အိမ်‌သုတ်ဆေးဘယ်လောက်ဝယ်ရမလဲ တွက်နည်း - Property Knowledge in Myanmar from iMyanmarHouse.com
1117 Views

အိမ်‌သုတ်ဆေးဘယ်လောက်ဝယ်ရမလဲ တွက်နည်း

Knowledge | Posted by Si Thu Aung

အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံများ၏အလျားအရှည်‌ပေများအားလုံးကိုပေါင်းပါ။

ထို့နောက်ရလာသောအဖြေကို အခန်း၏အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကြက်ထိ) ဖြင့်မြှောက်ပါ။ ရလာသောအဖြေသည် ယင်းအခန်း၏ square footage ဖြစ်ပါသည်။

ထို့နောက် ဆေးသုတ်ရမည့် square footage မည်မျှရှိသည်ကိုတွက်ဆကြည့်ကြပါစို့။ တံခါးရွက်နှင့်ပြူတင်းပေါက်များကို မတူညီသောဆေးအမျိုးအစားသုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်။ ယေဘူယျအားဖြင့် တံခါးတစ်ချပ်ချင်းစီအတွက် 20 square feet ပြူတင်းပေါက် တစ်ခုချင်းစီအတွက် 15 square feet နုတ်လိုက်ရုံပါဘဲ။ ရလာသောအဖြေသည်‌ ဆေးဖုံးအုပ်ရန်သုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာဖြစ်ပါလိမ့်မည်။

ယင်းဧရိယာကို 350 ဖြင့်စားလိုက်ပါက နံရံအတွက် လိုအပ်သောဆေးပမာဏ(ဂါလံ)ကိုရပါမည်။ အဖြေတွင် စားကြွင်းက .5 ထက်နည်းပါက ကွာတား ၂ဗူးဖြင့် လုံလောက်နိုင်သော်လည်း .5 ထက်များပါက 1ဂါလံ ဝယ်သင့်ပါသည်။

(Example)

- 14 x 20 ပေအခန်း အမြင့် 8ပေ တံခါး ၂ ပေါက်၊ ပြူတင်းပေါက် ၂ ခုရှိသောအခန်းကိုတွက်ကြည့်ကြပါစို့။

Ceiling ဆေးတွက်ဆမှု

1. Ceiling ၏အလျား‌ပေxအနံပေ= Ceiling area 14x20=280 square feet

2. 350 ဖြင့်စားပြီး ဘယ်နှစ်ဂါလံလိုမလဲ တွက်ကြည့်ကြပါစို့။ 280÷350=0.8

ထို့ကြောင့် ceiling ဆေးတထပ်သုတ်ရန် ၁ ဂါလံလိုအပ်ပါမည်။ ၂ထပ်သုတ်လျင် ၂ ဂါလံလိုအပ်ပါမည်။

 

နံရံဆေးတွက်ဆမှု

1. နံရံတချပ်ချင်းစီ၏ အ‌လျားပေကိုပေါင်းပါ။ 14+20+14+20=68 ပေ

2. နံရံဧရိယာတွက်ရန်အ‌ဖြေကိုနံရံ အမြင့်ပေဖြင့်မြှောက်ပါ။ 68x8=544 square feet

3. ဆေးတကယ်သုတ်ရန်လိုသောနံရံဧရိယာကိုရှာရန် တံခါး ၁ချပ်စီတိုင်းအတွက် 20 square feet နုတ်ပါ(20x2=40)၊ ပြူတင်းပေါက်တစ်ခုချင်းစီတိုင်းအတွက် 15 square feet နုတ်ပါ (15x2=30) 544-70=474 square feet

4. ယင်းအဖြေကို 350 ဖြင့်စားပြီး ဝယ်ယူရမည့်ဆေးဂါလံကိုတွက်ကြပါစို့။ 474÷350=1.4

ထို့ကြောင့် ဆေး ၁ထပ်သုတ်ရန် ၁ဂါလံ ၂ကွာတား လိုအပ်ပါမည်။ ၂ထပ်သုတ်မည်ဆိုပါက ဆေး ၂ဆ ဝယ်ရန်လိုအပ်ပါမည်။

 

 

တံခါး၊ ပြူတင်းပေါက် ဆေးတွက်ဆမှု

1. 20 square feet= တံခါး 1ချပ် တံခါးအရေအတွက်ကို 20 ဖြင့်မြှောက်ပါ။ 2x20=40 square feet

2. ပြုတင်းပေါက်အရေအတွက်ကို 7.5 ဖြင့်မြှောက်ပါ။ 2x7.5=15 square feet

3. ယင်းအဖြေများကိုပေါင်းပါ။ 40+15=55 4. 350 ဖြင့်စားပါ။ 54÷350=0.16

ထို့ကြောင့် ဆေး ၁ကွာတား ဝယ်ဖို့လိုအပ်ပါမည်။ တံခါး၊ ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံးသုတ်မည်ဆိုလျင် အဖြေကို 2 ဖြင့်မြှောက်ပါ။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit : K T G - Home Decoration

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
မှတ်သားဖွယ်ရာ ဥပဒေအမေးအဖြေများ
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
ကျွန်းသူကျွန်းသား ၃ ဦးနှင့် ဘုရင်တစ်ပါးသာ နေထိုင်သည့် ထူးဆန်းသော ကျွန်းကလေး
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
အိုင်ယာလန်သို့ ပြောင်းရွှေ့အခြေချမည့်သူများကို အိုင်ယာလန်အစိုးရက ဒေါ်လာ ၉၃,၀၀၀ ထောက်ပံ့လျက်ရှိ
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မေတ္တာဖြင့် အပိုင်ပေးကမ်းခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ကုလားအုတ် မျက်ရည်တစ်စက်မှာ ကမ္ဘာ့အဆိပ်အပြင်းဆုံး မြွေ ၂၆ မျိုး၏ အဆိပ်ပြယ်စေနိုင်သည့် အာနိသင်ရှိကြောင်း ဒူဘိုင်းသိပ္ပံပညာ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး
ကမ္ဘာ့အချမ်းသာဆုံးအမျိုးသမီး အဲလစ် ဝေါလ်တန် တည်ထောင်ထားသော ကျောင်းလခ မပေးရသည့် ကြီးကျယ်ခမ်းနားလှသော ဆေးတက္ကသိုလ်ကြီး

Upcoming Property Events

From 13 Sep To 14 Sep

INNO CITY

From 13 Sep To 14 Sep

Magical World Apartment

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Magical World
INNO CITY

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service