နိုတြီပြလုပ်ခြင်းနှင့် ပြုလုပ်နိုင်သည့် စာရွက်စာတမ်းများအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
787 Views

နိုတြီပြလုပ်ခြင်းနှင့် ပြုလုပ်နိုင်သည့် စာရွက်စာတမ်းများအကြောင်း

Knowledge | Posted by Shwe Zin Win

[Unicode]

နိုတြီဌာနစိတ်အနေဖြင့် ပညာသင်သွားရောက်ခြင်း၊ ဥပဒေနှင့်အညီ ကုန်သွယ်မှုနှင့် စီးပွားရှာဖွေခြင်း စသည့် အကြောင်းအမျိုးမျိုးကြောင့် ပြည်ပသို့သွားရောက်မည့် မြန်မာနိုင်ငံသားများ အတွက်လိုအပ်သည့် သက်ဆိုင်ရာအထောက်အထား စာရွက်စာတမ်းများနှင့် အစိုးရဌာနဆိုင်ရာ အဖွဲ့အစည်းများမှ ထုတ်ပေးထားသည့် တရားဝင်စာရွက်စာတမ်းများကို နိုတြီဘာသာပြန်ဆိုရာတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ အသိအမှတ်ပြုထားသော နိုတြီပဗ္ဗလစ်ရှေ့နေမှ ဘာသာပြန်ဆို၍ ထောက်ခံပေးထားသော စာရွက်စာတမ်းများ ပေါ်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ကောင်စစ်ရေးရာနှင့်ဥပဒေရေးရာဦးစီးဌာန၊ နိုတြီဌာနစိတ်မှ အဆိုပါ နိုတြီ ပဗ္ဗလစ်ရှေ့နေ၏ တံဆိပ်နှင့်လက်မှတ် မှန်ကန်ကြောင်း ထပ်ဆင့်ထောက်ခံပေးခြင်းကို အထောက်အထားများ မှန်ကန်စုံလင်ပါက နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိပါသည်။

နိုတြီထပ်ဆင့်ထောက်ခံချက်ပြုလုပ်ပေးသည့် စာရွက်စာတမ်းများမှာ-

(က) စာမေးပွဲအောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ အမှတ်စာရင်း

(ခ) မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ မွေးစာရင်း၊ ယာဉ်မောင်းလိုင်စင်၊ ကုမ္ပဏီမှတ်ပုံတင်၊ သေစာရင်း၊ ရပ်ကွက်ထောက်ခံစာ၊ ရဲစခန်းထောက်ခံစာ

(ဂ) လက်ထပ်စာချုပ်၊ ကျမ်းကျိန်လွှာ၊ ကွာရှင်းစာချုပ်၊ အထွေထွေကိုယ်စားလှယ်လွှဲစာ၊ အထူးကိုယ်စားလှယ်လွှဲစာ

(ဃ) လူပျို/အပျိုဖြစ်ကြောင်းကျမ်းကျိန်လွှာ

 

နိုတြီထပ်ဆင့်ထောက်ခံချက်အား ဆောင်ရွက်ခြင်း မပြုနိုင်သော စာရွက်စာတမ်းများမှာ-

(က) မြန်မာနိုင်ငံသား ကလေးများအား နိုင်ငံခြားသားမှ အမွေစား အမွေခံအဖြစ် မွေးစားခြင်း

(ခ) ပြည်ပမှရရှိထားသော အောင်လက်မှတ်၊ ဘွဲ့လက်မှတ်၊ မွေးစာရင်းများ

(ဂ) ကိုယ်တိုင်ပြုစုထားသော ကိုယ်ရေးရာဇဝင်ကဲ့သို့ စာရွက်စာတမ်းများ

(ဃ) ကိုယ်ပိုင်အသေးစားလုပ်ငန်းများ (ဥပမာ-အပ်ချုပ်လုပ်ငန်း၊ ပုံနှိပ်လုပ်ငန်း၊ ကုန်စုံဆိုင်)

(င) သက်တမ်းလွန်ကုန်ဆုံးနေသော စာရွက်စာတမ်းများ

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

[Zawgyi]



















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် ၁၀ ဦးတွင် ပါဝင်သော Zara ၏ တည်ထောင်သူ အော်တေးဂါးက ဘာစီလိုနာမှ ရုံးခန်း အဆောက်အအုံကြီးကို ကန်ဒ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
အမေရိကန်တွင် ဘီလျံနာသူဌေးကြီးက စိတ်ကူးအိပ်မက်ထားသည့် စံအိမ်ကြီးဆောက်လုပ်ရန် ဖလော်ရီဒါမှ ဒေါ်လာ ၅၅ ဒသမ ၅ သန်း တန်ကြေးရှိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service