ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား..... - Property Knowledge in Myanmar from iMyanmarHouse.com
475 Views

ဆောင်းအေးတယ်။ ရေချိုးရမလား...မချိုးရဘူးလား.....

Knowledge | Posted by Aye Myat Thu

ဆောင်းအေးလာရင် တွေဝေမိတာ တစ်ခု ရှိတယ်ဟုတ်။ လူတိုင်းတော့ မဟုတ်ပေမယ့် အချို့ အအေးဒဏ်ကို ကြောက်တဲ့သူတွေကတော့ တွေဝေမယ် ထင်ပါတယ်နော်။ ဆောင်းအေးတဲ့အခါ စိတ်ထဲမှာ အထပ်ထပ်အခါခါ ဆုံးဖြတ်ရခက်နေတာက ရာသီဥတုကလည်း အေးလိုက်တာ၊ ရေချိုးရ ကောင်းမလား။ မချိုးရကောင်းမလား ဆိုတဲ့ ကိစ္စပါ။

ဆောင်းအေးတယ်။ ရေချိုးရမလား…မချိုးရဘူးလား…….. ဆိုတော့

ဆောင်းအေးတယ်။ ရေချိုးရမလား…မချိုးရဘူးလား…….. ဒီအဖြေကို ရေချိုးရ မကြိုက်တဲ့ သူတွေကတော့ သဘောမတွေ့လောက်ပေမယ့် အဖြေကတော့ ဆောင်းအေးနေရင်တောင် ရေချိုးလိုက်ပါလို့ပဲ ပြောပါရစေနော်။ အကြာကြီးတော့ စိမ်မချိုးနဲ့ပေါ့။ ရေချိုးပါလို့ ပြောရတာက ဘာကြောင့်များလဲလို့ မေးခွန်းထုတ်ချင်နေသူလေးတွေ ဒီဆောင်းပါးမှာ ဆက်ပြောပြပေးထားတယ်နော်။

ဆောင်းအေးပေမယ့် ရေချိုးပါလို့ပြောရတဲ့အကြောင်းအရင်း

ဆောင်းအေးနေပေမယ့် ရေချိုးပါလို့ပြောရတာက ဒီအကြောင်းတွေကြောင့်ပါ။

 

 

လန်းဆန်းစေတယ်

ဆောင်းတွင်းမှာ အေးလို့ဆိုပြီး အိပ်ရာထဲ ကွေးနေမယ့်အစား အိပ်ရာထဲက ထပြီး သွေးပူလေ့ကျင့်ခန်းလေးလုပ်၊ ပြီးရင် ရေလေးချိုးလိုက်တာက တက်ကြွလန်းဆန်းမှုတွေကို ရရှိစေနိုင်မှာပါ။ ဒီလိုအချိန်မှာ ရေချိုးလိုက်တာက ကိုယ်တွင်းမှာ အောက်ဆီဂျင် စီးဆင်းရောက်ရှိမှုကို ကောင်းစေနိုင်ပါတယ်။ ရေအေးကြောက်ရင် ရေနွေးနဲ့ရောပြီး ချိုးပေးလို့ ရပါတယ်။

အရေပြားကျန်းမာစေတယ်

ဆောင်းရာသီမှာ လူတော်တော်များများ ရွေးချယ်မှာက ရေမချိုးဖို့ပေါ့နော်။ ဒါပေမယ့် ရေချိုးလိုက်တာက အသားအရေကို ကျန်းမာအောင် ထိန်းသိမ်းရာရောက်ပါတယ်။ ဆောင်းရာသီမှာ အသားအရေပြဿနာ ကင်းချင်တယ်ဆိုရင် ရေချိုးဖို့ မပျင်းပါနဲ့။ ရေက အရမ်းမပူဖို့ကိုလည်း သတိထားပေးပါ။ အရေပြားပေါ်မှာ ဆဲလ်သေတွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေ ကင်းစင်မှုက အရေပြား ကျန်းမာရေးကို အများကြီး ထောက်ပံ့ပေးနိုင်မှာပါ။

စိတ်ဖိစီးမှုသက်သာစေနိုင်တယ်

ဆောင်းအေးနေချိန် ရေချိုးခန်းထဲဝင်ပြီး ရေအေးအေးတစ်ခွက်လောက် လောင်းချလိုက်တာက စိတ်ရောကိုယ်ပါ လန်းဆန်းသွားစေတာတော့ အမှန်ပဲနော်။ ခနဓာကိုယ်မှာ စိမ့်စိမ့်လေး အေးသွားတဲ့အခါ ကိုယ်တွင်းက ယူရစ်အက်ဆစ်တွေ ကျဆင်းသွားနိုင်တယ်လို့ လေ့လာမှုတွေအရ သိရပါတယ်။ စိတ်ညစ်တာတွေ လစ်သွားစေချင်ရင် ဆောင်းအေးအေးမှာ ရေချိုးပြီး ပြီးရင် နွေးနွေးထွေးထွေးလေး နေပေးပါ။

 

 

ကိုယ်ခံအားကောင်းစေနိုင်တယ်

ရေအေးနဲ့ ရေချိုးပေးတာက ကိုယ်တွင်းက သွေးဖြူဥဆဲလ် အရေအတွက်ကို တိုးစေနိုင်ပြီး ကိုယ်ခံအား ကောင်းစေဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာနေချင်တယ်၊ ကိုယ်ခံအား ကောင်းချင်တယ်ဆိုရင် ဆောင်းအေးအေးမှာ ရေချိုးဖို့ မပျင်းပါနဲ့။

စိတ်ဓာတ်ကျမှုကင်းစေတယ်

ဦးနှောက်ထဲမှာ Endorphins ထုတ်လွှတ်မှု များတဲ့အခါ စိတ်ခံစားမှုက ကောင်းသလို စိတ်ဓာတ်ကျမှု ကင်းဝေးတာကို တွေ့ရမှာပါ။ ဆောင်းရာသီက စိတ်ဓာတ်ကျမှုကို ပိုဖြစ်စေနိုင်ပေမယ့် ဒါကို ကာကွယ်ချင်ရင်တော့ ဆောင်းအေးအေးမှာ ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပြီး ရေချိုးလိုက်ပါ။ ဒါက နာကျင်မှုတွေကိုပါ သက်သာစေနိုင်တဲ့ နည်းလမ်းကောင်း တစ်ရပ်ပါ။

သွေးလည်ပတ်မှုကောင်းစေတယ်

ဆောင်းမှာ ရေချိုးတာက သွေးကြောတွေကို ပွင့်စေပြီး ခန္ဓာကိုယ်မှာ သွေးစီးဆင်းရောက်ရှိမှုကို ကောင်းစေနိုင်ပါတယ်။ အအေးဒဏ်ကိုတုံ့ပြန်ဖို့ ခန္ဓာကိုယ်နွေးထွေးစေဖို့ တုံ့ပြန်မှုက သွေးစီးဆင်းမှုကို ကောင်းစေပြီး ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို သွေးစီးဆင်းရောက်ရှိမှု ကောင်းစေမှာ အသေအချာပါ။

ရေချိုးတာက စိတ်လက်ပေါ့ပါးလန်းဆန်းမှုတွေကို ပေးစွမ်းနိုင်သလို တစ်ကိုယ်ရေသန့်ရှင်းရေးကိုလည်း ဂရုစိုက်ရာ ကျတာ​ကြောင့် အသက် အရမ်းကြီးမနေဘူး။ ပြင်းထန်တဲ့ ရောဂါအခြေအနေ တစ်ရပ်ကို ခံစားမနေရဘူး ဆိုရင် တစ်နေ့တစ်ကြိမ်တော့ ရေချိုးပါလို့၊ တိုက်တွန်းပါရစေနော်....

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: hellosayarwon

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service