မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ - Property Knowledge in Myanmar from iMyanmarHouse.com
685 Views

မြေတိုင်းတာခြင်းနှင့် စပ်လျဉ်း၍ သိရှိထားသင့်သည့်အချက်အလက်များ

Knowledge | Posted by Aye Myat Thu

[Unicode]

မူလမြေတိုင်းတာခြင်းများ စတင်ပြုလုပ်သည်ဆိုလျှင် ရှေ့ပြေးနယ်နိမိတ်သတ်မှတ်ခြင်းဖြင့် ယာယီသတ် မှတ်မှုပြုရမည်ဖြစ်ပါသည်။ မြေမှာ တစ်ဧက၏ လေးပုံတစ်ပုံသာဖြစ်ပါက မြေတိုင်းတာခြင်း ပြုနိုင်မည်မဟုတ်ပါ။ အခွန်စည်းကြပ်ခြင်းပြုသည့် ဦးပိုင်မြေများအားလုံးအား မြေတိုင်းတာခြင်း ပြုနိုင်သည်။

ဥယျာဉ်ခြံမြေ၊ ရွာမြေ၊ မြို့ မြေများအား နယ်နိမိတ် အထင်အရှားမရှိသေးလျှင် ကွက်ကျဲတိုင်းတာခြင်း၊ ကွက်စိတ်တိုင်းတာခြင်းတို့ စတင်ပြုလုပ်ရမည်ဖြစ်သည်။ မြေတိုင်းတာခြင်း ပုံစံ- ၃၃ တွင်လဲ မူလတိုင်း၊ ပြန်တိုင်း၊ ပြင်တိုင်းတို့ဟူ၍ ဖော်ပြချက်များလဲ သီးခြားပါရှိပါသည်။

မြေမျက်နှာသွင်ပြင်တွင် မြစ်၊ လမ်းမ၊ မီးရထားလမ်း၊ တာတမံများရှိလျှင် နယ်ခြားမှတ်တိုင် စိုက်ထူရန် မလိုဘဲ သတ်မှတ်ဥပဒေ ပြဌာန်းချက်များအတိုင်း အဆိုပါမြေများနှင့် ပေအကွာအဝေး ခွာရမည်ဖြစ်ပါသည်။ အခြားဘေးမြေကွက်များနှင့် ထိစပ်နေပါကနယ်နိမိတ်ထောင့်တိုင်များ စိုက်ထူရမည်ဖြစ်ပါသည်။

တိုင်းတာသည့်မြေကွက်တွင် အခိုင်အမာ အဆောက်အဦးများရှိနှင့်ပါက မြေပုံပေါ်တွင် အမြဲတမ်းအမှတ် အသားအဖြစ် ထည့်သွင်း ရေးဆွဲရမည်ဖြစ်ပါသည်။ လမ်းမကြီး၊ တူးမြောင်း၊ တာမံ၊ မီးရထားလမ်းများ ရှိပါကလဲ မြေပုံ၌ သတ်မှတ်ချက်လက္ခဏာများ ဖော်ပြပေးမည်ဖြစ်ပါသည်။ တောင်ကုန်းများရှိလျှင်လဲ မျဉ်းကောက်ကြောင်း ဖြင့် ဖော်ပြရမည်ဖြစ်ပါသည်။

ဦးပိုင်အမှတ်မထွက်ရှိခင် မြေကွက်အမှတ်အား မှတ်သားမှုပြုထားမည်ဖြစ်ကာ အမြဲဦးပိုင်အမှတ်များ ထွက်ရှိပါကလဲ ဦးပိုင်အမှတ်များကို မြန်မာဂဏန်းဖြင့် ရေးသားကာ မြေပုံ၌ ဖော်ပြ ရေးသားပေးရမည်ဖြစ်သည်။ မြေတိုင်းတာခြင်းပြုပြီးသည့်မြေအား အပိုင်ပေးဂရန်များ၊ မြေငှားဂရန်များ လျှောက်ထားမှုပြုလျှင်လဲ လက်ရှိမြေ တိုင်းတာသည်နှင့် ဆက်စပ်မြေတိုင်းခြင်းသာ ပြုမည်ဖြစ်ပါသည်။

တရားရုံးတွင် မြေကိစ္စအငြင်းပွှားမှုများ ဖြေရှင်းရာတွင်လဲ မြေစာရင်းဦးစီးဌာနမှ ခွင့်ပြုချက်ရရှိပြီး မြေ တိုင်းတာခြင်းကော်မရှင်နာအား တရားရုံးမှ ခန့်အပ်ပြီးမှသာ မြေတိုင်းတာခြင်း ဆောင်ရွက်မှုပြုမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 


 












 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
ဘီလ်ဂိတ်က ကယ်လီဖိုးနီးယားတွင် ဒေါ်လာ ၄၃ သန်းတန် စံအိမ်ကြီးတစ်လုံးဝယ်ယူပြီး ဖြိုချခဲ့၊ ပတ်ဝန်းကျင်က အလွန်ဆူညံကြောင်း ပြော
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service