Laminate Floor နဲ့ Vinyl Floor ရဲ့ ခြားနားချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
1014 Views

Laminate Floor နဲ့ Vinyl Floor ရဲ့ ခြားနားချက်များ

Knowledge | Posted by Aye Myat Thu

(Laminate Floor)

Laminate Floor ဆိုတာ သစ်အစားထိုး ပါကေးပြားပါ။ မြန်မာစျေးကွက်မှာ ကိုရီးယား ပါကေးလို့ ခေါ်ဝေါ် လူသိများကြပါတယ်။ ကိုရီးယားပါကေး (Laminate Floor) အများစုက HDF (High Density Fiberboard) ဒါမှမဟုတ် MDF (Medium Density Fiberboard) နဲ့ နည်းပညာ ပေါင်းစပ်ပီး လုပ်ထားတာပါ။ အလွယ်ပြောရရင် ကြိတ်သားပါ။

စျေးနှုန်းအနည်းအများ၊ ပစ္စည်းအရည်အသွေး အနိမ့်အမြင့်က ထုတ်လုပ်တဲ့ နည်းပညာအပေါ်မှာ မူတည်ပါတယ်။ ပုံမှန်အတိုင်း ကြည့်ရင်တော့ ပစ္စည်းကောင်း/မကောင်းကို သေချာမသိနိုင်ပါဘူး။ ယေဘုယျအားဖြင့် အပေါ်မျက်နှာပြင် Print Layer Coating ရဲ့ အကြမ်းခံနိုင်မှု၊ မျက်နှာပြင်ပေါ် ရေဖိတ်စင်ကျပါက စိမ့်ဝင်မှုရှိ/မရှိ၊ အတွင်းကြိတ်သား ကျစ်လစ်မှု အနည်း/အများ၊ ဖယောင်းပါဝင်မှု အနည်း/အများ၊ အောက်ခံ Back Layer Coating ကောင်း/မကောင်း စတဲ့ အချက်တွေနဲ့ ပစ္စည်းအရည်အသွေးကို သိနိုင်ပါတယ်။

✅Laminate Floor ရဲ့ အားသာချက်

📌 Laminate Floor ရဲ့ အထူက 12mm နဲ့ 8mm အထူတွေမို့ ခင်းပြီးရင် သမံတလင်းလို မအေးပါ။

📌 ကလေး၊ လူကြီးရှိတဲ့သူတွေ အဆင်ပြေပါတယ်။

📌 သစ်အဆင်တွေ များတာမို့ ခင်းလိုက်ရင်လည်း ခန့်ခန့်ငြားငြားနဲ့ လှပါတယ်။

📌 ကြွေပြားတွေလို အေးတာ၊ ချော်တာတွေ မဖြစ်ပါဘူး။

📌 AC4, AC3, Coating သုံးထားခြင်းကြောင့် အရောင်မှိန်သွားမှု မရှိပါဘူး။

ဒါပေမဲ့ ကြိတ်သား ဖြစ်တဲ့အတွက် မိုးရေပက်နိုင်တဲ့နေရာတွေမှာ ခင်းမယ်ဆိုရင် ဒါမှမဟုတ် ကြမ်းခင်းအောက်မှာ ရေစိမ့်တာတို့၊ အစိုပြန်တာတို့ဆိုရင် ကြွတက်လာတာမျိုးဖြစ်နိုင်ပါတယ်။ နောက်ပြဿနာတစ်ခုက ခြအရမ်းကြိုက်ပါတယ်။ တစ်ချို့ ပစ္စည်းကောင်းရင်တော့ အထက်ပါ ပြဿနာတွေကို အခြေအနေတစ်ခုအထိ ကောင်းကောင်းခံနိုင်ရည် ရှိပါတယ်။

 

( Vinyl Floor )

Vinyl Floor ဆိုတာက ကမ္ဘာပေါ်မှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုတွေများလာလို့ သစ်တောထိန်းသိမ်းမှုတွေဖြစ်လာတာရယ်၊ Laminate Floor က ရေနဲ့ထိရင် အဆင်မပြေတာ၊ ခြစားတာတွေအတွက် PVC အခြေခံ နည်းပညာအသစ်နဲ့ သစ်အစားထိုး ထုတ်လုပ်ထားတဲ့ ကြမ်းခင်းပါ။

PVC ဖြစ်လို့ ရေစိမ်တာဖြစ်ဖြစ် ရေစိုတာဖြစ်ဖြစ် ပျက်စီးခြင်းမရှိပါ။ ထုတ်လုပ်တဲ့ ပုံစံ အကြမ်းဖျင်း ၂ မျိုး ရှိပါတယ်။ ပထမတစ်မျိုးက One Layer တည်း ထုတ်ထားတဲ့ Vinyl ပါ။ နောက်လူသုံးများ ခတ်စားလာတာက Layers အများ ပါတဲ့ Printed Vinyl ပါ။ များသောအားဖြင့် အောက်ဆုံးအလွှာ PVC Layer , Printed Layer , Wear Layer နဲ့ UV Coating ပါတဲ့ Vinyl တွေပါ။

သစ်ပါကေးပုံစံ Design တွေ၊ ကောဇောပုံစံ Design တွေ၊ ကြွေပြား ကျောက်ပြားပုံစံ Design တွေစသဖြင့် ရွေးချယ်စရာ Design တွေ များပါတယ်။

Vinyl မှာမှ အသုံးပြုတဲ့အပေါ်မူတည်ပြီး Type ၃ ၊ ၄ မျိုး ရှိပါတယ်။ အဓိကကတော့ ကော်ကပ် Glue Type (ကော်ကပ်စနစ်) ၊ Click Type (ချိတ်ဆက်စနစ်) နဲ့ Loose Lay Type လို့ခေါ်တဲ့ စုပ်ခွက်ကြမ်းခင်း စနစ်တွေပါ။ Glue Type မှာမှ အမျိုးအစားတွေ ထပ်ရှိပါသေးတယ်။

ကြမ်းပြင် အနေအထားပေါ်မူတည်ပြီး သုံးစွဲသူတွေက အဆင်ပြေမယ့် Vinyl Floor ကို ဝယ်ယူတတ်ဖို့ လိုအပ်ပါတယ်။ Glue Type က ကော်ကပ်မို့ ကပ်မယ်နေရာက အစိုဓာတ် အရမ်းရှိရင် သုံးလို့မရပါ။ အဲလိုမျိုးအခြေအနေဆို Vinyl Click Type ကို သုံးပါတယ်။

Vinyl Floor ရဲ့ အဓိကအချက်က ပစ္စည်းကောင်းရုံနဲ့ မပြီးပါဘူး။ ခင်းကျင်းမှု စနစ်ကျမှု၊ Tools Material တွေ အသုံးပြုမှု မှန်ကန်ဖို့ လိုအပ်တဲ့အတွက် အတွေ့အကြုံကောင်းကောင်းရှိတဲ့ Supplier နဲ့ ခင်းနိုင်မှ ရေရှည်အတွက် အဆင်ပြေမှာပါ။

Vinyl Floor ရဲ့ အားသာချက်

📌 ရေအတွက် မစိုးရိမ်ရပါ။

📌 ခြစားမှု ပြဿနာ ခေါင်းထဲက ထုတ်လို့ရပါတယ်။

📌 မပူလွယ်၊ မအေးလွယ် ဖြစ်တဲ့အတွက် ကျန်းမာရေးအတွက် အဆင်ပြေပါတယ်။

📌 Non Slip ဖြစ်တဲ့အတွက် ခြေချော်တာတို့ ချော်လဲတာတို့ မဖြစ်စေတဲ့အတွက် ကလေး၊ လူကြီးအတွက် သင့်တော်ပါတယ်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: original writer

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
သြစတေးလျလူငယ်က မည်သည့်နိုင်ငံမှ မပိုင်သော တောအုပ်ငယ်တစ်ခုတွင် ဗားဒစ်အမည်ရှိ နိုင်ငံငယ်သစ် ထူထောင်ကာ မိမိကိုယ်ကို သမ္မတအဖ
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တရုတ်သိပ္ပံပညာရှင်တို့က ဆီးချိုရောဂါကို stem cell ကုထုံးဖြင့် ကမ္ဘာ့ပထမဆုံး အမြစ်ပြတ် ကုသအောင်မြင်
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
တစ်နေ့ ကော်ဖီ ဘယ်နှခွက် သောက်လို့ရသလဲ
သိထားသင့်တဲ့ ဗဟုသုတများ....
သိထားသင့်တဲ့ ဗဟုသုတများ....
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဂျပန်အမျိုးသားတစ်ဦးက ဇနီးကို စိတ်ကောက်ကာ နှစ်ပေါင်း ၂၀ အတွင်း စကားတစ်ခွန်းမှ မပြောဘဲ နေခဲ့၊ စကားမပြောသော်လည်း သားသမီး ၃
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
မိုက်ခရိုဂရင်း (Microgreens) အပင်လေးတွေရဲ့ကျန်းမာရေးကောင်းကျိုးများ
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး
ဆီးချို အတွက်တင်မဟုတ်ဘဲ ကင်ဆာအတွက်ပါ ဆေးဖက်ဝင်တဲ့ ကြက်ဟင်းခါး

Upcoming Property Events

From 06 Sep To 07 Sep

Mingalar Market

From 27 Aug To 27 Sep

INNO CITY

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service