တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
639 Views

တရားမှုနှင့် စပ်လျဉ်း၍ တင်ပြရန် အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Shwe Zin Win

တရားမမှုခင်း ကိစ္စရပ်များမှာ တရားမကျင့်ထုံးဥပဒေပုဒ်မ - ၁၄၁ အတိုင်း လိုက်နာဆောင်ရွက်ရမည်ဖြစ် ပါသည်။ တရားရုံးသို့ အဆိုအချေများ ရေးသားတင်ပြရာတွင်လဲ တရားမကျင့်ထုံးဥပဒေအမိန့်- (၆)၊ နည်း-(၁) တွင် ဖော်ပြထားပြီးဖြစ်ရာ အဆိုလွှာမှာ အမိန့် - ၇၊ ချေလွှာမှာ အမိန့် - ၈ ပါအတိုင်း ပြင်ဆင်ရေးသားရမည် ဖြစ်ပါသည်။

အဆိုလွှာတွင် တရားလိုမှ ၎င်းတောင်းဆိုရန်ရှိသော အချက်အလက်အကြောင်းချင်းရာကို ဖော်ပြရေးသား ရမည်ဖြစ်ပါသည်။ အမိန့်-၆ နည်း-၂အရလဲ အဆို၊ အချေများ၌ အရေးကြီးသည့်အကြောင်းအရာအား အကျဉ်းချုပ် ဖော်ပြရန်သာ လိုအပ်ပါသည်။ အဆို၊ အချေ တွင် သက်သေထင်ရှားပြသရမည့် သက်သေခံချက်များတင်ပြရန် မလိုသေးပါ။ အမှုမစွဲဆိုခင် နို့တစ်စာများ ပေးပို့ခဲ့သည်ရှိက အဆို၊ အချေ၌ နို့တစ်စာပါ အကြောင်းအရာများကို အသေးစိတ် ရေးသားဖော်ပြရန် မလိုပါ။ အရေးပါသော အကြောင်းအရာများကို တိကျစွာ အဆို၊ အချေ၌ ဖော်ပြပြီး မလိုအပ်သောအကြောင်းအရာများ ထည့်သွင်းဖော်ပြရန် မလိုပါ။

ထို့အပြင် တရားမကျင့်ထုံးဥပဒေ- ၆၊နည်း-၁၄၊၁၅ အရ အဆိုအချေများတွင် မှန်ကန်ကြောင်း ဝန်ခံချက် ဖြင့် လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။ တရားမကျင့်ထုံးဥပဒေ - ၁၃ အရ တရားလို ၊ တရားပြိုင်ဘက်မှ အဆိုလွှာ၊ ချေလွှာများအား ပြင်ဆင်မှုပြုလိုပါကလဲ တရားရုံးမှ တရားမကျင့်ထုံးဥပဒေ အမိန့် - ၆ ၊ နည်း - ၁၇ အရ တရားရုံး၏ ခွင့်ပြုချက်ရှိမှသာ အဆို ၊ အချေ ပြင်ဆင်ခွင့်ရရှိနိုင်မည်ဖြစ်ပါသည်။ အဆိုအချေများအား ပြင်ဆင်ခွင့်ပြုခြင်းမှာလဲ အမှုအား ပြည့်စုံစွာတင်ပြနိုင်ရန်နှင့် တရားမျှတမှုရှိစေရန် ရည်ရွယ်၍ တရားရုံးမှ ပြင်ဆင်ခွင့်ပြုခြင်းပင်ဖြစ်ပါသည်။

တရားရုံးမှ အဆိုအချေများပေါ် မူတည်ကာ အငြင်းပွှားသည့် အကြောင်းအရာအတွက် ငြင်းချက်ထုတ် ပေးပါသည်။ အဆိုလွှာနှင့် ချေလွှာတွင် မပါဝင်သော အငြင်းထွက်အကြောင်းအရာကို တရားရုံးမှ အဆုံးဖြတ် ပေးမည်မဟုတ်ပါ။ (ဒေါ်ကျင်အေးပါ-၂နှင့် ဒေါ်ဖြူ ၁၉၉၄၊မတစ စာ-၁၄) ကာလစည်းကမ်းသတ်ဥပဒေမှာ အငြင်းပွှားမှုများဖြစ်ပေါ်တတ်သဖြင့် ကာလစည်းကမ်းသတ်ဥပဒေ အပိုဒ်(၃)အရ ကာလစည်းကမ်းသတ်ကျော်လွန်ခြင်းမရှိကြောင်း အဆိုလွှာတွင် ဖော်ပြပေးရမည်။

မရွှေ့မပြောင်းနိုင်သောပစ္စည်းအား အငြင်းပွှားမှုဖြစ်ပွှားပါက တရားမကျင့်ထုံးဥပဒေအမိန့် -၇၊ နည်း-၃အရ ပစ္စည်းတည်နေရာ ဦးပိုင်အမှတ်၊ အကွက်အမှတ်၊ ကြေးတိုင်မြေစာရင်းမှ မှတ်တမ်းအမှတ်အသားများကို အဆိုလွှာတွင် တိကျစွာဖော်ပြထားရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့က မိမိတို့၏ မင်္ဂလာပွဲတွင် လက်ဖွဲ့မပေးဘဲ ဗင်းနစ်မြို့ကိုသာ လှူဒါန်းပေးကြပါရန် မင
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
သေသူအလောင်းကောင်နှင့် တစ်နှစ်တန်ကြာအတူယှဉ်တွဲနေထိုင်ကြသော အင်ဒိုနီးရှား Sulawesi ကျွန်းမှ Toraja လူမျိုးစုများ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
အိန္ဒိယနိုင်ငံ၊ ဂူဂျာရတ်ပြည်နယ် ဝန်ကြီးချုပ် ဗီဂျေး ရူပနိ (ရန်ကုန်သား) နှင့် နံပါတ် ၁၂ တို့၏ ဆန်းကြယ်သော ဆက်နွှယ်မှုအကြေ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
ထိုင်ဝမ်တွင် အမျိုးသားတစ်ဦးမှာ သံချေးတက်နေသော ဓာတ်ဘူးကို ၁၀ နှစ်ကြာ အသုံးပြုခဲ့ရာမှ ခဲဆိပ်သင့်ကာ သေဆုံးသွားသည့်အဖြစ် ဟို
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Royal Theikdi Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service