အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
605 Views

အီလက်ထရောနစ် သက်သေခံနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Shwe Zin Win

တရားရုံးများတွင် အမှုနှင့်သက်ဆိုင်သည့် သက်သေခံများမှာ Onlineမှ တဆင့်ဆက်သွယ် ပြောဆိုချက် များဖြစ်နေပါက အဆိုပါအီလက်ထရောနစ် မှတ်တမ်းများနှင့် သတင်းအချက်အလက်များကို သက်သေခံတင်ပြရာတွင် သက်သေခံအက်ဥပဒေပုဒ်မ - ၃ ၊ ပုဒ်မ-၆၃(၅) ၊ ပုဒ်မ-၆၅(ဃ) နှင့်အညီ သက်သေခံတင်ပြရမည်ဖြစ်ပါသည်။

အီလက်ထရောနစ်ဥပဒေပုဒ်မ-၂(ခ)အရ အီလက်ထရောနစ်မှတ်တမ်းဆိုသည်မှာ သတင်းအချက်အလက် စနစ်တစ်ခုအရလည်းကောင်း၊ သတင်းအချက်အလက် စနစ်တစ်ခုမှ အခြားစနစ်တစ်ခုသို့ ပေးပို့ရာတွင်လည်းကောင်း အီလက်ထရောနစ် နည်း၊ သံလိုက်ဓာတ်၊ အလင်းတန်းဖြတ်သန်းခြင်း၊ နည်းပညာရပ်တရပ်ရပ်ဖြင့်ပေးပို့သည့် လက်ခံရယူသောမှတ်တမ်း (သို့) သိုမှီးထိန်းသိမ်းထားသော အထောက်အထားမှတ်တမ်းတစ်ရပ်ရပ် ကို ဆိုလိုပါသည်။

သက်သေခံဥပဒေပုဒ်မ-၆၃အရ တဆင့်သက်သေခံများ တင်ပြခြင်းဆိုသည်မှာလဲ

(၁)။ နောက်ပိုင်းတွင် ဖော်ပြထားသည့်ပြဌာန်းချက်များအရ ထုတ်ပေးသော တရားဝင်မိတ္တူများ

(၂)။ မူရင်းစာတမ်းအမှတ်အသားမှ စက်ဖြင့်ကူးယူသောကြောင့် မှန်ကန်ကြောင်း ထင်ရှားသည့်မိတ္တူများ၊ ယင်းမိတ္တူ နှင့် တိုက်ဆိုင်ကူးယူသည့်မိတ္တူများ

(၃)။ မူရင်းစာအုပ် အမှတ်အသားမှ ကူးယူပြီး (သို့) တိုက်ဆိုင်ပြီးဖြစ်သည့် မိတ္တူများ

(၄)။ ရေးသားချုပ်ဆိုရာတွင် ပါဝင်ခြင်းမရှိသူအပေါ် တင်ပြသည့် စာတမ်းအမှတ်အသား၏ မူရင်းခွဲများ

(၅)။ စာတမ်းအမှတ်အသားကို တွေ့မြင်ဖူးသူက ယင်းစာတမ်းအမှတ်အသားရှိ အချက်အလက်များနှင့် ပတ်သတ်သည့် ထွက်ဆိုချက်များ အားလုံးပါဝင်ပါသည်။

သက်သေခံပုဒ်မ - ၆၅(ဃ)အရလဲ မူရင်းသည့် လွယ်လင့်တကူ ရွှေ့ပြောင်းခြင်းမပြုနိုင်သည့်အခါတဆင့် သက်သေခံချက်ဖြင့် တင်ပြခွင့်ရှိကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။

ထို့သို့တင်ပြရာ၌ သက်သေခံတင်ပြသူသည် အဆိုပါ သက်သေခံအထောက်အထားများကို အမှန်တကယ် ဖတ်ရှုခဲ့ရသူ ဖြစ်ရမည်။ သက်သေခံတင်ပြသူသည် အဆိုပါသက်သေခံများမှာ သက်သေခံဥပဒေပုဒ်မ- (၉)အရ အမှုနှင့် စပ်ဆိုင်သော အကြောင်းချင်းများဖြစ်ကြောင်း ထင်ရှားအောင် သက်သေခံတင်ပြရန်လဲ လိုပါသည်။

တရားလိုမှ online မှ သက်သေခံချက်များအား CD ကူးယူပြီး သက်သေခံစာတမ်း အမှတ်အသား သက်သေခံအဖြစ် သက်သေခံတင်သွင်းရမည်ဖြစ်ပါသည်။ တရားရုံးမှ သက်သေခံအဖြစ် လက်ခံပါကလဲ တရားခံမှာ သက်သေခံ- (ဂ) မှ (ဇ-၄) ပါအတိုင်း ပြန်လည်ချေပနိုင်ရန် အခွင့်အရေးရှိသောကြောင့် တရားခံမှာ ထိခိုက်နစ်နာမှု မရှိပါ။ အီလက်ထရောနစ် သက်သေခံတင်ပြမှုနှင့် စပ်လျဉ်း၍ ဦးသီဟကိုကို နှင့် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် စီရင်ထုံးတွင်လဲ ဖော်ပြထားပြီးဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဗြိတိန်ဝန်ကြီးချုပ် ဝင်စတန်ချာချီမွေးဖွားခဲ့သော အိမ်တော်တွင် ထားရှိသည့် ဒေါ်လာ ၆ ဒသမ ၄ သန်းတန် ဘိုထိုင်ရွှေအိမ်သာကြီး ခိ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service