မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး - Property Knowledge in Myanmar from iMyanmarHouse.com
930 Views

မိုက်ခရိုဝေ့(Microwave) နှင့် ပြန်နွှေးပြီး မစားသင့်သော အစာ (၇) မျိုး

Knowledge | Posted by Aye Myat Thu

ဒီဘက်ခေတ်မှာ မိုက်ခရိုဝေ့မီးဖိုလေးတွေကို လူတွေက တအားကြိုက်လာကြတယ်။ ဘာလို့ဆိုတော့ အပူပေးချက်ပြုတ်ရတာ အင်မတန်မှ လျှင်မြန်လွန်တာကိုးဗျ။

ဒါပေမယ့် မိုက်ခရိုဝေ့က ထုတ်လုပ်ပေးတဲ့အပူလှိုင်းဟာ တကယ်တန်းတော့ တချို့သော ဘက်တီးရီးယားတွေကို မသတ်နိုင်သလို တချို့သောအစားအသောက်တွေကို ကင်ဆာဖြစ်စေနိုင်တဲ့ Carcinogen အဖြစ် ပြောင်းသွားစေတတ်တာကိုတော့ သတိမထားမိကြဘူး။

 

(၁) ကြက်ဥပြုတ်

ကြက်ဥပြုတ်ကို မိုက်ခရိုဝေ့ထဲထည့်ပြီး ပြန်နွှေးစားမယ်ဆိုရင် မိုက်ခရိုဝေ့ထဲကထွက်တဲ့အပူဟာ ရေနွေးငွေ့ဗုံးတလုံးလိုဘဲ ကြက်ဥပြုတ်ထဲမှာကိန်းအောင်းနေတယ်။ မိုက်ခရိုဝေ့ထဲမှာတော့ အပူချိန်ညီမျှနေလို့ ဘာမှမဖြစ်ပေမယ့် ထုတ်လိုက်တဲ့အချိန်မှာတော့ လက်ထဲမှာသော်လည်းကောင်း ပန်းကန်ထဲမှာသော်လည်းကောင်း ပါးစပ်ထဲရောက်မှသော်လည်းကောင်း အချိန်မရွေးပေါက်ကွဲထွက်နိုင်တယ်။ ဒါကြောင့် ကြက်ဥပြုတ်ကို မိုက်ခရိုဝေ့နဲ့ ပြန်နွှေးစားမယ်ဆိုရင် အတုံးလေးတွေဖြစ်အောင် လှီးပြီးမှနွှေးစားသင့်တယ်။

 

(၂) နို့ဗူး

တချို့မိခင်တွေက ကလေးသောက်ဖို့ နို့ဗူးကို ကြိုတင်ဖျော်ထားပြီး မပျက်စီးအောင်ရေခဲသေတ္တာထဲမှာ အအေးခံထားတတ်ကြတယ်။ အဲ့အကြံက မဆိုးပါဘူး။ ဒါပေမယ့် ကလေးသောက်ခါနီး ပြန်အပူပေးဖို့လုပ်ရင် အလွယ်တကူဘဲ မိုက်ခရိုဝေ့ထဲထည့်ပြီး ပြန်နွှေးလိုက်ကြတာဘဲ။ အဲ့လိုလုပ်မယ်ဆိုရင် မိုက်ခရိုဝေ့က အပူကြောင့် နို့ထဲမှာ နို့ပူခဲသေးသေးလေးတွေကိုဖြစ်စေတယ်။ အဲ့ နို့ပူခဲလေးတွေက ကလေးရဲ့ပါးစပ်နဲ့အာခေါင်ကို အပူလောင်စေတတ်တယ်ဗျ။ နောက်တခုက နိုးဗူးကပလပ်စတစ်တွေက မိုက်ခရိုဝေ့နဲ့ အပူပေးတဲ့အခါ Carcinogen အဖြစ် ပြောင်းသွားတတ်ကြပြန်တယ်။ ကလေးအတွက်မကောင်းဘူး။ ဒါကြောင့် ကလေးနို့ဗူးကို ပြန်အပူပေးမယ်ဆိုရင် ရေနွေးလေးထဲမှာ ပြန်စိမ်ပြီးအပူပေးတာက အကောင်းဆုံးပါဘဲ။

 

(၃) ကြာရှည်ခံအောင်ပြုလုပ်ထားတဲ့အစားတွေ

အဲ့အစားတွေမှာက နဂိုကတည်းကကို ကြာရှည်ခံအောင် ဓာတုပစ္စည်းတွေက ပါပြီးသား။ အဲ့အစားတွေကို မိုက်ခရိုဝေ့နဲ့ ပြန်နွှေးတဲ့အခါ ကျန်းမာရေးအတွက်ပိုဆိုးစေတဲ့ ဓာတုဒြပ်ပေါင်းပစ္စည်းတွေ ထွက်လာတတ်တယ်။ ကြာရှည်ခံအောင်လုပ်ထားတဲ့အသားတွေက မိုက်ခရိုဝေ့ထဲကထွက်လာတဲ့ အပူလှိုင်းနဲ့ထိတွေ့မိတဲ့အခါ ဓာတ်ပြုကြပြီးတော့ Cholesterol Oxidation Product လို့ခေါ်တဲ့ နှလုံးသွေးကြောကိုကျဉ်းစေတဲ့ ဓာတုဒြပ်ပေါင်းတမျိုးကို ဖြစ်လာစေတယ်။

 

(၄) ထမင်း

ဆန်ထဲမှာက Bacillus Cereus လို့ခေါ်တဲ့ အားကောင်းတဲ့ ပိုးတမျိုးရှိတယ်။ ဆန်ကိုထမင်းဖြစ်အောင်ချက်လိုက်တဲ့အခါ အဲ့အကောင်က အပူကြောင့် သေသွားတယ်။ ဒါပေမယ့် သူက ဥလေးတွေဥထားခဲ့တယ်။ အဲ့ဥလေးတွေက အပူဒါဏ်ကို ခံနိုင်ရည်ရှိတယ် ပြီးတော့အစာအဆိပ်သင့်စေတဲ့ toxin (အဆိပ်) တမျိုးကို ထုတ်နိုင်တယ်။ အဲ့ toxinက အဆိပ်၂မျိုးထုတ်နိုင်တယ်။ တမျိုးက အန်စေတယ်။ နောက်တမျိုးက ဝမ်းလျှောစေတယ်။ ထမင်းကို မိုက်ခရိုဝေ့နဲ့နွှေးလိုက်တဲ့အခါ အဲ့ဥလေးတွေက မိုက်ခရိုဝေ့ထဲက အပူချိန်နဲ့ စိုထိုင်းဆတို့ပေါင်းစပ်ပြီး ပိုမိုပွားများလာကြတယ်။ အာ့ကြောင့် ထမင်းကို မိုက်ခရိုဝေ့နဲ့နွှေးပြီးစားရင် အစာအဆိပ်သင့်သလိုမျိုး အထက်လန် အောက်လျှော ဖြစ်တတ်တယ်။

 

(၅) ကြက်သား

မိုက်ခရိုဝေ့နဲ့ပါတ်သတ်ပြီး သိထားရမယ့်အချက်က သူရဲ့အပူဟာ ဘက်တီးရီးယားတွေကို မသတ်နိုင်ဘူး။ အာ့ကြောင့် ကြက်သားလို ဘက်တီးရီးယားတွေများတဲ့ အစားအစာတွေကို စားမယ်ဆိုရင် မိုက်ခရိုဝေ့နဲ့ မချက်သင့်ဘူး။ ပြန်နွှေးစားမယ်ဆိုရင်တောင် ပိုးသေအောင်သေချာချက်ပြုတ်ထားတဲ့ ကြက်သားဟင်းကိုဘဲ ပြန်နွှေးစားသင့်တယ်။ ကြက်သားမှာ တိုက်ဖွိုက်ရောဂါ (အူရောင်ငန်းဖျားရောဂါလို့လည်းခေါ်ကြတယ်) ကိုဖြစ်စေတဲ့ Salmonella လို့ခေါ်တဲ့ ဘက်တီးရီးယားတွေ ပါနေတတ်တယ်။

စမ်းသပ်မှုတခုမှာ လူအယောက်၃၀ကို ကြက်သားစိမ်းတွေပေးပြီး ချက်စားခိုင်းတယ်။ အဲ့မှာ မိုက်ခရိုဝေ့နဲ့ ချက်စားတဲ့ လူ၁၀ယောက်က ဖျားသွားပြီး အခြားနည်းနဲ့ သေချာကျက်အောင်ချင်စားတဲ့ လူ၂၀က ကျန်းကျန်းမာမာရှိနေတယ်လို့ တွေ့ခဲ့ရဖူးတယ်။

 

(၆) အရွက်စိမ်းတွေ

အရွက်စိမ်းတွေကို ကြော်ချက်စားသောက်ပြီး ပိုနေသေးတယ်ဆိုရင် ပြန်နွှေးစားတဲ့အခါ မိုက်ခရိုဝေ့ကို မသုံးသင့်ဘူး။ အရွက်စိမ်းတွေမှာပါတဲ့ လူကိုအကျိုးပြုတဲ့ Nitrate တွေဟာ Nitrosamine လို့ခေါ်တဲ့ ကင်ဆာဖြစ်စေတဲ့အရာတွေအဖြစ် ပြောင်းသွားနိုင်လို့ဘဲ။

 

(၇) ငရုတ်သီး

ငရုတ်သီးကို မိုက်ခရိုဝေ့ထဲ ထည့်ချက်လိုက်တဲ့အခါ ငရုတ်သီးကိုစပ်စေတဲ့ Capsaicin ဓာတ်တွေဟာ လေထဲကိုပျံနှံ့သွားပြိး မျက်လုံးတွေ လည်ချောင်းတွေကို စပ်စေတယ်။

တခါတုန်းက နယူးယောက်မြို့မှာ ငရုတ်သီးတွေကို မိုက်ခရိုဝေ့နဲ့ချက်တာ များလာတော့ ငရုတ်ငွေ့တွေ လေထဲပျံ့နှံ့ပြီး လူတွေ မျက်စိတွေစပ် အသက်ရှူတွေကြပ်လာလို့ အဆောက်အဦး တခုကို ဖြိုချလိုက်ရတယ်လို့ ဖတ်ဖူးတယ်ဗျ။

မိုက်ခရိုဝေ့ဟာ သုံးတတ်ရင်အသုံးဝင်ပေမယ့် မသင့်တော်တဲ့နေရာမှာသုံးမိရင် ဘေးထွက်ဆိုးကျိုးများတယ်ဆိုတာကို သိသလောက် မျှဝေလိုက်ပါတယ်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: ဒေါက်ပြည့်

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service