သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
777 Views

သက်သေခံဥပဒေတွင် ပါဝင်သည့် သက်သေတင်ပြခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပါသည်။

Knowledge | Posted by Aye Myat Thu

သက်သေခံဥပဒေ- ၁၀၁ အရ တရားရုံးတွင် အငြင်းပွှားမှုကိစ္စရပ်များနှင့် စပ်လျဉ်း၍ အမှုသည်မှ ၎င်း၏ ရပိုင်ခွင့်၊ တာဝန်များအတွက် တရားရုံး၏ အဆုံးအဖြတ် ရယူလိုလျှင် မှန်ကန်ကြောင်း အကြောင်းချင်းရာအား ထင်ရှားစွာ သက်သေထင်ရှားပြသရန် လိုပါသည်။

ပြစ်မှုများတွင် တရားလိုမှ တရားခံပြစ်မှုကျုးလွန်ကြောင်း ထင်ရှားစွာ သက်သေထင်ရှားပြသရန်လို သကဲ့သို့ တရားမမှုများတွင်လဲ တရားလိုမှာ မိမိရပိုင်ခွင့် အခွင့်အရေးတစ်ရပ်အား ထင်ရှားစွာ သက်သေပြသသည့်အခါမှ အနိုင်ဒီဂရီရရှိမည်ဖြစ်ပါသည်။ ပြစ်မှုများတွင် တရားခံသည် ပြစ်မှုကျူးလွန်သည်မှာ မှန်ကန်ကြောင်း သံသယမရှိစေရန် သက်သေထူရန် တာဝန်သည် တရားလိုထံတွင် အစဉ်သဖြင့်ရှိပါသည်။တရားခံမှာမှု ၎င်းမှ ပြစ်မှုမကျူးလွန်ကြောင်း လက်ခံစဉ်းစားသင့်သည့် ခုခံချေချက် တင်ပြနိုင်လျှင်ပင် တာဝန်ကျေပွန်ပါသည်။ ထို့ပြင် တရားမမှုများတွင် နှစ်ဖက်အမှုသည်များမှ မည်သည့်အမှုသည်ကမျှ အမှုဖြစ်အကြောင်းချင်းရာ အား သက်သေမတင်ပြပဲနေလျှင် ရှုံးနိမ့်မည့်အမှုသည်အပေါ်တွင် သက်သေထူရန် တာဝန်ကျရောက်ပြီး သက်သေ အထင်အရှား မပြသနိုင်ပါက အမှုရှုံးနိမ့်မည်သာဖြစ်ပါသည်။

တရားမမှုများ၌ အဖိုးစားနားများပါသော စာချုပ်စာတမ်းများတွင် လက်မှတ်ရေးထိုးပါသော်လည်း တရားရုံးတွင် အဖိုးစားနားများ မပါဝင်ကြောင်း ငြင်းဆိုလျှင် သက်သေတင်ပြရန် တာဝန်သည် မမှန်ကန်ကြောင်း ငြင်းဆိုသူအပေါ်တွင် တာဝန်ကျရောက်ကာ ၎င်းမှ သက်သေထင်ရှား ပြသပေးရမည်ဖြစ်ပါသည်။

ထို့ပြင်သက်သေထူရန် တာဝန်သည် တရားရုံးမှ အကြောင်းချင်းရာ တည်ရှိကြောင်း ယုံကြည်စေလို သူမှလဲ သက်သေထင်ရှားပြရမည် ဖြစ်ပါသည်။ တရားခံ၏ အားနည်းချက်ကို အသုံးချကာ စွပ်စွဲခွင့်မရှိပါ။ ပြစ်မှု အဂီါရပ်နှင့် ညီညွှတ်အောင် စုံလင်စွာ ထင်ရှားပြသနိုင်ရန် တာဝန်မှာ တရားလိုထံတွင်ရှိပါသည်။ တရားခံအား ထင်ကြေးဖြင့် ပြစ်ဒဏ်ချမှတ်၍ မရပါ။ ထို့ကြောင့် ပြစ်မှုများတွင် ကွင်းဆက်မပြတ်သော သက်သေအထောက်အထားများပြသရန်လိုပြီး တရားလိုမှ သက်သေမပြသနိုင်လျှင် တရားခံမှာ ပြစ်မှုစီရင်ခြင်းမှ ကင်းလွှတ်ခွင့်ရမည် ဖြစ်ပါသည်။

အကြောင်းအရာချင်းနှင့် စပ်လျဉ်း၍ သက်သေပြသရာတွင် အောက်ပါအတိုင်းသတ်မှတ်နိုင်ပါသည်။ သက်သေထူရန်တာဝန်၊ သက်သေထင်ရှားပြရန်နှင့် စတင်ပြရန်တာဝန်၊ သက်သေထူရန် တာဝန်ရှိသူ၊ နှစ်ဘက်သက်သေထူသည့် အမှုတွင် သက်သေထူရန်တာဝန်၊ နှစ်ဘက်သက်သေထူသည့်အမှုတွင် သက်သေထူရန်တာဝန်၊ သက်သေထူရန် တာဝန်မှားယွင်းချထားခြင်း၊ ပြစ်မှုတွင် သက်သေထူရန် တာဝန်၊ သေတမ်းစာအတည်ပြု သည့်အမှုတွင် သက်သေထူရန် တာဝန်၊ အဖိုးစားနားမရှိကြောင်း ငြင်းဆိုသူ၏ သက်သေထူရန်တာဝန်၊ လွှဲပြောင်း နိုင်သော စာချုပ်စာတမ်းအရ အမှုတွင် သက်သေထူရန် တာဝန်၊ အမည်ငှားဖြစ်ကြောင်း သက်သေထူရန် တာဝန်၊ ပစ္စည်းလက်ရှိ မဟုတ်သူ၏ သက်သေထူရန်တာဝန်၊ မကောင်းသော စိတ်ထားသက်သေ ထူရန်တာဝန်၊ အရွယ်မ ရောက်ကြောင်း သက်သေထူရန် တာဝန်၊ ကာလစည်းကမ်းသတ်နှင့် အကျုံးမဝင်ကြောင်း သက်သေထူရန်တာဝန်၊ အခြားကိစ္စများနှင့် ပတ်သတ်၍ သက်သေထူရန် တာဝန်တို့ဖြစ်ပါသည်။

အကြောင်းချင်းရာတစ်ခုအား သက်သေထင်ရှားပြသနိုင်ရန်မှာ အခြားအကြောင်းချင်းတစ်ခုအား သက် သေခံ ထင်ရှားပြသရမည်ဆိုပါက မူလအကြောင်းချင်းရာအား ကနဦး သက်သေခံထင်ရှားစွာ အရင်ပြသနိုင်ရမည် ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
အမေရိကန်ပြည်တွင် ဒေါ်လာ ၃၄၈ သန်း ထီဆုကြီး ကံထူးသူ ဆုငွေလာမထုတ်သောကြောင့် ထီရုံးက လိုက်လံရှာဖွေလျက်ရှိ
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
လေယာဉ်အမှုထမ်းတွေက ခရီးသည်တွေအကြောင်း ပြောဆိုရာမှာသုံးတဲ့ စကားဝှက်တွေအကြောင်း
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဝါတွင်းကာလ အိမ်နေရာပြောင်းရွှေ့ခြင်းဆိုင်ရာ မြန်မာလူမျိုးတို့၏ ယုံကြည်မှု
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဒီဝါကျွတ်မှာ နေအိမ်သစ်တစ်လုံးဝယ်ယူနေထိုင်ဖို့အတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲ 🏡
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ဟန်ဆောင်စာချုပ်များအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
အသက် ၁၅၀ ရှည်စေမယ့်ဆေး တီထွင်နေတဲ့ ဟားဗတ်သိပ္ပံပညာရှင် ကိုယ်တိုင်စမ်းသပ်ထားတဲ့ သဘာဝနည်းအတိုင်း အသက်ရှည်နုပျိုစေမယ့်နည်းလ
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
MMA လက်ဝှေ့သမားကို ရန်သွားစမိတဲ့ မလေးရှားကွန်ဒို လုံခြုံရေး လူမိုက်ရဲ့အဖြစ်
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ရုံတင်ပြီး ၄ ရက်အတွင်း ရူပီး ကုဋေ ၁၃၀ ကျော်အထိ ရနေကာ ဝက်ဝက်ကွဲအောင်မြင်နေတဲ့ Saiyaara ဇာတ်ကား မင်းသား Ahaan Panday က အိမ
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ
အိမ်ပြောင်းရွှေ့နိုင်မယ့် နည်းလမ်းကောင်းများ

Upcoming Property Events

From 14 Aug To 31 Aug

THADAR CONDOMINIUM

From 30 Aug To 31 Aug

Magical World Apartment

From 27 Sep To 28 Sep

18th Property and Car Expo

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service