ဘီနာမီစနစ်ဖြင့် အိမ်ခြံမြေ ဝယ်ယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
414 Views

ဘီနာမီစနစ်ဖြင့် အိမ်ခြံမြေ ဝယ်ယူခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Hnin Ei Khin

ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်းဆိုသည်မှာ အငှားအမည်ခံစနစ်ဖြင့် ဝယ်ယူခြင်းကို ဆိုလိုပါသည်။ တချို့မှာ အမည်ငှားဖြင့် ဝယ်ယူသော်လည်း နာမည်ခံဝယ်သူအတွက် ရည်စူး၍ ငွေထုတ်ဝယ်ယူပေးခြင်းဖြစ်ပါက အမည်ငှားသာ ပိုင်ဆိုင်ခွင့်ရှိနေပါသည်။ မိဘက သားသမီးအမည်ဖြင့် ပစ္စည်းတစ်စုံတစ်ရာအား မြန်မာဓလေ့ထုံး တမ်းဥပဒေနှင့်အညီ ဝယ်ယူပေးခြင်းလဲပြုနိုင်သလို ဆွေမျိုးသားချင်း လက်အောက်ငယ်သားအား ပေးကမ်းမှုဖြင့် ဝယ်ယူပေးခြင်းလဲရှိပါသည်။

ငွေစိုက်ထုတ် ဝယ်ယူသူ၏ ရည်ရွယ်ချက်နှင့် အကြောင်းချင်းရာပေါ် မူတည်ပါသည်။ ထို့ကြောင့် ငွေရှင် သည် ပိုင်ရှင်အစစ်အမှန် ဖြစ်မဖြစ်မှလဲ ကောက်ယူရန် ခက်ပါသည်။ အမည်ငှားခ နာမည်သုံး ဝယ်ယူခြင်း ဟုတ်မဟုတ်မှာလဲ အကြောင်းအရာပေါ်တွင်သာ ကြည့်ရှုရမည်ဖြစ်ပါသည်။(ဒေါ်မြမြဝင်း အမှုတွင် အကြောင်း ချင်းရာ ဆိုသည်မှာ အခြေခံလမ်းညွှန်ချက်များပင် ဖြစ် ကြောင်း ဖော်ပြထားပါသည်။)

အမည်ငှား၍ ဝယ်ယူခြင်းသာဖြစ်ပါက ပစ္စည်းအား ဝယ်ယူသူအမည်ခံထံ ထားရှိမှုမှာလဲ ခေတ္တလက် ရောက်အပ်နှံသည့် သဘောသာဖြစ်သောကြောင့် အမည်ခံမှာ သတ်မှတ်ချိန်တွင် ပစ္စည်းအား ပြန်လည်ပေးအပ်ရန်လဲ တာဝန်ရှိနေပါသည်။ ဘီနာမီစနစ်ဖြင့် ဝယ်ယူခြင်းဖြစ်ပါက အမည်ခံ၊ အမည်ငှားစနစ်ဖြင့်သာ ဝယ်ယူကြောင်း နစ်နာသူမှာ မြွတ်ဟဒီကရီချမှတ်ပေးရန် တရားရုံးတွင် တရားစွဲဆိုခြင်း လျှောက်ထားနိုင်ပါသည်။

ဒေါ်ကြည်ခင်နှင့် ဦးမင်းငွေဝင်းပါ-၂ အမှုတွင် အရောင်းအဝယ်စာချုပ်၌ ငွေပေးချေသူ၏ အမည်ကိုပါ ထည့်သွင်းချုပ်ဆိုထားပြီး အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်းဖြစ်ပါက ငွေပေးချေသူ၏ အမည်အား စာချုပ်တွင် ထည့်သွင်းချုပ်ဆိုရန် အကြောင်းမရှိပါ။ အဆိုပါအမှု၌ ငွေထုတ်ပေးသူ တရားလိုများ အကျိုးငှာ တရားပြိုင်က ဘီနာမီစနစ်ဖြင့် အမည်ငှားကာ အချင်းဖြစ်အိမ်အား ဝယ်ယူခြင်းဖြစ်ပါက စာချုပ်တွင် တရားလိုများအမည်ကို ဝယ်ယူသူအနေဖြင့် ပါဝင်ရန် မသင့်ကြောင်း သုံးသပ်ထားပါသည်။

အမည်ငှားစနစ်ဖြင့် ဝယ်ယူပါကလဲ ခိုင်လုံသော အကြောင်းပြချက်ဖြင့် အမည်ငှားဝယ်ယူကြောင်း အထောက်အထားများရယူကာ အမည်ငှားဝယ်ယူသည့်ပစ္စည်းအားလဲ မိမိလက်ဝယ်တွင်သာ ထားသင့်ပါသည်။ အမှန်တကယ် အမည်ငှားစနစ်ဖြင့် ဝယ်ယူခြင်းဟုတ်မဟုတ်မှာ အမှုဖြစ်စဉ်ပေါ်မူတည်၍ ဆုံးဖြတ်ရ မည်ဖြစ်ကြောင်း ( ဒေါ်အေးတင်ပါ-၂ နှင့် ဦးခေးဝှက် (ခ) ဦးစိန်တင်အမှု (၁၉၉၃ ခုနှစ်၊ မြန်မာနိုင်ငံ တရားစီရင်၊ စာ-၈၁)) တွင် တွေ့ရှိနိုင်ပါသည်။

ဒေါ်အေးတင် ပါ-၂ နှင့် ဦးခေးဝှက်(ခ) ဦးစိန်တင် ၁၉၉၃၊ မတစ (အထူး) ၈၁ အမှုတွင် ဦးလုံထော် ဆိုသူသည် သားဖြစ်သူ ဦးခေးဝှက်ထံ နေအိမ်တွင် ခေတ္တနေထိုင်ပြီး သားဖြစ်သူ၏ ငွေနှင့်ပင် အချင်းဖြစ်အိမ်အား ဝယ်ယူခဲ့ကြောင်း မြေကွက် အရောင်းအဝယ်စာချုပ်တွင်လဲ ဦးလုံထော် အမည်ဖြစ်သာ ချုပ်ဆိုခဲ့သော်လည်း မြေပိုင်ဆိုင်မှု အထောက်အထား ဂရန်မှာတော့ သားဖြစ်သူ ဦးခေးဝှက်ထံတွင် ထားရှိပါသည်။ မူလတိုင်းတရား ရုံးနှင့် တရားရုံးချုပ် တို့မှ ဒေါ်မြမြဝင်းပါ စီရင်ထုံးအတိုင်း ဦးလုံထော်မှာ အမည်ငှားသက်သက်သာ ဖြစ်ကြောင်း နှင့် အမှန်တကယ်ငွေပေးချေကာ ဝယ်ယူသူ အစစ်အမှန်မှာ ဦးခေးလုံသာဖြစ်ကြောင်း ဆုံးဖြတ်ထားကြသည်ကိုလဲ တွေ့ရှိနိုင်ကြောင်း ဖြေဆိုရေးသားပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
စိုက်ပျိုးရေးမှာအသုံးချနိုင်တဲ့ မီးဖိုချောင် စွန့်ပစ်ပစ္စည်း (၁၆) မျိုး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
လယ်မြေ ဧက ၂၃၀ ပိုင်သည့် အသက် ၇၅ နှစ်အရွယ် လယ်သမားကြီးကို မကွယ်လွန်မီ တစ်ရက်အလိုတွင် လက်ထပ်ခဲ့သည့် အမျိုးသမီး
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဟာဝိုင်အီရှိ သူ၏ ခြံကြီးကို ဧကပေါင်း ၁,၀၀၀ နီးပါး ထပ်မံတိုးချဲ့၊ ဒေသခံတို့၏ မကျေနပ်ချက်များ ပိုမိုကြီး
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
Mark Zuckerberg က ဆီလီကွန်တောင်ကြားတွင် အိမ် ၁၁ လုံးအထိ ဝယ်ယူထားမှုကို ဒေသခံတို့ အမျက်ထွက်
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တစ်ကမ္ဘာလုံးမှာ တစ်ပွင့်ထဲပဲရှိတဲ့ အလွန်ရှားပါးတဲ့ မိုးကုတ်ဒေသထွက် ဆန်းကြယ်သောကျောက်ကို အမေရိကန်ပြတိုက်မှာ ပြထား
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက တိုက်ခန်းတစ်ခန်း ငှားရမ်းရာ အခန်းထဲတွင် အလယ်တန်းကျောင်းသား ဘဝက ကျောင်းတွင်ထိုင်ခဲ့သော စာသင
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ရည်းစား အယောက် ၂၀ ထား၊ iPhone တွေတောင်း၊ ပြန်ရောင်းပြီး တိုက်ခန်းဝယ်တဲ့ မိန်းကလေး
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ
ထိုင်းတွင် တောနက်ထဲ၌ ဒဏ္ဍာရီလာ မီးကျား (သို့မဟုတ်) ကြောင်မင်းတစ်ကောင် ရှာဖွေတွေ့ရှိ

Upcoming Property Events

From 23 Aug To 24 Aug

Mingalar Market

From 23 Aug To 24 Aug

INNO CITY

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Mingalar Market
18th Property and Car Expo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service