လိုင်စင်မြေအား သက်တမ်းတိုး ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
486 Views

လိုင်စင်မြေအား သက်တမ်းတိုး ဆောင်ရွက်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

Knowledge | Posted by Aye Myat Thu

[Unicode]

အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေများ အက်ဥပဒေပုဒ်မ-၁၆(ခ) အရ ခွင်ပြုချက်ဖြင့် ယာယီထုတ်ပေးသော မြေကို လိုင်စင်မြေဟု ခေါ်ဆိုနိုင်ပြီး ထိုမြေအမျိုးအစားမှာ လွှဲပြောင်းရောင်းချခွင့်မရှိပါ။ အစိုးရမှ စီမံခန့်ခွဲပိုင်ခွင့်ရှိသောမြေဖြစ်ပြီး အဆိုပါမြေအား လိုင်စင် အမည်ပေါက်ချထားခြင်းခံရသူမှသာ အသုံးပြုခွင့်ရှိပါသည်။

အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူပဂ္ဂိုလ်တစ်ဦးချင်းအား လိုင်စင်မြေချထားပေးခြင်းများရှိပါသည်။

လိုင်စင်မြေအား လွှဲပြောင်းရောင်းချခြင်းမပြုနိုင်သလို မြေအသုံးချရန် လျှောက်ထားသည့်ကိစ္စရပ်အတွက်သာ အသုံးပြုခွင့်ရှိပါသည်။ လိုင်စင်မြေ၏ သက်တမ်းကာလမှာ (၃)နှစ် ခွင့်ပြုချက်ရရှိပြီး ၊ (၁)နှစ် ခွင့်ပြုချက်သာ ရရှိသည့် လိုင်စင်မြေများအားလဲ သက်တမ်းတိုး(၃)ကြိမ် ဆောင်ရွက်နိုင်ပါသည်။

 

သက်တမ်းတိုး လျှောက်ထားရာတွင် အောက်ပါစာရွက်စာတမ်းများ လိုအပ်ပါသည်။

၁။ မူလထုတ်ပေးထားသော လိုင်စင်မိတ္တူ

၂။ နိုင်ငံသားမှတ်ပုံတင်

၃။အသင်းအဖွဲ့အား လိုင်စင်မြေအားချထားပေးပါက အသင်းအဖွဲ့မှတ်ပုံတင်နှင့် အစည်းအဝေးမှတ်တမ်း

၄။ အခွန်အခပြေစာများနှင့် ကြွေးကျန်မရှိကြောင်း ထောက်ခံချက်

၅။ လက်ရှိ မြေကွက်မြေပြင်နှင့် အဆောက်အအုံဓာတ်ပုံများ

လိုင်စင်သက်တမ်းတိုးလျှောက်ထားသူသည် ဌာနမှ သတ်မှတ်ပုံစံဖြင့်သာ လျှောက်ထားဆောင်ရွက်ရပါမည်။

လိုင်စင်အမည်ပေါက်သူမှ လျှောက်ထားရမည်ဖြစ်ကာ မြေပြင်နှင့် မြေရာဇဝင်အချက်အလက်များ ကိုက်ညီမှုရှိမှသာ သက်တမ်းတိုးလျှောက်ထားခွင့်ရှိမည်ဖြစ်ပါသည်။

လိုင်စင်မြေအား သက်တမ်းမကုန်လွန်ခင် ကြိုတင်လျှောက်ထားမှုပြုရမည်ဖြစ်ကာ သက်တမ်း ကျော်လွန်ပါကလဲ သတ်မှတ်ဒဏ်ကြေးအား လျှောက်ထားသူမှ ထမ်းဆောင်၍ သက်တမ်းတိုး ဆောင်ရွက်ရပါမည်။

ကန့်ကွက်သူပေါ်ပေါက်ခြင်း၊ တားမြစ်ချက်တို့ရှိနေခြင်းဖြစ်ပါက လိုင်စင်မြေအား သက်တမ်းတိုး လျှောက်ထားမှု မပြုနိုင်သေးဘဲ။ ဌာနမှ စီစစ်ပြီးမှသာ သက်တမ်းတိုး ဆက်လက်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

လိုင်စင်မြေအား သက်တမ်းတိုး လျှောက်ထားသည့်အခါ သက်ဆိုင်ရာမြေစာရင်းဌာနမှ အတိုင်းအတာပါသော မြေပုံကိုရေးဆွဲခြင်း ဆောင်ရွက်ပေးနိုင်ပါသည်။

ကော်မတီမှ စာရွက်စာတမ်းပြည့်စုံမှုရှိမှသာ သတ်မှတ်ဝန်ဆောင်ခအား လျှောက်ထားသူအား ပေးသွင်းစေပြီး လိုင်စင်သက်တမ်းတိုးမှု မှတ်တမ်းအား မှတ်သားမည်ဖြစ် ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

လိုင္စင္ေျမအား သက္တမ္းတိုး ေဆာင္႐ြက္ျခင္းအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

 

ေအာက္ျမန္မာျပည္ၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ား အက္ဥပေဒပုဒ္မ-၁၆(ခ) အရ ခြင္ျပဳခ်က္ျဖင့္ ယာယီထုတ္ ေပးေသာ ေျမကို လိုင္စင္ေျမဟု ေခၚဆိုႏိုင္ၿပီး ထိုေျမအမ်ိဳးအစားမွာ လႊဲေျပာင္းေရာင္းခ်ခြင့္မ႐ွိပါ။ အစိုးရမွ စီမံ ခန္႔ခြဲပိုင္ခြင့္႐ွိေသာေျမျဖစ္ၿပီး အဆိုပါေျမအား လိုင္စင္အမည္ေပါက္ ခ်ထားျခင္းခံရသူမွသာ အသုံးျပဳခြင့္႐ွိပါသည္။

အသင္းအဖြဲ႕မ်ား၊ ဌာနဆိုင္ရာမ်ား၊ လူပဂၢိဳလ္တစ္ဦးခ်င္းအား လိုင္စင္ေျမခ်ထားေပးျခင္းမ်ား႐ွိပါသည္။

လိုင္စင္ေျမအား လႊဲေျပာင္းေရာင္းခ်ျခင္းမျပဳႏိုင္သလို ေျမအသုံးခ်ရန္ ေလွ်ာက္ထားသည့္ကိစၥရပ္အတြက္ သာ အသုံးျပဳခြင့္႐ွိပါသည္။ လိုင္စင္ေျမ၏ သက္တမ္းကာလမွာ (၃)ႏွစ္ ခြင့္ျပဳခ်က္ရ႐ွိၿပီး ၊ (၁)ႏွစ္ ခြင့္ျပဳခ်က္သာ ရ႐ွိသည့္ လိုင္စင္ေျမမ်ားအားလဲ သက္တမ္းတိုး(၃)ႀကိမ္ ေဆာင္႐ြက္ႏိုင္ပါသည္။

သက္တမ္းတိုး ေလွ်ာက္ထားရာတြင္ ေအာက္ပါစာ႐ြက္စာတမ္းမ်ား လိုအပ္ပါသည္။

၁။ မူလထုတ္ေပးထားေသာ လိုင္စင္မိတၱဴ

၂။ ႏိုင္ငံသားမွတ္ပုံတင္

၃။အသင္းအဖြဲ႕အား လိုင္စင္ေျမအားခ်ထားေပးပါက အသင္းအဖြဲ႕မွတ္ပုံတင္ႏွင့္ အစည္းအေဝးမွတ္တမ္း

၄။ အခြန္အခေျပစာမ်ားႏွင့္ ေႂကြးက်န္မ႐ွိေၾကာင္း ေထာက္ခံခ်က္

၅။ လက္႐ွိ ေျမကြက္ေျမျပင္ႏွင့္ အေဆာက္အအုံဓာတ္ပုံမ်ား

လိုင္စင္သက္တမ္းတိုးေလွ်ာက္ထားသူသည္ ဌာနမွ သတ္မွတ္ပုံစံျဖင့္သာ ေလွ်ာက္ထားေဆာင္႐ြက္ရပါမည္။

လိုင္စင္အမည္ေပါက္သူမွ ေလွ်ာက္ထားရမည္ျဖစ္ကာ ေျမျပင္ႏွင့္ ေျမရာဇဝင္အခ်က္အလက္မ်ား ကိုက္ ညီမႈ႐ွိမွသာ သက္တမ္းတိုးေလွ်ာက္ထားခြင့္႐ွိမည္ျဖစ္ပါသည္။

လိုင္စင္ေျမအား သက္တမ္းမကုန္လြန္ခင္ ႀကိဳတင္ေလွ်ာက္ထားမႈျပဳရမည္ျဖစ္ကာ သက္တမ္း ေက်ာ္လြန္ ပါကလဲ သတ္မွတ္ဒဏ္ေၾကးအား ေလွ်ာက္ထားသူမွ ထမ္းေဆာင္၍ သက္တမ္းတိုး ေဆာင္႐ြက္ရပါမည္။

ကန္႔ကြက္သူေပၚေပါက္ျခင္း၊ တားျမစ္ခ်က္တို႔႐ွိေနျခင္းျဖစ္ပါက လိုင္စင္ေျမအား သက္တမ္းတိုး ေလွ်ာက္ထားမႈ မျပဳႏိုင္ေသးဘဲ။ ဌာနမွ စီစစ္ၿပီးမွသာ သက္တမ္းတိုး ဆက္လက္ေဆာင္႐ြက္ႏိုင္မည္ျဖစ္ပါသည္။

လိုင္စင္ေျမအား သက္တမ္းတိုး ေလွ်ာက္ထားသည့္အခါ သက္ဆိုင္ရာေျမစာရင္းဌာနမွ အတိုင္းအတာပါ ေသာ ေျမပုံကို ေရးဆြဲျခင္း ေဆာင္႐ြက္ေပးႏိုင္ပါသည္။

ေကာ္မတီမွ စာ႐ြက္စာတမ္း ျပည့္စုံမႈ႐ွိမွသာ သတ္မွတ္ ဝန္ေဆာင္ခအား ေလွ်ာက္ထားသူအား ေပးသြင္းေစၿပီး လိုင္စင္သက္တမ္းတိုးမႈ မွတ္တမ္းအား မွတ္သားမည္ျဖစ္ ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသား ေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
Telegram တည်ထောင်သူ ဘီလျံနာသူဌေးက ၎င်းကြွယ်ဝသော ကန်ဒေါ်လာ ၁၄ ဘီလီယံကို သားသမီး ၁၀၆ ဦးအား အမွေပေးမည်ဖြစ်ကြောင်း ထုတ်ဖော်ပ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
အမွေထိန်းစာနှင့်စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြ ပေးလိုက်ပေးလိုက်ပါသည်။
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service