အိမ်ရဲ့ ကြမ်းပြင်နဲ့ နံရံတွေမှာရှိတဲ့ မှိုနဲ့ ရေညှိတွေကို အပြီးသတ်ဖယ်ရှားနည်း - Property Knowledge in Myanmar from iMyanmarHouse.com
2459 Views
အိမ်ရဲ့ ကြမ်းပြင်နဲ့ နံရံတွေမှာရှိတဲ့ မှိုနဲ့ ရေညှိတွေကို အပြီးသတ်ဖယ်ရှားနည်း
Knowledge | Posted by Si Thu Aung
[Unicode]
အိမ်တစ်အိမ်မှာ ရေချိုးခန်း၊ အိမ်သာနဲ့ မီးဖိုချောင်သန့်ရှင်းမှုရှိဖို့ အရမ်းအရေးကြီးပါတယ်။ ရေချိုးခန်း၊ အိမ်သာနဲ့ မီးဖိုချောင်ကြမ်းခင်းတွေ၊ နံရံတွေ သန့်ရှင်းရေးလုပ်လည်းခဏပဲ ပြီးရင် မှိုတွေပြန်ဖြစ်လာတယ်၊ ရေညှိတွေပြန်တက်လာပါတယ်။
ဒီတော့ ကြမ်းခင်း၊ နံရံတွေမှာ မှိုတွေ၊ ရေညှိတွေပြန်မဖြစ်အောင် လုပ်နိုင်မယ့် သန့်ရှင်းရေးလုပ်နည်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။
 (၁) ဆပ်ပြာရည်နဲ့ရှာလကာရည်
နံရံနဲ့ကြမ်းပြင်တွေကို ဆပ်ပြာရည်သုံး၊ ဘရပ်ရှ်နဲ့တိုက်ကာဆေးချပြီးရင် အခြောက်ခံပါ။ ခြောက်သွားရင် ရှာလကာရည်ကို စပရေးဘူးထဲထည့်ပြီး မှိုတွေဖြစ်တတ်တဲ့နေရာတွေမှာဖျန်းပေးကာ အခြောက်ခံထားပေးလိုက်ပါ။ အဲ့လိုမျိုး ရှာလကာရည်နဲ့ နှစ်ခါလောက် ဖျန်းပေးပါ။ ဒါဆို နံရံတွေကြမ်းပြင်တွေမှာ နောက်ထပ် မှိုတွေ လွယ်လွယ်နဲ့ဖြစ်တော့မှာမဟုတ်ပါဘူး။
(၂) ချွတ်ဆေး
စပရေးဘူးတစ်ခုထဲမှာ ချွတ်ဆေးတစ်ဆ၊ ရေကိုးဆရောပြီး နံရံနဲ့ကြမ်းပြင်ကို လိုက်ဖျန်းကာ ဘရပ်ရှ်နဲ့ပွတ်တိုက်ပေးပါ။ ပြီးရင် ရေဆေးချပြီး ခြောက်အောင်ထားပါ။ ဒါက ရိုးရိုးရေဆေးတာထက် ပိုသန့်စေပြီး မှိုတွေနဲ့ရေညှိတွေ ပြန်မဖြစ်လာအောင် တားပေးနိုင်ပါတယ်။
(၃) မုန့်ဖုတ်ဆော်ဒါနဲ့ ရှာလကာရည်
ရေနဲ့ရှာလကာရည်ကို ဆတူရောပြီး နံရံနဲ့ကြမ်းခင်းတွေမှာဖျန်းကာ ဘရပ်ရှ်နဲ့ပွတ်တိုက်ပြီးရေနဲ့ဆေးချလိုက်ပါ။ မုန့်ဖုတ်ဆိုဒါကိုရေနွေးအနည်းငယ်နဲ့ရောကာ အနှစ်ရအောင်လုပ်ပြီး နံရံ၊ကြမ်းခင်းတွေကို အဲ့ဒီအနှစ်နဲ့လူးကာ ဘရပ်ရှ်နဲ့နောက်တစ်ခေါက် တိုက်ပေးပါ။ ပြီးရင် ရေနွေးနဲ့ပြန်ဆေးချပါ။ ရှာလကာရည်နဲ့ရေကို ဆတူရောပြီး စပရေးဘူးထဲထည့်ကာ အဲ့ဒီအပေါ်ကနေ ထပ်ဖျန်းပေးပြီး ခြောက်အောင်ထားပေးလိုက်ပါ။ နောက်ထပ်မှိုတွေ လွယ်လွယ်နဲ့မဖြစ်လာတော့ပါဘူး။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: AuntyMay
[Zawgyi]
(၂) ချွတ်ဆေး
Credit: AuntyMay
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
ကမ္ဘာ့ကံအဆိုးဆုံးလူသား (သို့မဟုတ်) သေမင်းကို ၇ ကြိမ် ကျီစယ်ခဲ့ပြီးနောက် ကျန်းမာ၊ ထီပေါက်၊ မယား ၅ ယောက်ရခဲ့သူ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အမေရိကန်ပြည်၊ ဖလော်ရီဒါမှာ လူသားစား ဘက်တီးရီးယား ကူးစက်ခံရသူ များပြားလာနေပြီး သေဆုံးသူ ၈ ဦးအထိ ရှိလာ
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
အာဟာရကြွယ်ဝတဲ့ ကုဆိုင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
လေထဲမှ လျှပ်စစ်ဓာတ်ကို ဆွဲယူနိုင်သည့် ဒင်္ဂါးပြားအရွယ် ဓာတ်အားပေးစက် ဂျပန်တီထွင်
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
မိမိအား ရာထူးတိုးမပေးခဲ့သည့် အလုပ်ရှင်ဟောင်း၏ အိမ်ကို ဒေါ်လာ ၄၃ သန်းဖြင့်ဝယ်ကာ ဖြိုချလိုက်သည့် ဘီလျံနာသူဌေး
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
ဖိလစ်ပိုင်တွင် ရေဘူးများအတွင်း အစွန်းချွတ်ဆေးထည့်ကာ မျက်နှာကြက်မီးလုံးအဖြစ် အသုံးပြုလာတဲ့အိမ် သိန်းနှင့်ချီပြီးရှိလာ၊ လျ
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
“ကျွန်မ စက်ရုံ ၃ ခုပိုင်ပါတယ်။ ကိုယ်တိုင်ချက်ပြုတ်ကျွေးပါမယ်” (သို့မဟုတ်) အိန္ဒိယ သန်းကြွယ် သူဌေးမလေးက အလုပ်လက်မဲ့ အမျို
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ပန်းဂေါ်ဖီ နဲ့ ပန်းဂေါ်ဖီစိမ်း ဘယ်တစ်ခု ပိုကောင်းမလဲ!
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
ကြွေလက်ဖက်ရည်ခွက်က အစွန်းအထင်းတွေပျောက်အောင် ဆေးကြောနည်း..
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
စက်တင်ဘာလ ၇ ရက်တွင် ဖြစ်ပေါ်မည့် သွေးနီလကို ကမ္ဘာ့နေရာ အနှံ့အပြားမှ ၈၂ မိနစ်ကြာ တွေ့မြင်ရမည်
Upcoming Property Events
From 27 Aug To 27 Sep
INNO CITY
From 27 Sep To 28 Sep
18th Property and Car Expo
From 27 Sep To 28 Sep
18th Property and Car Expo
18th Property and Car Expo
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service