တရားမမှုနှင့်စပ်လျဉ်းသည့် လိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
702 Views

တရားမမှုနှင့်စပ်လျဉ်းသည့် လိုက်နာရမည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Shwe Zin Win

ပြစ်မှုနှင့် တရားမမှုဟူ၍ အမှုအမျိုးအစား (၂)မျိုးရှိသည့်အနက် လူတစ်ဦးတစ်ယောက်၏ ပစ္စည်း၊ ရပိုင်ခွင့်၊ လက်ရှိထားပိုင်ခွင့်၊ အမွေဆက်ခံပိုင်ခွင့်၊ ဂုဏ်သိက္ခာပိုင်း ထိခိုက်နစ်နာမှုနှင့် သက်ဆိုင်သည်များအား တရား မမှုများဖြင့် တရားစွဲဆိုရမည်ဖြစ်ပါသည်။ တရားမှုများတွင် တရားလိုဘက်မှ မိမိတောင်းဆိုလိုသော သက်သာခွင့်အတွက် အခိုင်အမာပြုတရားစွဲရန်အထောက်အထားများကို အခြေပြု၍ တရားရုံးသို့ အဆိုလွှာရေးသားတင်ပြရမည်ဖြစ်ပြီး တရားပြိုင်ဘက်မှလဲ မိမိထုချေလိုသော အချက်အလက်အား ချေလွှာတစ်စောင်ဖြင့် တိတိကျကျငြင်းဆိုကာ ရေးသားတင်ပြရမည်ဖြစ်ပါသည်။

အဆိုအချေများ ရေးသားရာတွင် ဥပဒေနှင့် မဆန့်ကျင်ဘဲ ဥပဒေမှ သတ်မှတ်ချက်အတိုင်း ရေးသားရမည်ဖြစ်ပါသည်။ တရားရုံးမှ အဆိုလွှာ၊ ချေလွှာတွင် မူတည်ကာ ငြင်းချက်များ ထုတ်ပေးမည်ဖြစ်ပြီး အဆိုလွှာ၊ ချေလွှာတွင် မပါဝင်သောကိစ္စရပ်၊ ဆန့်ကျင်ကွဲလွဲသည့်ကိစ္စရပ်အား အခြေခံ၍ သက်သာခွင့်ပေးမည်မဟုတ်ပါ။

အဆိုအချေများတွင် ဖော်ပြရာတွင် တရားမကျင့်ထုံးဥပဒေ အမိန့် - ၆ ၊ နည်း - ၁၅အရ မှန်ကန်သော ကိစ္စရပ်များကို ဖော်ထုတ်ရေးသား ပြင်ဆင်ရန်လိုပါသည်။ ထို့ကြောင့် မမှန်ကန်သော သက်သေခံများ တင်ပြရန်အတွက် အကြောင်းအရာများ ဖော်ပြမှုပြုခြင်းမှာ ပြစ်မှုကြောင်းအရ အရေးယူခြင်းခံရနိုင်ပါသည်။ (ဗြိတိသျှဘွိုင် လာ ရေကြောင်း ကုမ္ပဏီနှင့် အမ်၊ အင်၊ ဖကီးမာမက်ပါ-၂ အယ်လ်ဘီ ၊ အာ အတွဲ-၇ ၊ စာ-၂၅၇)

ထို့ပြင် အဆိုလွှာ၊ ချေလွှာ၌ နို့တစ်စာပေးပို့ရန်လိုသော အမှုအမျိုးအစားများတွင် နို့တစ်စာပေးပို့ပြီးဖြစ်ကြောင်း သက်သေထင်ရှား ပြသလျှင် လုံလောက်ပြီး နို့တစ်စာပါ အကြောင်းအရာများအား အဆိုလွှာတွင် အသေးစိတ်ဖော်ပြရန်မလိုပါ။ သေတမ်းစာပါအရ မရွှေ့မပြောင်းနိုင်သောပစ္စည်းအား လက်ရောက်ရလိုမှုစွဲဆို သော အမှုတွင် တရားလိုသည် ၎င်းအားကိုးအားထိုက်ဖြစ်သော သေတမ်းစာ၊ စာချုပ်စာတမ်း အမျိုးအစားအချက်အလက်များကို ဖော်ပြပေးရန်တာဝန်ရှိပါသည်။

အဆိုလွှာ၊ ချေလွှာများကို ပိုမိုပြည့်စုံမှုရှိရန် တရားရုံးမှ ပြင်ဆင်ခွင့်ပြုသောကိစ္စရပ်များတွင် အမိန့် - ၆၊ နည်း - ၁၇၊ အမိန့် - ၈၊ နည်း - ၉ အရ မူလတင်သွင်းပြီးသော အဆိုလွှာ၊ ချေလွှာများနှင့် မညီညွှတ်စွာ သွေဖယ်၍ ပြင်ဆင်ခွင့် မရှိပါ။ ထုချေချက်အသစ်ကို ထပ်တိုး ပြင်ဆင်ခြင်းလဲ မပြုနိုင်ပါ။ အဆိုလွှာ၊ ချေလွှာမှာ အမှု၏ မည်သည့်အဆင့်၌မဆို ပြင်ဆင်ခွင့်ရှိသော်လည်း တရားလို၊ တရားပြိုင်မှ အမှုတွင် ကြန့်ကြာစေရန် ရည်ရွယ်၍ နောက်မှ အဆိုလွှာ၊ ချေလွှာ ပြင်ဆင်ရန် တင်ပြသော ကိစ္စရပ်တွင် တရားရုံးမှ ပြင်ဆင်ရန် ခွင့်ပြုပေးမည် မဟုတ်ပါ။

တရားကျင့်ထုံးအမိန့်-၂၊ နည်း-၂(၂) အရ တရားလိုသည် အမှုတွင် မိမိစွန့်လွှတ်ပြီးဖြစ်သော ချန်လှပ်ထား သော အမှုအစိတ်အပိုင်းအား နောက်ထပ်တစ်မှု တရားစွဲဆိုခြင်း မပြုရပါ။ (မောင်ကောက်စစ်ပါ-၂နှင့် ဗွီ၊ အီ၊အမ်၊ မူတူဗွီရား ရပ္ပချစ်တီး ၊ ဘီ၊ အယ်လ်တီ အတွဲ-၄ စာ ၁၆)။ အဆိုလွှာ၊ ချေလွှာများတွင် တဖက်အမူသည် အသရေပျက်စေသောအချက်အလက်၊ အခြေအမြစ်မရှိသောအကြောင်းအရာ၊ ကြန့်ကြာမှုဖြစ်စေသော အကြောင်း အရာများ ပါရှိနေပါက တရားရုံးမှ ပြင်ဆင်မှု၊ ထုတ်ပယ်မှုပြုရန် အမိန့်ချမှတ်ခြင်းလဲ ပြုနိုင်ကြောင်း ဥပဒေ ဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
ပေါင်နှံခြင်း အမျိုးမျိုးအကြောင်း
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
မသန့်ရှင်းတဲ့အိပ်ယာခင်းနဲ့ ခေါင်းအုံးစွပ်တွေကြောင့် ရရှိမယ့် ကျန်းမာရေးဆိုးကျိုး (၅) မျိုး
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
ကိုက်ခဲနာကျင်မှုတွေကို သက်သာပျောက်ကင်းစေနိုင်တဲ့ မီးဖိုချောင်သုံးပစ္စည်းများ
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှ
တစ်နေ့လျှင် ကော်ဖီ ၂ ခွက်ထက် ပိုမိုသောက်သုံးသူတို့မှာ အသည်းကင်ဆာဖြစ်နိုင်ချေ ၄၃ ရာခိုင်နှုန်း နည်းပါးကြောင်း လေ့လာတွေ့ရှ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
မိန်းမများကို ကြောက်သောကြောင့် ၁၅ ပေမြင့်သော ခြံစည်းရိုး ကာရံကာ ၅၅ နှစ်လုံး တစ်ဦးတည်းသီးခြားနေထိုင်ခဲ့သော အသက် ၇၁ နှစ်အရ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
ဒေါက်ခွပင်၏ အမြစ်မှာ အူမကြီးကင်ဆာဆဲလ်များကို ၄၈ နာရီအတွင်း ၉၅ ရာခိုင်နှုန်း ချေမှုန်းနိုင်ကြောင်း ကနေဒါသိပ္ပံပညာရှင်များ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မှတ်သားစရာ အိမ်ခြံမြေဥပဒေအမေးအဖြေ
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
မြေငှားဂရန်သက်တိုးခြင်း အကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ပန်းရောင်လေးက စိတ်ကျန်းမာရေးအပေါ် ဘယ်လိုတွေ သက်ရောက်နေလဲ!
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ
ဂရိနိုင်ငံတွင် “လေမှုတ်စောင်း”များ တပ်ဆင်နေ၊ လေပြေအသွေးတွင် ဂီတသံများ ပျံ့လွင့်စေမည့်အပြင် လမ်းမီးတိုင်များအတွက် လျှပ်စစ
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service