ပဋိဉာဉ်တစ်ရပ်ချုပ်ဆိုပြီးပါက လိုက်နာသိရှိရမည့် အချက်လက်များအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
520 Views

ပဋိဉာဉ်တစ်ရပ်ချုပ်ဆိုပြီးပါက လိုက်နာသိရှိရမည့် အချက်လက်များအကြောင်း

Knowledge | Posted by Zarni Kyaw

[Unicode]

ပဋိဉာဉ်တစ်ရပ်အားချုပ်ဆိုပြီးပါက အဆိုပါ ပဋိဉာဉ်အတိုင်း ကတိပြုသူနှင့်ကတိရသူတို့ လိုက်နာဆောင် ရွက်သွားရမည်ဖြစ်ပါသည်။ ပဋိဉာဉ်ပါစည်းကမ်းချက် တာဝန်များအတိုင်း ကတိပြုသူနှင့် ကတိရသူတို့မှ မဆောင် ရွက်ရသေးခင်အထိ ပဋိဉာဉ်ပါကတိပြုချက်မှာ တည်မြဲနေမည်ဖြစ်ပါသည်။

ပဋိဉာဉ်ချုပ်ဆိုသူ တစ်ဦးဦးသေဆုံးလျှင်လဲ ၎င်း၏ အမွေထိန်း၊ အမွေဆက်ခံသူနှင့် ကိုယ်စားလှယ်များမှ ပဋိဉာဉ်ပါတာဝန်ကို ဆက်လက်တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ကျွမ်းကျင်မှုပေါ် အခြေခံ၍ ချုပ်ဆို သော ပဋိဉာဉ်များတွင်တော့ ကတိပြုသူ သေဆုံးလျှင် လုပ်ငန်းရပ်ဆိုင်းသွားမည်ဖြစ်ပြီး ကိုယ်စားလှယ်များမှလဲ ဆက်လက် ဆောင်ရွက်ခြင်းပြုနိုင်မည် မဟုတ်သလို ကိုယ်စားလှယ်ပေးအပ်ခြင်းခံရသူမှာလဲ လွှဲအပ်ထားသူ သေဆုံးလျှင် ကိုယ်စားလှယ်စာလဲ ပျက်ပြယ်မည်ဖြစ်ပါသည်။

ပစ္စည်းတစ်ခုအား အရောင်းအဝယ်ပြုသော ပဋိဉာဉ်များတွင်တော့ ကတိပြုသူသေဆုံးလျှင် ၎င်း၏အမွေ ဆက်ခံသူများမှ ဆက်လက်တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ပြီး ငြင်းဆို၍ မရပါ။ပဋိဉာဉ်ပြုသူများနှင့် အမွေ ဆက်ခံသူများမှာ ပဋိဉာဉ်အတိုင်း ဆောင်ရွက်ပြီးမှသာ တာဝန်များပြီးဆုံးပြီး ပဋိဉာဉ်အား ကင်းလွှတ်ခွင့် ရရှိနိုင် မည်ဖြစ်ပါသည်။

ပဋိဉာဉ်တစ်ရပ်အား အဖွဲ့အစည်းတစ်ခုခု (သို့) ပူးတွဲ၍ သော်လည်းကောင်း ကတိပြုထားခဲ့ကြပြီး ထိုလူ များအနက် တစ်ဦးဦးသေဆုံးလျှင် အမွေဆက်ခံသူများနှင့် ပူးတွဲပြီး ကျန်သူများမှ ကတိအတိုင်း ဆက်လက် ဆောင်ရွက်ရန် တာဝန်ရှိပါသည်။

ပဋိဉာဉ်ဥပဒေပုဒ်မ-၃၉ အရ ပဋိဉာဉ်ပြုသူတစ်ဦးသည် ပဋိဉာဉ်အတိုင်း ဆောင်ရွက်ရန် ငြင်းဆိုလျှင် အခြား တဖက်ကတိပြုထားသူမှ ပဋိဉာဉ်အား ပယ်ဖျက်ပြီး လျော်ကြေးတောင်းဆိုပိုင်ခွင့် အခွင့်အရေးလဲရှိသည်။ ပဋိဉာဉ်၏ တစ်စိတ်တစ်ဒေသအား ချိုးဖောက်ခြင်းမဟုတ်ဘဲ ပဋိဉာဉ်၏ အဓိက အချက်အား ချိုးဖောက်ခြင်းမျိုး ဖြစ်ပါက ပဋိဉာဉ်မှာ ပျက်ပြယ်ပြီး ဖောက်ဖျက်သူဘက်မှ လျော်ကြေးပေးအပ်ရမည်သာဖြစ်ပါသည်။

ထို့သို့ ပဋိဉာဉ်အား ချိုးဖောက်မှုရှိ၍ လျော်ကြေးငွေကို ရလိုလျှင် အကြောင်းကြားစာပေးပို့၍ သတ်မှတ် ရက်တွင် ပေးချေရန် တောင်းဆိုနိုင်ပါသည်။ ပဋိဉာဉ်ဥပဒေပုဒ်မ - ၆၄ အရ ပဋိဉာဉ်အား ဖျက်သိမ်းသူသည် တဖက်မှ ရယူထားသော အကျိုးအမြတ်အား ပြန်လည်ပေးအပ်ရန် တာဝန်ရှိသည်ဟု အတိအလင်း ဖော်ပြထား ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

ပဋိဉာဥ္တစ္ရပ္ခ်ဳပ္ဆိုၿပီးပါက လိုက္နာသိရွိရမည့္ အခ်က္လက္မ်ားအေၾကာင္း

ပဋိဉာဥ္တစ္ရပ္အားခ်ဳပ္ဆိုၿပီးပါက အဆိုပါ ပဋိဉာဥ္အတိုင္း ကတိျပဳသူႏွင့္ကတိရသူတို႔ လိုက္နာေဆာင္ ႐ြက္သြားရမည္ျဖစ္ပါသည္။ ပဋိဉာဥ္ပါစည္းကမ္းခ်က္ တာဝန္မ်ားအတိုင္း ကတိျပဳသူႏွင့္ ကတိရသူတို႔မွ မေဆာင္ ႐ြက္ရေသးခင္အထိ ပဋိဉာဥ္ပါကတိျပဳခ်က္မွာ တည္ၿမဲေနမည္ျဖစ္ပါသည္။

ပဋိဉာဥ္ခ်ဳပ္ဆိုသူ တစ္ဦးဦးေသဆုံးလွ်င္လဲ ၎၏ အေမြထိန္း၊ အေမြဆက္ခံသူႏွင့္ ကိုယ္စားလွယ္မ်ားမွ ပဋိဉာဥ္ပါတာဝန္ကို ဆက္လက္တာဝန္ယူ ေဆာင္႐ြက္ရမည္ျဖစ္ပါသည္။ ကြၽမ္းက်င္မႈေပၚ အေျခခံ၍ ခ်ဳပ္ဆို ေသာ ပဋိဉာဥ္မ်ားတြင္ေတာ့ ကတိျပဳသူ ေသဆုံးလွ်င္ လုပ္ငန္းရပ္ဆိုင္းသြားမည္ျဖစ္ၿပီး ကိုယ္စားလွယ္မ်ားမွလဲ ဆက္လက္ ေဆာင္႐ြက္ျခင္းျပဳႏိုင္မည္ မဟုတ္သလို ကိုယ္စားလွယ္ေပးအပ္ျခင္းခံရသူမွာလဲ လႊဲအပ္ထားသူ ေသဆုံးလွ်င္ ကိုယ္စားလွယ္စာလဲ ပ်က္ျပယ္မည္ျဖစ္ပါသည္။

ပစၥည္းတစ္ခုအား အေရာင္းအဝယ္ျပဳေသာ ပဋိဉာဥ္မ်ားတြင္ေတာ့ ကတိျပဳသူေသဆုံးလွ်င္ ၎၏အေမြ ဆက္ခံသူမ်ားမွ ဆက္လက္တာဝန္ယူ ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ျငင္းဆို၍ မရပါ။ပဋိဉာဥ္ျပဳသူမ်ားႏွင့္ အေမြ ဆက္ခံသူမ်ားမွာ ပဋိဉာဥ္အတိုင္း ေဆာင္႐ြက္ၿပီးမွသာ တာဝန္မ်ားၿပီးဆုံးၿပီး ပဋိဉာဥ္အား ကင္းလႊတ္ခြင့္ ရရွိႏိုင္ မည္ျဖစ္ပါသည္။

ပဋိဉာဥ္တစ္ရပ္အား အဖြဲ႕အစည္းတစ္ခုခု (သို႔) ပူးတြဲ၍ ေသာ္လည္းေကာင္း ကတိျပဳထားခဲ့ၾကၿပီး ထိုလူ မ်ားအနက္ တစ္ဦးဦးေသဆုံးလွ်င္ အေမြဆက္ခံသူမ်ားႏွင့္ ပူးတြဲၿပီး က်န္သူမ်ားမွ ကတိအတိုင္း ဆက္လက္ ေဆာင္႐ြက္ရန္ တာဝန္ရွိပါသည္။

ပဋိဉာဥ္ဥပေဒပုဒ္မ-၃၉ အရ ပဋိဉာဥ္ျပဳသူတစ္ဦးသည္ ပဋိဉာဥ္အတိုင္း ေဆာင္႐ြက္ရန္ ျငင္းဆိုလွ်င္ အျခား တဖက္ကတိျပဳထားသူမွ ပဋိဉာဥ္အား ပယ္ဖ်က္ၿပီး ေလ်ာ္ေၾကးေတာင္းဆိုပိုင္ခြင့္ အခြင့္အေရးလဲရွိသည္။ ပဋိဉာဥ္၏ တစ္စိတ္တစ္ေဒသအား ခ်ိဳးေဖာက္ျခင္းမဟုတ္ဘဲ ပဋိဉာဥ္၏ အဓိက အခ်က္အား ခ်ိဳးေဖာက္ျခင္းမ်ိဳး ျဖစ္ပါက ပဋိဉာဥ္မွာ ပ်က္ျပယ္ၿပီး ေဖာက္ဖ်က္သူဘက္မွ ေလ်ာ္ေၾကးေပးအပ္ရမည္သာျဖစ္ပါသည္။

ထို႔သို႔ ပဋိဉာဥ္အား ခ်ိဳးေဖာက္မႈရွိ၍ ေလ်ာ္ေၾကးေငြကို ရလိုလွ်င္ အေၾကာင္းၾကားစာေပးပို႔၍ သတ္မွတ္ ရက္တြင္ ေပးေခ်ရန္ ေတာင္းဆိုႏိုင္ပါသည္။ ပဋိဉာဥ္ဥပေဒပုဒ္မ - ၆၄ အရ ပဋိဉာဥ္အား ဖ်က္သိမ္းသူသည္ တဖက္မွ ရယူထားေသာ အက်ိဳးအျမတ္အား ျပန္လည္ေပးအပ္ရန္ တာဝန္ရွိသည္ဟု အတိအလင္း ေဖာ္ျပထား ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပေပးလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအႀကံ​ေပး ပညာရွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service