ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း။ - Property Knowledge in Myanmar from iMyanmarHouse.com
672 Views

ဆရာကြီးမင်းသိင်္ခသည် အဘယ်ကြောင့် အိမ်ကိုကောင်းကောင်းဆောက်ပြီး အိမ်ရှေ့မှာ ရေကန်ထားလေ့ရှိသနည်း။

Knowledge | Posted by Si Thu Aung

[Unicode]

ကျွန်ုပ်တို့၏ ဆရာကြီး အဘမင်းသိင်္ခ သုဝဏ္ဏမြို့ တွင်နေထိုင်ခဲ့စဉ်က ပရိတ်သတ်တစ်ဦးသည် အလှမွေးငါးကန်လေးတစ်ကန် လာ၍ လှူဖူးလေ၏။ အဘသည် ထိုငါးကန်ကလေးကို ရှေ့မျက်နှာစာတစ်နေရာတွင် ဂရုစိုက်ထားရှိသည်ကို သတိပြုမိလေ၏။ ကျွန်ုပ်နောက်တစ်ချက်သတိထားမိသည်မှာ အဘသည် သူနေထိုင်သောအိမ်ကို တစ်မျိုးပြီးတစ်မျိုး မရိုးရလေအောင်ပြင်ဆင်မွမ်းမံတတ်ခြင်းပင် ဖြစ်လေတော့၏။

အမှန်စစ်စစ်အားဖြင့် အဘသည် ဘဝတွင် ခပ်ရိုးရိုးခပ်ကြမ်းကြမ်း နေထိုင်ဖြတ်သန်းလျက်ရှိသူဖြစ်၏။ သို့ရာတွင် အိမ်ကိုမူ တသသလုပ်တတ်ခြင်း၊ ငါးကန်ကလေးအပေါ် ဂရုစိုက်ရှိတတ်ခြင်း တို့မှာမူ ကျွန်ုပ်တို့အတွက် စဉ်းစားစရာဖြစ်နေတော့၏။

အဘသည် ၁၉၉၇ ခုနှစ်တွင် မဟာဂန္ဓာရီ အဓိဌာန်သုံးနှစ်ခရီးကို ထွက်ခဲ့လေ၏။ ဒေးစွန်ပါတွင်စခန်းချသောအခါ အဘကိုယ်တိုင် အဆောက်အဦးကို ပုံစံထုတ်၍ ဆောက်စေလေ၏။ ထိုခြံဝန်းသို့ အဝင်အဝနားတွင်လည်း အလှရေကန်တစ်ကန်ကိုစီမံပြန်လေ၏။

ထို့နောက် အဘသည် မှော်ဘီသို့ အခြေချရန်ရောက်ရှိလာလေ၏။ ထိုခြံတွင်လည်း အဘသည်စိတ်တိုင်းကျအိမ်ပုံစံတစ်ဆောင်ကိုရေးဆွဲခဲ့ပြန်လေ၏။ အဘအပေါ် အလွန်အလေးအမြတ်ရှိသော အရုဏ်ဦး ဆောက်လုပ်ရေးက အဘစိတ်တိုင်းကျအိမ်ကို ဆောက်လုပ်ပေးခဲ့လေ၏။ ထိုအိမ်၏ရှေ့တွင်လည်း အတန်အသင့်ကြီးမားသော၊ ရေကူး၍ ပင်ရနိုင်သောရေကန် တစ်ကန်ကို အဘသည်စီမံပြန်လေ၏။ အဘသည်အသက်(၆၀) တန်းသို့ ရောက်ခါမှ ထိုရေကန်တွင် ရေကူးတတ်သွားလေ၏။ မြေလတ်ပိုင်း မိုးနည်းရေရှားဒေသမှ ကျွန်ုပ်သည်လည်း ထိုရေကန်ကြောင့်ပင် ရေကူးတတ်သွားသောကြောင့် ကျွန်ုပ်သည် အဘ၏ ထိုအိမ်နှင့် ထိုရေကန်ကို ပို၍ အမှတ်ထင်ထင် ရှိရလေတော့၏။

အဘသည် မှော်ဘီခြံတွင် အဆောက်အဦး အသစ်များကိုတစ်လုံးပြီးတစ်လုံးဆောက်လေ၏။ ထိုသို့ ဆောက်တိုင်းလည်း ရေကန်တစ်ကန်သည် တွဲလျက်ပါပြီးသားဖြစ်နေလေတော့၏။ ကျွန်ုပ်တို့သည် ထိုအချက်ကို အဘသင်ပေးထားသော မဟာဘုတ်ပညာဖြင့် ချိန်ဆကြည့်ကြလေ၏။

အဘ၏ မဟာဘုတ်တွင် အိမ်ဟူသော တနင်္ဂနွေနံသည် သိုက်ဟူသောတည်တံ့ခိုင်မြဲစေသည့်၊ အခြေခိုင်မာစေသည့်နေရာဌာနတွင်ရှိလေ၏။ ဇေယျတိုင်အားဖြင့် ဆိုပါမှု `ဝရ´ ဟူသော မြင့်မြတ်ခမ်းနားခြင်း ဟူသည့် နေရာတွင်ရှိလေ၏။ ထိုကောင်းကျိုးများကို အကြောင်းပြုလျက် အဘသည် အခြားသောအရာများထက် အိမ်ဟူသောတနင်္ဂနွေနံကို ဂရုတစိုက် ဆောက်လုပ်မွမ်းမံခြင်းဖြစ်မည်ဟု ယူဆနိုင်လေ၏။

ရေကန်ကိုစဉ်းစားကြည့်သော် ရေဟူးသောဗုဒ္ဓဟူးနံသည် အဘ၏ မဟာဘုတ်တွင် ရာဇာဟူသည့် အရှိန်အဇော်ကြီးမားခြင်းဟူသည့်နေရာတွင် ရှိနေလေ၏။ ဇေယျတိုင်အားဖြင့်ဆိုပါမှု – လာဘဟူသော လာဘ်လာဘရွှင်လန်းစေသည့်နေရာတွင် ရှိနေလေ၏။ အိမ်ရှေ့တွင်ရေရှိနေခြင်းအားဖြင့် အဘအတွက် လာဘ်ဝင်အောင် ဖိတ်ခေါ်နေသကဲ့သို့ ဖြစ်စေလေတော့၏။ ဗေဒင်အရာတွင် တစ်ဖက်ကမ်းခတ်သွားခဲ့သည်ဟု ဆိုနိုင်ပါသော အဘသည် မြန်မာတို့အဖို့ ကလေးကစားစရာနယ်ဖြစ်နေသည့် မဟာဘုတ်တွက်ကိန်းလွယ်လွယ်လေးကို အသုံးချလျက် အခိုင်အမာတည်ဆောက်ပြသွားနိုင်သည်ဟုလည်း ဆိုနိုင်ပေတော့၏။

သို့ဖြစ်လျှင် စာရှုသူတို့အနေနှင့်လည်း မိမိတို့၏ ဘဝတွင် စည်းစိမ်ဥစ္စာ၊ ရာထူးဂုဏ်ရှိန်များ အခြေခိုင်မာတည်တံ့စေမည့်၊ ငွေကြေးလာဘ်လာဘကောင်းစွာ ပွင့်လန်းစေမည့်အကျိုးကိုရည်မျှော်လျက် မဟာဘုတ်ပညာဖြင့် မည်သို့စီရင်ပါအံ့နည်း။

သက္ကရာဇ်ကိုတည်၍ ၇ ဖြင့်စားပါ။ ၁ကြွင်းလျှင် ၁ကြွင်းမဟာဘုတ်သမား၊ ၅ကြွင်းလျှင် ၅ ကြွင်းမဟာဘုတ်သမားဟုခေါ်ပါသည်။ အဘမင်းသိင်္ခသည် ၆ ကြွင်း မဟာဘုတ်သမားဖြစ်ပါသည်။ မိမိတို့၏ မဟာဘုတ်အကြွင်းအလိုက် အောက်ပါအတိုင်းသင့်လျော်သလို စီရင်နိုင်ကြပါစေကုန်သတည်း။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

Credit: mm-homedecor

 

 

[Zawgyi]

ဆရာႀကီးမင္းသိခၤသည္ အဘယ္ေၾကာင့္ အိမ္ကိုေကာင္းေကာင္းေဆာက္ၿပီး အိမ္ေ႐ွ႕မွာ ေရကန္ထားေလ့႐ွိသနည္း။

ကြၽႏ္ုပ္တို႔၏ ဆရာႀကီး အဘမင္းသိခၤ သုဝဏၰၿမိဳ႕ တြင္ေနထိုင္ခဲ့စဥ္က ပရိတ္သတ္တစ္ဦးသည္ အလွေမြးငါးကန္ေလးတစ္ကန္ လာ၍ လႉဖူးေလ၏။ အဘသည္ ထိုငါးကန္ကေလးကို ေ႐ွ႕မ်က္ႏွာစာတစ္ေနရာတြင္ ဂ႐ုစိုက္ထား႐ွိသည္ကို သတိျပဳမိေလ၏။ ကြၽႏ္ုပ္ေနာက္တစ္ခ်က္သတိထားမိသည္မွာ အဘသည္ သူေနထိုင္ေသာအိမ္ကို တစ္မ်ိဳးၿပီးတစ္မ်ိဳး မ႐ိုးရေလေအာင္ျပင္ဆင္မြမ္းမံတတ္ျခင္းပင္ ျဖစ္ေလေတာ့၏။

အမွန္စစ္စစ္အားျဖင့္ အဘသည္ ဘဝတြင္ ခပ္႐ိုး႐ိုးခပ္ၾကမ္းၾကမ္း ေနထိုင္ျဖတ္သန္းလ်က္႐ွိသူျဖစ္၏။ သို႔ရာတြင္ အိမ္ကိုမူ တသသလုပ္တတ္ျခင္း၊ ငါးကန္ကေလးအေပၚ ဂ႐ုစိုက္႐ွိတတ္ျခင္း တို႔မွာမူ ကြၽႏ္ုပ္တို႔အတြက္ စဥ္းစားစရာျဖစ္ေနေတာ့၏။

အဘသည္ ၁၉၉၇ ခုႏွစ္တြင္ မဟာဂႏၶာရီ အဓိဌာန္သုံးႏွစ္ခရီးကို ထြက္ခဲ့ေလ၏။ ေဒးစြန္ပါတြင္စခန္းခ်ေသာအခါ အဘကိုယ္တိုင္ အေဆာက္အဦးကို ပုံစံထုတ္၍ ေဆာက္ေစေလ၏။ ထိုျခံဝန္းသို႔ အဝင္အဝနားတြင္လည္း အလွေရကန္တစ္ကန္ကိုစီမံျပန္ေလ၏။

ထို႔ေနာက္ အဘသည္ ေမွာ္ဘီသို႔ အေျခခ်ရန္ေရာက္႐ွိလာေလ၏။ ထိုျခံတြင္လည္း အဘသည္စိတ္တိုင္းက်အိမ္ပုံစံတစ္ေဆာင္ကိုေရးဆြဲခဲ့ျပန္ေလ၏။ အဘအေပၚ အလြန္အေလးအျမတ္႐ွိေသာ အ႐ုဏ္ဦး ေဆာက္လုပ္ေရးက အဘစိတ္တိုင္းက်အိမ္ကို ေဆာက္လုပ္ေပးခဲ့ေလ၏။ ထိုအိမ္၏ေ႐ွ႕တြင္လည္း အတန္အသင့္ႀကီးမားေသာ၊ ေရကူး၍ ပင္ရႏိုင္ေသာေရကန္ တစ္ကန္ကို အဘသည္စီမံျပန္ေလ၏။ အဘသည္အသက္(၆၀) တန္းသို႔ ေရာက္ခါမွ ထိုေရကန္တြင္ ေရကူးတတ္သြားေလ၏။ ေျမလတ္ပိုင္း မိုးနည္းေရ႐ွားေဒသမွ ကြၽႏ္ုပ္သည္လည္း ထိုေရကန္ေၾကာင့္ပင္ ေရကူးတတ္သြားေသာေၾကာင့္ ကြၽႏ္ုပ္သည္ အဘ၏ ထိုအိမ္ႏွင့္ ထိုေရကန္ကို ပို၍ အမွတ္ထင္ထင္ ႐ွိရေလေတာ့၏။

အဘသည္ ေမွာ္ဘီျခံတြင္ အေဆာက္အဦး အသစ္မ်ားကိုတစ္လုံးၿပီးတစ္လုံးေဆာက္ေလ၏။ ထိုသို႔ ေဆာက္တိုင္းလည္း ေရကန္တစ္ကန္သည္ တြဲလ်က္ပါၿပီးသားျဖစ္ေနေလေတာ့၏။ ကြၽႏ္ုပ္တို႔သည္ ထိုအခ်က္ကို အဘသင္ေပးထားေသာ မဟာဘုတ္ပညာျဖင့္ ခ်ိန္ဆၾကည့္ၾကေလ၏။

အဘ၏ မဟာဘုတ္တြင္ အိမ္ဟူေသာ တနဂၤေႏြနံသည္ သိုက္ဟူေသာတည္တံ့ခိုင္ၿမဲေစသည့္၊ အေျခခိုင္မာေစသည့္ေနရာဌာနတြင္႐ွိေလ၏။ ေဇယ်တိုင္အားျဖင့္ ဆိုပါမႈ `ဝရ´ ဟူေသာ ျမင့္ျမတ္ခမ္းနားျခင္း ဟူသည့္ ေနရာတြင္႐ွိေလ၏။ ထိုေကာင္းက်ိဳးမ်ားကို အေၾကာင္းျပဳလ်က္ အဘသည္ အျခားေသာအရာမ်ားထက္ အိမ္ဟူေသာတနဂၤေႏြနံကို ဂ႐ုတစိုက္ ေဆာက္လုပ္မြမ္းမံျခင္းျဖစ္မည္ဟု ယူဆႏိုင္ေလ၏။

ေရကန္ကိုစဥ္းစားၾကည့္ေသာ္ ေရဟူးေသာဗုဒၶဟူးနံသည္ အဘ၏ မဟာဘုတ္တြင္ ရာဇာဟူသည့္ အ႐ွိန္အေဇာ္ႀကီးမားျခင္းဟူသည့္ေနရာတြင္ ႐ွိေနေလ၏။ ေဇယ်တိုင္အားျဖင့္ဆိုပါမႈ – လာဘဟူေသာ လာဘ္လာဘ႐ႊင္လန္းေစသည့္ေနရာတြင္ ႐ွိေနေလ၏။ အိမ္ေ႐ွ႕တြင္ေရ႐ွိေနျခင္းအားျဖင့္ အဘအတြက္ လာဘ္ဝင္ေအာင္ ဖိတ္ေခၚေနသကဲ့သို႔ ျဖစ္ေစေလေတာ့၏။ ေဗဒင္အရာတြင္ တစ္ဖက္ကမ္းခတ္သြားခဲ့သည္ဟု ဆိုႏိုင္ပါေသာ အဘသည္ ျမန္မာတို႔အဖို႔ ကေလးကစားစရာနယ္ျဖစ္ေနသည့္ မဟာဘုတ္တြက္ကိန္းလြယ္လြယ္ေလးကို အသုံးခ်လ်က္ အခိုင္အမာတည္ေဆာက္ျပသြားႏိုင္သည္ဟုလည္း ဆိုႏိုင္ေပေတာ့၏။

သို႔ျဖစ္လွ်င္ စာ႐ႈသူတို႔အေနႏွင့္လည္း မိမိတို႔၏ ဘဝတြင္ စည္းစိမ္ဥစၥာ၊ ရာထူးဂုဏ္႐ွိန္မ်ား အေျခခိုင္မာတည္တံ့ေစမည့္၊ ေငြေၾကးလာဘ္လာဘေကာင္းစြာ ပြင့္လန္းေစမည့္အက်ိဳးကိုရည္ေမွ်ာ္လ်က္ မဟာဘုတ္ပညာျဖင့္ မည္သို႔စီရင္ပါအံ့နည္း။

သကၠရာဇ္ကိုတည္၍ ၇ ျဖင့္စားပါ။ ၁ႂကြင္းလွ်င္ ၁ႂကြင္းမဟာဘုတ္သမား၊ ၅ႂကြင္းလွ်င္ ၅ ႂကြင္းမဟာဘုတ္သမားဟုေခၚပါသည္။ အဘမင္းသိခၤသည္ ၆ ႂကြင္း မဟာဘုတ္သမားျဖစ္ပါသည္။ မိမိတို႔၏ မဟာဘုတ္အႂကြင္းအလိုက္ ေအာက္ပါအတိုင္းသင့္ေလ်ာ္သလို စီရင္ႏိုင္ၾကပါေစကုန္သတည္း။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

Credit: mm-homedecor

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
[ပရလောက ဖြစ်ရပ်ထူး] ဂါနာနိုင်ငံတွင် ကက်သလစ် သီလရှင်တစ်ပါးက ဆေးရုံတစ်ခု၏ ရင်ခွဲရုံရှိ သေဆုံးသွားသူများအား ဈာပနကိစ္စအတွက်
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service