အမှုအမျိုးအစားများထဲမှ ပြင်ဆင်မှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
859 Views

အမှုအမျိုးအစားများထဲမှ ပြင်ဆင်မှုအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

Knowledge | Posted by Shwe Zin Win

[Unicode]

ပြည်ထောင်စုတရားစီရင်ရေး ဥပဒေပုဒ်မ- ၂(ဃ) အရ ပြင်ဆင်မှုဆိုသည်မှာ မူလတရားရုံးမှ ချမှတ်သော စီရင်ချက်(သို့)အမိန့်ကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးတစ်ရုံးရုံးမှ ဥပဒေနှင့်အညီ ပြန်လည်စီစစ်ပေးသော အမှုများကို ဆိုလိုပါသည်။

ပြင်ဆင်မှုများမှာ ဥပဒေအကြောင်းချင်းရာများကို ပြန်လည်သုံးသပ်ခြင်းပင် ဖြစ်ပါသည်။ ပြင်ဆင်မှုစီရင် ပိုင်ခွင့်ရှိသော တရားရုံးမှ တရားမျှတမှုရှိမရှိ ပြင်ဆင်မှုဖြင့် ပြန်လည်စီစစ်ခြင်းပင်ဖြစ်ပါသည်။

ခရိုင်တရားရုံးများ၊ တိုင်းဒေသကြီး / ပြည်နယ် တရားလွှတ်တော်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ တရားရုံး၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တို့သည် ပြင်ဆင်မှု စီရင်ပိုင်ခွင့် အာဏာရှိပါသည်။ ခရိုင်တရားရုံး များမှ ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ-၅၄ အရ လည်းကောင်း၊ တိုင်းဒေသကြီး / ပြည်နယ်တရား လွှတ်တော်မှ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ-၃၉ အရ လည်းကောင်း ပြင်ဆင်မှု အာဏာရှိပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သည် ပြည်ထောင်စုတရားစီရင်ရေးဥပဒေပုဒ်မ-၁၃ အရ မူလ စီရင်ချက် (သို့) အမိန့်ကို ပြင်ဆင်မှုအာဏာရှိသည်။

ပြင်ဆင်မှုလျှောက်ထားရာတွင် အမှုတွင် ပါဝင်သည့် နစ်နာသည့်အမှုသည်များ လျှောက်ထားခွင့်ရှိသည်။ အမှုအတွင်း မပါဝင်သူများ ပြင်ဆင်မှု လျှောက်ထားလျှင် လက်ခံနိုင်ခြင်းမရှိပါ။ မူလ အမှုအတော်အတွင်းတွင် အထက်တရားရုံးသို့ ပြင်ဆင်မှု လျှောက်ထားခွင့် အခွင့်အရေးမရှိသေးဘဲ မူလတရားရုံးက အမိန့်တစ်ရပ်ရပ် ချမှတ်သည့်အခါမှသာ အဆိုပါအမိန့်မှာ ဥပဒေနှင့် မညီညွတ်ကြောင်း တင်ပြလိုသည့်အခါမှ ပြင်ဆင်မှု လျှောက်ထားဆောင်ရွက်ခွင့်ရှိပါသည်။

ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ- ၄၃၉(၅) တွင်လဲ အယူခံဝင်နိုင်သည့်အမှုများအား ပြင်ဆင်ခွင့်လျှောက် ထား၍မရကြောင်း ဖော်ပြထားပြီးဖြစ်ပါသည်။ ပြင်ဆင်မှုတွင် အမိန့်ကိုပယ်ဖျက်ရန် လျှောက်ထားလာပါက ပြင်ဆင်မှု လက်ခံသည့်တရားရုံးမှ အမိန့်ကိုပယ်ဖျက်ခြင်းနှင့် အတည်ပြုရန် အမိန့်သာ ချမှတ်ပိုင်ခွင့်ရှိပါသည်။

တရားရုံးများလက်စွဲအပိုဒ်- ၇၆၆ အရ မူလတရားရုံးမှ အမိန့်ချမှတ်ပြီး ရက်ပေါင်း- (၆၀) အတွင်း ပြင်ဆင်မှု တင်သွင်းရမည်ဖြစ်ရာ ကျော်လွန်ပြီး နောက်မှ ပြင်ဆင်မှုတင်သွင်းပါက မည်သည့်အတွက်ကြောင့် နှောင်းနှေးကြန့်ကြာရကြောင်း ကျမ်းကျိန်လွှာဖြင့် တင်ပြချက်ပါရှိရပါမည်။

ခရိုင်တရားရုံး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ တရားရုံးဖြစ်ပါက ပြင်ဆင်မှုလျှောက်လွှာအား ရုံးခွန်တော် ၁၀၀ ထမ်းဆောင်ရမည်ဖြစ်ကာ ၊ တိုင်းဒေသကြီး/ ပြည်နယ် တရားလွှတ်တော်ဖြစ်ပါက ရုံးခွန် တော် ၂၀၀ ထမ်းဆောင်ရပါမည်။ အကျဉ်းသား/အချုပ်တရားခံများမှ ပြင်ဆင်မှု လျှောက်လွှာတင်သွင်းပါက ရုံးခွန်တော် ကင်းလွှတ်ခွင့်ရပါသည်။

အယူခံမှုများ၊ ပြင်ဆင်မှုများအား တင်သွင်းရာတွင် လိုအပ်သည့် အမိန့်၊ စီရင်ချက် မိတ္တူများပူးတွဲ တင်ပြရမည်ဖြစ်ပါသည်။ ပြင်ဆင်မှုကို တရားရုံးတစ်ရုံးရုံးက လက်ခံသင့်မသင့်ဆုံးဖြတ်ရာတွင် အမှုသည်တို့၏ အခွင့်အရေး တစ်ရပ်ရပ်အရ ပြင်ဆင်မှုကို လက်ခံဆောင်ရွက်ခြင်းမဟုတ်ဘဲ၊ တရားရုံး၏ တာဝန်တစ်ရပ်ရပ် အရသာ ဆောင်ရွက်ပေးရမည် အချက်ကို ထည့်သွင်းစဉ်းစားခြင်းမျိုးဖြစ်ပါသည်။

ပြင်ဆင်မှုကို လက်ခံခွင့်ရှိသည့် တရားရုံးမှ မူလတရားရုံး၏ အမိန့်ကို ဝင်ရောင်စွက်ဖက်ရန် အကြောင်း မတွေ့ပါက အကျဉ်းနည်းဖြင့် ပလပ်ခြင်းလဲပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

အမႈအမ်ိဳးအစားမ်ားထဲမွ ျပင္ဆင္မႈအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

 

ျပည္ေထာင္စုတရားစီရင္ေရး ဥပေဒပုဒ္မ- ၂(ဃ) အရ ျပင္ဆင္မႈဆိုသည္မွာ မူလတရား႐ုံးမွ ခ်မွတ္ေသာ စီရင္ခ်က္(သို႔)အမိန္႔ကို စီရင္ပိုင္ခြင့္႐ွိေသာ တရား႐ုံးတစ္႐ုံး႐ုံးမွ ဥပေဒႏွင့္အညီ ျပန္လည္စီစစ္ေပးေသာ အမႈမ်ားကို ဆိုလိုပါသည္။

ျပင္ဆင္မႈမ်ားမွာ ဥပေဒအေၾကာင္းခ်င္းရာမ်ားကို ျပန္လည္သုံးသပ္ျခင္းပင္ ျဖစ္ပါသည္။ ျပင္ဆင္မႈစီရင္ ပိုင္ခြင့္႐ွိေသာ တရား႐ုံးမွ တရားမွ်တမႈ႐ွိမ႐ွိ ျပင္ဆင္မႈျဖင့္ ျပန္လည္စီစစ္ျခင္းပင္ျဖစ္ပါသည္။

ခ႐ိုင္တရား႐ုံးမ်ား၊ တိုင္းေဒသႀကီး / ျပည္နယ္ တရားလႊတ္ေတာ္မ်ား၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း/ေဒသ တရား႐ုံး၊ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္တို႔သည္ ျပင္ဆင္မႈ စီရင္ပိုင္ခြင့္ အာဏာ႐ွိပါသည္။ ခ႐ိုင္တရား႐ုံး မ်ားမွ ျပည္ေထာင္ စုတရားစီရင္ေရးဥပေဒပုဒ္မ-၅၄ အရ လည္းေကာင္း၊ တိုင္းေဒသႀကီး / ျပည္နယ္တရား လႊတ္ေတာ္မွ ျပည္ေထာင္စု တရားစီရင္ေရး ဥပေဒပုဒ္မ-၃၉ အရ လည္းေကာင္း ျပင္ဆင္မႈ အာဏာ႐ွိပါသည္။ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္သည္ ျပည္ေထာင္စုတရားစီရင္ေရးဥပေဒပုဒ္မ-၁၃ အရ မူလ စီရင္ခ်က္ (သို႔) အမိန္႔ကို ျပင္ဆင္မႈအာဏာ႐ွိသည္။

ျပင္ဆင္မႈေလွ်ာက္ထားရာတြင္ အမႈတြင္ ပါဝင္သည့္ နစ္နာသည့္အမႈသည္မ်ား ေလွ်ာက္ထားခြင့္႐ွိသည္။ အမႈအတြင္း မပါဝင္သူမ်ား ျပင္ဆင္မႈ ေလွ်ာက္ထားလွ်င္ လက္ခံႏိုင္ျခင္းမ႐ွိပါ။ မူလအမႈအေတာ္အတြင္းတြင္ အထက္ တရား႐ုံးသို႔ ျပင္ဆင္မႈ ေလွ်ာက္ထားခြင့္ အခြင့္အေရးမ႐ွိေသးဘဲ မူလတရား႐ုံးက အမိန္႔တစ္ရပ္ရပ္ ခ်မွတ္သည့္အခါမွသာ အဆိုပါအမိန္႔မွာ ဥပေဒႏွင့္ မညီၫြတ္ေၾကာင္း တင္ျပလိုသည့္အခါမွ ျပင္ဆင္မႈ ေလွ်ာက္ထား ေဆာင္႐ြက္ခြင့္႐ွိပါသည္။

ျပစ္မႈဆိုင္ရာ က်င့္ထုံးဥပေဒပုဒ္မ- ၄၃၉(၅)တြင္လဲ အယူခံဝင္ႏိုင္သည့္အမႈမ်ားအား ျပင္ဆင္ခြင့္ေလွ်ာက္ ထား၍မရေၾကာင္း ေဖာ္ျပထားၿပီးျဖစ္ပါသည္။ ျပင္ဆင္မႈတြင္ အမိန္႔ကိုပယ္ဖ်က္ရန္ ေလွ်ာက္ထားလာပါက ျပင္ဆင္မႈ လက္ခံသည့္တရား႐ုံးမွ အမိန္႔ကိုပယ္ဖ်က္ျခင္းႏွင့္ အတည္ျပဳရန္ အမိန္႔သာ ခ်မွတ္ပိုင္ခြင့္႐ွိပါသည္။

တရား႐ုံးမ်ားလက္စြဲအပိုဒ္- ၇၆၆ အရ မူလတရား႐ုံးမွ အမိန္႔ခ်မွတ္ၿပီး ရက္ေပါင္း- (၆၀) အတြင္း ျပင္ဆင္မႈ တင္သြင္းရမည္ျဖစ္ရာ ေက်ာ္လြန္ၿပီး ေနာက္မွ ျပင္ဆင္မႈ တင္သြင္းပါက မည္သည့္အတြက္ေၾကာင့္ ေႏွာင္းေႏွးၾကန္႔ၾကာရေၾကာင္း က်မ္းက်ိန္လႊာျဖင့္ တင္ျပခ်က္ပါ႐ွိရပါမည္။

ခ႐ိုင္တရား႐ုံး၊ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရတိုင္း/ေဒသ တရား႐ုံးျဖစ္ပါက ျပင္ဆင္မႈေလွ်ာက္လႊာအား ႐ုံးခြန္ေတာ္ ၁၀၀ ထမ္းေဆာင္ရမည္ျဖစ္ကာ ၊ တိုင္းေဒသႀကီး/ ျပည္နယ္ တရားလႊတ္ေတာ္ျဖစ္ပါက ႐ုံးခြန္ ေတာ္ ၂၀၀ ထမ္းေဆာင္ရပါမည္။ အက်ဥ္းသား/အခ်ဳပ္တရားခံ မ်ားမွ ျပင္ဆင္မႈ ေလွ်ာက္လႊာတင္သြင္းပါက ႐ုံးခြန္ေတာ္ ကင္းလႊတ္ခြင့္ရပါသည္။

အယူခံမႈမ်ား၊ ျပင္ဆင္မႈမ်ားအား တင္သြင္းရာတြင္ လိုအပ္သည့္ အမိန္႔၊ စီရင္ခ်က္ မိတၱဴမ်ားပူးတြဲ တင္ျပရမည္ျဖစ္ပါသည္။ ျပင္ဆင္မႈကို တရား႐ုံးတစ္႐ုံး႐ုံးက လက္ခံသင့္မသင့္ဆုံးျဖတ္ရာတြင္ အမႈသည္တို႔၏ အခြင့္အေရး တစ္ရပ္ရပ္အရ ျပင္ဆင္မႈကို လက္ခံေဆာင္႐ြက္ျခင္းမဟုတ္ဘဲ၊ တရား႐ုံး၏ တာဝန္တစ္ရပ္ရပ္ အရသာ ေဆာင္႐ြက္ေပးရမည္ အခ်က္ကို ထည့္သြင္းစဥ္းစားျခင္းမ်ိဳးျဖစ္ပါသည္။

ျပင္ဆင္မႈကို လက္ခံခြင့္႐ွိသည့္ တရား႐ုံးမွ မူလတရား႐ုံး၏ အမိန္႔ကို ဝင္ေရာင္စြက္ဖက္ရန္ အေၾကာင္း မေတြ႕ပါက အက်ဥ္းနည္းျဖင့္ ပလပ္ျခင္းလဲျပဳႏိုင္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
ဂျက်ဘေးဇော့စ်က နယူးယောက်မြို့လယ်ရှိ သူ၏ ဒေါ်လာသန်း ၁၀၀ ကျော်တန် Penthouse ခန်းသို့ ကရိန်းဖြင့် ပရိဘောဂများ တင်ရန်အတွက် လ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း

Upcoming Property Events

From 21 Jun To 22 Jun

Golden City Condo

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Golden City Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service