အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
966 Views

အမွေမမီမြေးများ အမွေခွဲဝေခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Shwe Zin Win

 

အမွေမမီမြေးဆိုသည်မှာ ဘိုးဘွားများရှေ့ ကွယ်လွန်သော သားသမီးမှ ကျန်ရှိနေသော မြေးကို အမွေမမှီ မြေးဟု ခေါ်ပါသည်။ ဘိုးဘွားများက အရင်ကွယ်လွန်ပြီး သားသမီးများမှ နောက်မှ ကွယ်လွန်ခြင်းဖြစ်ပါက ကျန် ရှိနေသော မြေးများမှာ အမွေမီမြေး ဖြစ်ပါသည်။

အမွေခွဲဝေစဉ် သားသမီးမှ သက်ရှိထင်ရှားရှိနေပါက မြေးများမှာ ဘိုးဘွားများ၏ အမွေပုံပစ္စည်းနှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိဘဲ သားသမီးနှင့်သာ သက်ဆိုင်ပါသည်။ အမွေ၏သဘောမှ သွေးနီးသူမှ သွေးဝေးသူအား ပယ်ခြင်းမျိုးဖြစ်ပါသည်။ အမွေမမီ မြေးအချင်းချင်း ခွဲဝေရသောအခါတွင် အမွေပုံပစ္စည်းမှာ အညီအမျှရရှိမည်ဖြစ် ပါသည်။

ဘိုးဘွားတို့၏ အမွေပစ္စည်းအပေါ်တွင် မြန်မာ့ဓလေ့ထုံးတမ်းဥပဒေအရ အမွေခွဲဝေမှုပြုရာ၌ အမွေမမီ မြေးမှာ သားကြီးသမီးကြီး ဩရသမှ မွေးဖွားထားသော မြေးဖြစ်ပါက ကျန်ရှိသည့် ဦးလေး၊ ဦးကြီး၊ ဒေါ်လေး၊ ဒေါ်ကြီးနှင့်အတူ အညီအမျှ ခွဲဝေရရှိပါသည်။ ( မစောငွေနှင့် မသိန်းရင်၊ ၁ အယ်ဘီအာ ၁၉၈ စီရင်ထုံး) သားကြီးသမီးကြီး ဩရသမဟုတ်သော အခြားသားသမီးများမှ မွေးဖွားသူ အမွေမမီမြေးဖြစ်ပါက မိမိ၏ မိဘများ သက်ရှိထင်ရှားရှိလျှင်ရရှိမည့် အမွေဝေစု၏ လေးပုံတစ်ပုံသာ ရရှိပါသည်။ အမွေမမီမြေးများမှာ ဝမ်းကွဲ ဦးကြီး၊ ဒေါ်ကြီးများနှင့်သာ အမွေခွဲဝေခြင်းဖြစ်ပါက မိမိအမိအဖရှိစဉ် ရရှိမည့် အမွေအတိုင်း အပြည့်အဝရရှိ သည်။(မောင်စိန်ရွှေနှင့် မောင်စိန်ကြီး၊၁၃ ရန်ကုန် ၆၉ ပီစီ) အဘိုးအဘွားနှစ်ဦးအနက် တစ်ဦးသေဆုံးပြီး ကျန်တစ်ဦးမှ နောက်အိမ်ထောင်ပြုလျှင် အမွေမမီမြေးများ အမွေတောင်းခံခြင်း မပြုနိုင်သေးကြောင်း ဖော်ပြထားသည်ကို ( ဦးထွန်းမြိုင်နှင့် ဦးဘထွန်း-၂ အယ်ဘီအာ ၂၉၂) တွင် တွေ့ရှိနိုင်ပါသည်။

အမွေမမီမြေးများမှ ၎င်းတို့မိဘများ သက်ရှိထင်ရှားရှိစဉ် ရရှိသည့်အခွင့်အရေးအတိုင်း အမွေကိုခံစားရ ခြင်းမျိုးမဟုတ်ဘဲ ၎င်းတို့ အမွေမမှီမြေးအဖြစ် ခံစားခွင့်ရနိုင်သည့်အတိုင်း အမွေဆက်ခံခြင်းမျိုးဖြစ်ပါသည်။ အမွေ မမီ မြေးများသည် ဘိုးဘွားများနှင့်အတူ မနေလဲ အမွေမမီမြေး၏ အခွင့်အရေးမှာ မဆုံးရှုံးကြောင်း ဥပဒေ ဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အိန္ဒိယဉာဏ်ကြီးရှင် ကလေးငယ် ၃ ဦးက လျှပ်စစ်မီးမလိုဘဲ ဆားဖြင့် အအေးဓာတ်ပေးနိုင်သည့် ရေခဲသေတ္တာကို တီထွင်၊ လျှပ်စစ်မီးမရှိသ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
အမေရိကန်ပြည်တွင် ဖခင်နှင့် မိထွေးတို့၏ နေအိမ်အခန်းကျဉ်းလေးအတွင်း နှစ်ပေါင်း ၂၀ ကျော် ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသော သာ
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
အင်ဒိုနီးရှား အမျိုးသားတစ်ဦးက သားဖြစ်သူကို “ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် စာရင်းအင်းဌာန” ဟု ကြံကြံဖန်ဖန် နာမည်ပေးထားမှ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Upcoming Property Events

From 03 May To 04 May

Aung Theikdi Villa

From 03 May To 04 May

Shwe Wutt Hmone Housing

From 25 Apr To 09 May

Mingalardon Garden City

CarsDB
Aung Theikdi Villa

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service