ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ - Property Knowledge in Myanmar from iMyanmarHouse.com
514 Views

ကိတ္တိမသားသမီးမွေးစားခြင်း တရားဝင်ဆောင်ရွက်ရာတွင် သိရှိထားသင့်သည့်အချက်များ

Knowledge | Posted by Aye Myat Thu

ကိတ္တိမသားသမီးမွေးစားခြင်း ဥပဒေမှာ ၁၉၃၉ ခုနှစ်တွင် အတည်ပြုပြဌာန်းထားပြီး ယင်းဥပဒေအရ ၁၉၄၁ ခုနှစ် နောက်ပိုင်း သားသမီးမွေးစားခြင်းများနှင့် အကျုံးဝင်ပါသည်။ ကိတ္တိမသားသမီးများ မွေးစားမှုပြုပြီး နောက် ၎င်း၏ တရားဝင်အမွေဆက်ခံရေးမှာတော့ မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့်အညီ ဆုံးဖြတ်ရမည်ဖြစ်ပါ သည်။ ကိတ္တိမသားသမီးများအဖြစ် တရားဝင်မှတ်ပုံတင်စာချုပ်ချုပ်ဆိုကာ ဆောင်ရွက်ပြီးဖြစ်ပါက ၎င်းမှာသား ရင်းသမီးရင်းများနှင့် မခြားနားပါ။

မြန်မာဓလေ့ထုံးတမ်းဥပဒေနှင့် သက်ဆိုင်သော ဗုဒ္ဓဘာသာဝင်များမှာ သားသမီးမွေးစားခြင်း ဆောင်ရွက်လိုပါက ကိတ္တိမသားသမီးမွေးစားခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်စာချုပ်စာတမ်း ပြုလုပ်ရမည်ဖြစ်ပါသည်။ လင်မယားနှစ်ဦးသည် သားရင်းသမီးရင်းရှိသည့် အခါများတွင်လဲ သားသမီးမွေးစားနိုင်သည့် အခွင့်အရေးရှိပါ သည်။ လင်မယားနှစ်ဦး သားသမီးမွေးစားမှုပြုရန် အတူတူ သဘောတူညီမှုရှိရန်တော့ လိုပါသည်။ တရားဝင်မွေး စားမှုပြုသော သားသမီးကိုသာ ကိတ္တိမသားသမီးဟု ခေါ်ဆိုခြင်းပြုနိုင်ပါသည်။

ကိတ္တိမသားသမီးမွေးစားခြင်းမှာ မှတ်ပုံတင်စာချုပ်စာတမ်းချုပ်ဆို၍ မွေးစားခြင်းမျိုးမဟုတ်ပါက အမွေ ဆက်ခံရေးများတွင် အငြင်းပွှားမှုများ ပေါ်ပေါက်လာမည်ဖြစ်ပါသည်။ သားသမီးမွေးစားခြင်းဆိုသည်မှာလဲ မြန်မာ ဓလေ့ထုံးတမ်းဥပဒေနှင့်အညီ အမွေဆက်ခံမှုပေးလိုကြောင်း ရည်ရွယ်ခြင်းပင်ဖြစ်ပြီး မှတ်ပုံတင်စာချုပ်ဖြင့် အတိ အလင်း ဆောင်ရွက်ထားရမည်ဖြစ်ပါသည်။

ကိတ္တိမသားသမီးမွေးစားခြင်းကို မြန်မာဓလေ့ထုံးတမ်းနှင့်အညီ အခမ်းအနားပြုလုပ်၍ မွေးစားရန်တော့ မလိုပါ။ တရားဝင်အမွေစား အမွေခံစာချုပ်ချုပ်ဆိုရာတွင်လဲ မွေစားခြင်းခံရသူသည် (၁၈)နှစ်ပြည့်ပြီးသူဖြစ်ပါက ကိုယ်တိုင် လက်မှတ်ရေးထိုးမှုပြုရမည်။ (၁၈)နှစ် မပြည့်သေးသူအား မွေးစားခြင်းဖြစ်ပါက မြန်မာ့ဓလေ့ထုံးတမ်း ဥပဒေအရ အုပ်ထိန်းသူမှ သဘောတူညီကာ လက်မှတ်ရေးထိုးရမည်ဖြစ်ပါသည်။ အသက်အရွယ် မပြည့်သေး သူဖြစ်ပါက မိရင်းဖရင်း၏ သဘောတူညီချက်ရယူရမည်ဖြစ်ပြီး မိဘနှစ်ဦးစလုံး သဘောတူညီမှုရှိမှ မွေးစားခြင်း ပြုနိုင်မည်ဖြစ်ပါသည်။ (မောင်ညွန့်ရင်နှင့် မကြင်၊ ၁၉၄၁ ရန်ကုန် ၄၄၅) ထို့ပြင် အမွေစား အမွေခံ မွေးစားခြင်း မှတ်ပုံတင်စာချုပ်တွင် အသိသက်သေအနည်းဆုံး နှစ်ဦးလက်မှတ် ရေးထိုးမှုပြုရမည်ဖြစ်ပါသည်။ အမွေစားအမွေခံ မွေးစားခြင်း မှတ်ပုံတင်စာချုပ်အား စာချုပ်စာတမ်းမှတ်ပုံတင် အက်ဥပဒေအပိုဒ် ၅၁(၁)အရ စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၏ စာအုပ်အမှတ်-(၄)တွင် မှတ်ပုံတင်ရေးသွင်းခြင်းလဲ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
ရိုမေးနီးယားတွင် အဘွားအိုတစ်ဦးက စမ်းချောင်းထဲမှ ကျောက်ခဲတစ်ခုကောက်ယူလာကာ တံခါးခုသည့် ကျောက်တုံးအဖြစ် နှစ်ပေါင်းများစွာအသ
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိန္ဒိယတွင် အမျိုးသားတစ်ဦးက လက်မထပ်မီ ၁၀ ရက်အလို၌ သတို့သမီးလောင်း၏ မိခင် (ယောက္ခမလောင်း) အား ခိုးပြေးသွားသည့်ဖြစ်ရပ် အိန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

CarsDB
imyanmarmarket

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service