မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ် - Property Knowledge in Myanmar from iMyanmarHouse.com
2669 Views

မိခင်ဖြစ်သူက အသက် ၄၂ နှစ်အရွယ်ရှိသားကို ထိန်းသိမ်းပဲ့ပြင်ရန် နေအိမ်အတွင်း အချုပ်ခန်းဆောက်လုပ်

Knowledge | Posted by Si Thu Aung

ထိုင်းနိုင်ငံတွင် အသက် ၆၄ နှစ်အရွယ်ရှိ အမျိုးသမီးကြီးက နေအိမ်အတွင်း အချုပ်ခန်းတစ်ခု ဆောက်လုပ်ထားခဲ့သည်။

အဘယ်ကြောင့် အိမ်အတွင်း အချုပ်ခန်းဆောက်ရသနည်း။

သားဖြစ်သူကို မူးယစ်ဆေး၊ လောင်းကစားလုပ်ခြင်းတို့မှ ကာကွယ်ရန်အတွက် အချုပ်ခန်း ဆောက်လုပ်ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ၊ ဘူရိယမ်ပြည်နယ်နေ အမျိုးသမီးကြီးသည် မူးယစ်ဆေးစွဲနေသော သားဖြစ်သူကြောင့် စိုးရိမ်ထိတ်လန့်မှုများဖြင့် ပြီးခဲ့သော နှစ်ပေါင်း ၂၀ လုံး ဖြတ်သန်းခဲ့ရကြောင်း ထိုင်းသတင်းဌာန The Thaiger က ဖော်ပြသည်။

မိမိကိုယ်တိုင်နှင့် အိမ်နီးချင်းများ ဘေးကင်းလုံခြုံရေးအတွက် စိုးရိမ်နေရသောကြောင့် အမျိုးသမီးကြီးက အသက် ၄၂ နှစ်အရွယ်ရှိ သားဖြစ်သူကို ထိန်းသိမ်းထားရန် အချုပ်ခန်းတစ်ခု ဆောက်လုပ်ခဲ့သည်။

ထိုအမျိုးသမီးက ရဲတပ်ဖွဲ့သို့ ပြောသည်မှာ မိမိအနေဖြင့် သားဖြစ်သူ၏ ဆေးစွဲမှုကို ကုသပေးနိုင်ရန် နည်းလမ်းအားလုံး ကြိုးစားခဲ့ကြောင်း၊ နိုင်ငံတဝန်းရှိ ပြန်လည်ထူထောင်ရေးစင်တာ ၁၀ ခုသို့လည်း ပို့ပေးခဲ့ဖူးကြောင်း၊ သို့သော် အလုပ်မဖြစ်ခဲ့ကြောင်း ပြောသည်။

အမျိုးသမီးကြီး၏ သားဖြစ်သူ ဆေးစွဲမှုမှာ ပိုမိုဆိုးရွားလာပြီး အပြုအမူများမှာလည်း ပိုမိုကြမ်းတမ်းလာခဲ့သည်။

“ပြီးခဲ့တဲ့ နှစ်ပေါင်း ၂၀ လုံး ကျွန်မ အမြဲကြောက်ရွံ့နေရတယ်”

((အိမ်ထဲတွင် အချုပ်ခန်းဆောက်ခြင်း))

အမျိုးသမီးကြီးမှာ ခင်ပွန်းကွယ်လွန်သွားပြီးနောက် သားဖြစ်သူနှင့် နှစ်ဦးတည်း နေထိုင်ခဲ့ရသည်။

ခင်ပွန်းဖြစ်သူ ကွယ်လွန်သွားခြင်းမှာ သားဖြစ်သူ ဆေးစွဲခြင်းအတွက် စိတ်ဖိစီးခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကြောင့် ဖြစ်ကြောင်း ပြောသည်။

ပြီးခဲ့သော အောက်တိုဘာ ၂၃ ရက်တွင် သားဖြစ်သူကို ထိန်းမနိုင်တော့သောကြောင့် အမျိုးသမီးကြီးက ရဲတပ်ဖွဲ့ကို အကြောင်းကြားခေါ်ယူခဲ့သည်။ ထို့နောက် ဆေးစွဲနေသော သားဖြစ်သူကို ဆေးရုံသို့ ပို့လိုက်သော်လည်း မကြာမီတွင် အိမ်သို့ ပြန်ရောက်လာမည်ဖြစ်ရာ အမျိုးသမီးကြီးက အချုပ်ခန်းတစ်ခုဆောက်ရန် ဆုံးဖြတ်လိုက်သည်။

(သားဖြစ်သူကို အစားအသောက်နှင့် ဝိုင်ဖိုင်တို့ ပေးထား))

သတင်းမီဒီယာများက မစ္စက် အေဟုသာ အမည်ဝှက်ဖြင့် ရေးသားဖော်ပြသော အမျိုးသမီးကြီးသည် မိမိကိုယ်တိုင်နှင့် အိမ်နီးချင်းများ ဘေးကင်းရေးအတွက် အချုပ်ခန်းတစ်ခု ဆောက်လုပ်ခဲ့သည်။

“သားကို လိုအပ်တာတွေအားလုံး စီစဉ်ပေးထားပါတယ်။ အချုပ်ခန်းဘားတန်းတွေကြားကနေ အစားအသောက်နဲ့ ရေပေးပါတယ်” ဟု မစ္စက် အေက ပြောသည်။

သားဖြစ်သူကို ချုပ်နှောင်ထားသောအခန်းတွင် အိပ်ယာ၊ ရေချိုးခန်းတို့ အပါအဝင် မရှိမဖြစ် အရေးကြီးသော facility တို့ ပါဝင်သည်။

ထို့အပြင် သားဖြစ်သူ၏ အပြုအမူကို ၂၄ နာရီစောင့်ကြည့်ရန်အတွက် စီစီတီဗွီကင်မရာလည်း တပ်ဆင်ထားသည်။

ယခုကဲ့သို့ လုပ်ဆောင်ခြင်းအားဖြင့် မိမိနှင့် အိမ်နီးချင်းတို့ကို သားဖြစ်သူ၏ ရန်လိုမှုမှ ကာကွယ်ပေးနိုင်မည်ဟု မစ္စက်အေက ယုံကြည်သည်။

ယခုအခြေအနေနှင့် စပ်လျဉ်းပြီး အာဏာပိုင်တို့က မစ္စက်အေနှင့် ဆွေးနွေးရန် စီစဉ်နေသည်။

အဘယ်ကြောင့်ဆိုလျှင် ယခုကဲ့သို့ အချုပ်ခန်းထားရှိခြင်းမှာ ဥပဒေနှင့်မလွတ်ကင်းသောကြောင့် ဖြစ်သည်။

အားလုံးအဆင်ပြေစိတ်ချမ်းသာစေမည့် နည်းလမ်းတစ်ခုရှာဖွေရန် ရဲတပ်ဖွဲ့က ကြိုးပမ်းနေသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767 သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Ref: Thai mother builds prison cell in her house – Know why (news9live)

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
သိုင်းလောကရဲ့ စိန်ခေါ်သံတွင် လင့်ဟူးချုန်းအဖြစ် သရုပ်ဆောင်ကာ နာမည်ကြီးခဲ့သူ ရုပ်ရှင်မင်းသား လီယဖန်နှင့် ဇနီးတို့ စီးပွား
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service