နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ အံ့အားသင့်ဖွယ် သစ်ပင်ဥမင်များ - Property Knowledge in Myanmar from iMyanmarHouse.com
318 Views

နှစ်ပေါင်း ၂၀၀၀ သက်တမ်းရှိ အံ့အားသင့်ဖွယ် သစ်ပင်ဥမင်များ

Knowledge | Posted by Si Thu Aung

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မြောက်ပိုင်းတွင် သက်တမ်းအလွန်ရင့်သော သစ်နီပင် (Redwoods) များနှင့် ကြီးမားသော ဆက်ကွိုင်းယား (sequoia) ပင်များကို တွေ့ရပြီး မိုးထိလုဘနန်း မြင့်မားလှသည်။

(မှတ်ချက်။ ဆက်ကွိုင်းယားပင်သည် ကယ်လီဖိုးနီးယားပြည်နယ်တွင်သာ တွေ့ရကာ အသက်အလွန်ရှည်ပြီး အလွန်မြင့်မားသော အပင်မျိုး ဖြစ်သည်)

အလွန်တရာကြီးမားလှသော အပင်ကြီးများသည် အမြင့်ပေ ၃၀၀ အထက်မြင့်မားနိုင်ကာ နှစ်ပေါင်း ၃၀၀၀ ခန့်အထိ ရှင်သန်နိုင်သည်။

အဆိုပါအပင်များကို ဝါဝိုနာသစ်ပင် (wawona tree) ဟုလည်း ခေါ်ကြသည်။ ဝါဝိုနာဟူသော ဝေါဟာရ၏ ဇာစ်မြစ်ကို မသိရသော်လည်း ကြီးမားသော သစ်ပင်ကြီးများကို ခေါ်ဝေါ်ခြင်း ဖြစ်သည်။

အပင်ကြီးများ၏ ပင်စည်များမှာ အလွန်ကြီးမားကျယ်ပြန့်လှရာ အကြံကောင်းသော ဒေသခံများက ပင်စည်အလယ်များကို အခေါင်းပေါက်ဖောက်ကာ သစ်ပင်အလယ်မှ မော်တော်ကားများ မောင်းဝင်နိုင်စေရန် ကြံဆခဲ့ကြသည်။

စိတ်ကူးယဉ်ပုံပြင်ဆန်ဆန် သစ်ပင်ဥမင်များ၏ ပိုမိုအံ့အားသင့်ဖွယ်အချက်မှာ ပင်စည်အခြေများကို လှိုဏ်ခေါင်းဖောက်ထားသော်လည်း အပင်များမှာ ဆက်လက်ရှင်သန်ကြီးထွားဆဲ ရှိနေခြင်းပင်။

Amusing Planet ၏ ဖော်ပြချက်အရ နှစ်ထောင်ချီအပင်ကြီးများ၏ ပင်စည်ကိုဖောက်ကာ မော်တော်ကားဖြတ်သန်းနိုင်ရန် ပထမဆုံးစတင်လုပ်ဆောင်ခဲ့သည်မှာ ၁၈၇၅ ခုနှစ်တွင်ဖြစ်သည်။

Yosemite အမျိုးသားဥယျာဉ်အတွင်း တည်ရှိသော အပင်ကြီးများ၏ ပင်စည်များကို ဥမင်ဖောက်ခဲ့ခြင်း၏ ရည်ရွယ်ချက်မှာ ခရီးသွားလုပ်ငန်းကို မြှင့်တင်ပေးနိုင်ရန်ဖြစ်ပြီး ထိုဥမင်အတွင်းမှ ဖြတ်သန်းမည်ဆိုလျှင် ဝင်ကြေးပေးရသည်ဟု ဆိုသည်။

၁၈၇၅ ခုနှစ်အတွင်းက နှစ်ပေါင်း ၂၅၀၀ သက်တမ်းရှိ အလွန်တရာကြီးမားမြင့်မားလှသော ဆက်ကွိုင်းယားပင် ကြီးတစ်ပင် မိုးကြိုးပစ်ခံရခြင်းမှ စတင်ခဲ့ခြင်း ဖြစ်သည်။

ထိုဓလေ့မှာ ယနေ့အထိ ဆက်လက်တွင်ကျယ်ခဲ့ပြီး အားလပ်ရက်အပန်းဖြေသူများသည် အံ့အားသင့်ဖွယ် ဥမင်များမှ ကားဖြတ်မောင်းကာ အပန်းဖြေခဲ့ကြသည်။

နှစ်ကာလများစွာ ကုန်လွန်ကျော်ဖြတ်ခဲ့ပြီးနောက်ပိုင်း အခြားသစ်ပင်များကိုလည်း အခေါင်းပေါက် ဖောက်ခြင်း များ ဆက်လက်ပြုလုပ်ခဲ့ပြီး ထိုဥမင်အခေါင်းပေါက်မှ ဖြတ်သန်းသူ ကမ္ဘာလှည့်ခရီးသည်များကို အခကြေးငွေ ကောက်ခံခဲ့ကြသည်။

ယနေ့တွင်မူ သစ်ပင်များကို ဆက်လက် အခေါင်းပေါက် ဖောက်လုပ်ခြင်းများ မရှိတော့ချေ။ သဘာဝ ပတ်ဝန်းကျင် ထိခိုက်စေနိုင်မည့်အရေး ရတက်မအေးသောကြောင့် အခေါင်းပေါက် ဖောက်ခြင်းများ ရပ်ဆိုင်းသွားခဲ့သည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
ဟောင်ကောင်က ဆင်းရဲသားမိသားစုလေး ထီပေါက်ခဲ့ပြီးနောက် အလွန်ချမ်းသာသွားသော်လည်း လောင်းကစားသမား အဒေါ်မသိစေရန် နှစ်ပေါင်းများ
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
ဘင်အက်ဖလက်နှင့် လမ်းခွဲပြီးနောက် အသက် ၆၂ နှစ်အရွယ် တွမ်ခရုစ်နှင့် တွဲနေသော ရုပ်ရှင်မင်းသမီး အန်နာ ဒီ အားမက်စ်၏ စံအိမ်
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 14 Jun To 15 Jun

Magical World Apartment

From 14 Jun To 15 Jun

Mingalar Market

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service