စုပေါင်းအဆောက်အအုံ တည်ထောင်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
457 Views

စုပေါင်းအဆောက်အအုံ တည်ထောင်ရာတွင် သိရှိထားသင့်သည့် အချက်အလက်များ ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Hnin Ei Khin

[Unicode]

စုပေါင်းပိုင်အဆောက်အအုံ တည်ထောင်သည့်အခါ မြေပိုင်ရှင်နှင့် တည်ထောင်သူတို့ အကျိုးတူ ဆောက်လုပ်မည်ဆိုပါက လုပ်ငန်းအကျိုးတူ စာချုပ်အား တင်ပြရမည်ဖြစ်ကာ အဆိုပါ လုပ်ငန်းအကျိုးတူ စာချုပ်အား (၄)လအတွင်း စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် မှတ်ပုံတင်ခြင်း ဆောင်ရွက်ရန်လိုပါသည်။

စုပေါင်းမြေအဖြစ်‌ အမည်ပေါက်ပြောင်းလဲခြင်း ပြုလိုပါကလဲ တည်ထောင်သူသည် မူလမြေပိုင်ရှင်၏ သဘောတူညီချက် ၊ တည်ထောင်သူနှင့် ပူးတွဲကာ အဆောက်အအုံအား ဆောက်လုပ်မည်ဖြစ်ကြောင်း ဝန်ခံချက်၊ ရောင်းချလျှင်လဲ ဝယ်ယူသူများအား အချိုးသင့်မြေပိုင်ဆိုင်မှုအား ပေးမည်ဖြစ်ကြောင်း ကျမ်းကျိန်လွှာတို့ ပူးတွဲ တင်ပြပေးရန် လိုပါသည်။

ထို့အပြင် မြေပိုင်ရှင်မှ စုပေါင်းပိုင်မြေအဖြစ် ပြောင်းလဲလိုသည့်အခါ ပုံစံ-၆ ဖြင့် မြွတ်ဟကြေညာချက် တစ်စောင်ကို ပြုလုပ်ရမည်ဖြစ်ပြီး တည်ထောင်သူမှ စုပေါင်းပိုင်မြေအဖြစ် ပြောင်းလဲလိုသည့်အခါ ပုံစံ-၈ ဖြင့် မြွတ်ဟကြေညာချက် တစ်စောင်ပြုလုပ်ရမည် ဖြစ်ပါသည်။ တည်ထောင်သူမှ မြေပိုင်ရှင်ထံမှ မြေအား ဝယ်ယူကာ စုပေါင်းပိုင်မြေအဖြစ် ပြောင်းလဲခြင်းဖြစ်ပါက တည်ထောင်သူမှ ကျသင့်အခွန်အခများ ထမ်းဆောင်ရန် တာဝန်ရှိပါသည်။

နည်းဥပဒေ -၂၄ အရ စုပေါင်းမြေ ပြောင်းလဲမှတ်သားပြီးသည့်အခါ စုပေါင်းအဆောက်အအုံဆိုင်ရာ မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်မှု စာချုပ်စာတမ်း အထောက်အထားမူရင်းများကို သိမ်းဆည်းထားပြီး အဆောက်အအုံ ဆောက်လုပ်ပြီးစီးသွားသည့်အခါမှသာ ပိုင်ဆိုင်မှုစာချုပ်စာတမ်း အထောက်အထားများကို နည်းဥပဒေအတိုင်း စနစ်တကျဖွဲ့စည်းထားသော အမှုဆောင်အဖွဲ့ထံ ဌာနမှ လွှဲပြောင်းပေးမည်ဖြစ်ပါသည်။‌ စုပေါင်းပိုင်မြေသက်တမ်းမှာလဲ မြေဂရန်သက်တမ်းအတိုင်းသာဖြစ်ပြီး သက်တမ်းမကုန်လွန်ခင် သက်တမ်းတိုးမြှင့်ခြင်း ဆောင်ရွက်ရမည် ဖြစ်ပါသည်။

စုပေါင်းပိုင်အဆောက်အအုံအား ပြုပြင်ထိန်းသိမ်းရေး ဆောင်ရွက်ရာတွင်လဲ အသင်းဝင် (၇၅ )ရာခိုင်နှုန်း ၏ သဘောတူညီချက်ဖြင့် မန်နေဂျာ (သို့) ပြင်ဆင်ထိန်းသိမ်းရေး ကုမ္ပဏီများကို စာချုပ်ချုပ်ဆိုငှားရမ်း၍ တာဝန် ပေးအပ်နိုင်ပါသည်။ စုပေါင်းပိုင်းအဆောက်အအုံမှာ ပြိုပျက်ပျက်စီးလျှင်လဲ အသင်းဝင် (၇၅)ရာခိုင်နှုန်း၏ သဘောတူညီချက်ဖြင့် တည်ဆောက်ရေးလုပ်ငန်း အကောင်အထည်ဖော်ရန် ညှိနှိုင်းမှုပြုရမည်ဖြစ်ပြီး သတင်းစာကြေညာမှုလဲပြုကာ တည်ထောင်သူတစ်ဦးဦးထံ လုပ်ငန်းအပ်နှံရမည် ဖြစ်ပါသည်။

စုပေါင်းပိုင်းအဆောက်အအုံတည်ဆောက်ရာတွင် ဝန်ကြီးဌာနမှ နည်းဥပဒေ - ၈၁ အရအခါအား လျော်စွာ ထုတ်ပြန်သည့် အမိန့်၊ ညွှန်ကြားချက်များအားလဲ လိုက်နာရမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

စုေပါင္းအေဆာက္အအုံ တည္ေထာင္ရာတြင္ သိ႐ွိထားသင့္သည့္ အခ်က္အလက္မ်ား ေရးသားေဖာ္ျပေပးလိုက္ပါသည္။

စုေပါင္းပိုင္အေဆာက္အအုံ တည္ေထာင္သည့္အခါ ေျမပိုင္႐ွင္ႏွင့္ တည္ေထာင္သူတို႔ အက်ိဳးတူ ေဆာက္လုပ္မည္ဆိုပါက လုပ္ငန္းအက်ိဳးတူ စာခ်ဳပ္အား တင္ျပရမည္ျဖစ္ကာ အဆိုပါ လုပ္ငန္းအက်ိဳးတူ စာခ်ဳပ္အား (၄)လအတြင္း စာခ်ဳပ္စာတမ္းမွတ္ပုံတင္႐ုံးတြင္ မွတ္ပုံတင္ျခင္း ေဆာင္႐ြက္ရန္လိုပါသည္။

စုေပါင္းေျမအျဖစ္‌ အမည္ေပါက္ေျပာင္းလဲျခင္း ျပဳလိုပါကလဲ တည္ေထာင္သူသည္ မူလေျမပိုင္႐ွင္၏ သေဘာတူညီခ်က္ ၊ တည္ေထာင္သူႏွင့္ ပူးတြဲကာ အေဆာက္အအုံအား ေဆာက္လုပ္မည္ျဖစ္ေၾကာင္း ဝန္ခံခ်က္၊ ေရာင္းခ်လွ်င္လဲ ဝယ္ယူသူမ်ားအား အခ်ိဳးသင့္ေျမပိုင္ဆိုင္မႈအား ေပးမည္ျဖစ္ေၾကာင္း က်မ္းက်ိန္လႊာတို႔ ပူးတြဲ တင္ျပေပးရန္ လိုပါသည္။

ထို႔အျပင္ ေျမပိုင္႐ွင္မွ စုေပါင္းပိုင္ေျမအျဖစ္ ေျပာင္းလဲလိုသည့္အခါ ပုံစံ-၆ ျဖင့္ ႁမြတ္ဟေၾကညာခ်က္ တစ္ေစာင္ကို ျပဳလုပ္ရမည္ျဖစ္ၿပီး တည္ေထာင္သူမွ စုေပါင္းပိုင္ေျမအျဖစ္ ေျပာင္းလဲလိုသည့္အခါ ပုံစံ-၈ ျဖင့္ ႁမြတ္ဟေၾကညာခ်က္ တစ္ေစာင္ျပဳလုပ္ရမည္ ျဖစ္ပါသည္။ တည္ေထာင္သူမွ ေျမပိုင္႐ွင္ထံမွ ေျမအား ဝယ္ယူကာ စုေပါင္းပိုင္ေျမအျဖစ္ ေျပာင္းလဲျခင္းျဖစ္ပါက တည္ေထာင္သူမွ က်သင့္အခြန္အခမ်ား ထမ္းေဆာင္ရန္ တာဝန္႐ွိပါသည္။

နည္းဥပေဒ -၂၄ အရ စုေပါင္းေျမ ေျပာင္းလဲမွတ္သားၿပီးသည့္အခါ စုေပါင္းအေဆာက္အအုံဆိုင္ရာ မွတ္ပုံတင္႐ုံးတြင္ ပိုင္ဆိုင္မႈ စာခ်ဳပ္စာတမ္း အေထာက္အထားမူရင္းမ်ားကို သိမ္းဆည္းထားၿပီး အေဆာက္အအုံ ေဆာက္လုပ္ၿပီးစီးသြားသည့္အခါမွသာ ပိုင္ဆိုင္မႈစာခ်ဳပ္စာတမ္း အေထာက္အထားမ်ားကို နည္းဥပေဒအတိုင္း စနစ္တက်ဖြဲ႕စည္းထားေသာ အမႈေဆာင္အဖြဲ႕ထံ ဌာနမွ လႊဲေျပာင္းေပးမည္ျဖစ္ပါသည္။‌ စုေပါင္းပိုင္ေျမသက္တမ္းမွာလဲ ေျမဂရန္သက္တမ္းအတိုင္းသာျဖစ္ၿပီး သက္တမ္းမကုန္လြန္ခင္ သက္တမ္းတိုးျမႇင့္ျခင္း ေဆာင္႐ြက္ရမည္ ျဖစ္ပါသည္။

စုေပါင္းပိုင္အေဆာက္အအုံအား ျပဳျပင္ထိန္းသိမ္းေရး ေဆာင္႐ြက္ရာတြင္လဲ အသင္းဝင္ (၇၅ )ရာခိုင္ႏႈန္း ၏ သေဘာတူညီခ်က္ျဖင့္ မန္ေနဂ်ာ (သို႔) ျပင္ဆင္ထိန္းသိမ္းေရး ကုမၸဏီမ်ားကို စာခ်ဳပ္ခ်ဳပ္ဆိုငွားရမ္း၍ တာဝန္ ေပးအပ္ႏိုင္ပါသည္။ စုေပါင္းပိုင္းအေဆာက္အအုံမွာ ၿပိဳပ်က္ပ်က္စီးလွ်င္လဲ အသင္းဝင္ (၇၅)ရာခိုင္ႏႈန္း၏ သေဘာတူညီခ်က္ျဖင့္ တည္ေဆာက္ေရးလုပ္ငန္း အေကာင္အထည္ေဖာ္ရန္ ညႇိႏိႈင္းမႈျပဳရမည္ျဖစ္ၿပီး သတင္းစာေၾကညာမႈလဲျပဳကာ တည္ေထာင္သူတစ္ဦးဦးထံ လုပ္ငန္းအပ္ႏွံရမည္ ျဖစ္ပါသည္။

စုေပါင္းပိုင္းအေဆာက္အအုံတည္ေဆာက္ရာတြင္ ဝန္ႀကီးဌာနမွ နည္းဥပေဒ - ၈၁ အရအခါအား ေလ်ာ္စြာ ထုတ္ျပန္သည့္ အမိန္႔၊ ၫႊန္ၾကားခ်က္မ်ားအားလဲ လိုက္နာရမည္ျဖစ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
ဆွီဒင်တွင် မိခင်ဖြစ်သူက သားသမီး ၂ ဦး မွေးဖွားမှုအတွက် လစာဖြင့်ခွင့် ၂၁ လ ရယူခဲ့ပြီး လက်တွဲဖော် အမျိုးသားက ခွင့် ၁၅ လ ရယူ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
ဖခင်ဖြစ်သူ၏ ၆၂ နှစ်သက်တမ်းရှိ ဘဏ်ငွေစုစာအုပ်ကို နေအိမ်မှ အမှိုက်ပုံးထဲတွင် တွေ့ရှိသော အမျိုးသားမှာ နေ့ချင်းညချင်း သန်းကြ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
[ဥုံ- အမိတာဘ ဟရီး] မြောက်ကိုရီးယားတွင် နှစ်ပေါင်း ၁၀၀၀ သက်တမ်းရှိ ဗုဒ္ဓရုပ်ပွားတော်ကြီး တူးဖော်တွေ့ရှိ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
တောင်အာဖရိကတွင် အမျိုးသမီးတစ်ဦးက သားဖွားအပြီး တစ်လခန့်အကြာတွင် ဗိုက်ထဲ၌ ကလေးတစ်ဦး ကျန်နေသေးကြောင်း တုန်လှုပ်စွာ သိလိုက်ရ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ

Upcoming Property Events

From 24 May To 25 May

The Rich Villa

The Rich Villa
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service