန်းမှာ မိမိကိုယ်တိုင်တွင် ပိုင်ဆိုင် ခွင့်မရှိပါ။ မိမိမှ ပိုင်ဆိုင်ခွင့်မရှိဘဲ ငှားရမ်းသူအဖြစ်သာ အကျိုးခံစားနိုင်သော အခန်းကို အခြားသူတစ်ဦးတစ်ယောက်အား ပစ္စည်းလွှဲပြောင်းခြင်း အက်ဥပဒေအရ လွှဲပြောင်းရောင်းချခြင်း မပြုနိုင်ပါ။

အရောင်းအဝယ်များတွင် ပစ္စည်းလွှဲပြောင်းခြင်း ဆောင်ရွက်ရာ၌ အပြီးအပိုင် လွှဲပြောင်းပေးအပ်ရမည် ဖြစ်ပြီး ကန့်သတ်ချက်များပါဝင်နေလျှင် အရောင်းအဝယ် အတည်မဖြစ်ပဲ ပျက်ပြယ်မည်ဖြစ်ပါသည်။

ငှားရမ်းခြင်း များတွင် တားမြစ်ချက်၊ ကန့်သတ်ချက်၊ စည်းကမ်းချက်များ ရှိနိုင်ပြီး ငှားရမ်းခြင်းအတွက် နှစ်ဦးနှစ်ဖက် အခွင့် အရေးနှင့် ခံစားခွင့်၊ လိုက်နာရမည့် အချက်အလက်များအား ပဋိဉာဉ် ဥပဒေနှင့်အညီ ငှားရမ်းခြင်း စာချုပ်၌ ထည့်သွင်းချုပ်ဆိုမှု ပြုနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service