The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa - Property News in Myanmar from iMyanmarHouse.com
663 Views

The Ellen Show ပဲ့ကိုင်ရှင် Ellen Degeneres တစ်ချိန်က ချစ်သူကောင်မလေးနှင့်အတူပိုင်ဆိုင်ခဲ့သော ဒေါ်လာ (၄၅) သန်းတန်ကြေးရှိ Santa Barbara Villa

[Unicode]

 

မှင်တက်ဖွယ် သမိုင်းအငွေ့အသက်များကျန်ရှိနေသယောင် အေးချမ်းဆိတ်ငြိမ်သော Santa Barbara Villa ကို အစီအစဉ်တင်ဆက်သူ Ellen Degeneres မှ အမေရိကန်ဒေါ်လာ (၂၆) သန်းဖြင့် ဝယ်ယူခဲ့ပြီး ပြန်လည်ရောင်းချချိန်မှာတော့ ဒေါ်လာ (၄၅) သန်းအထိ အမြတ်တင်ရောင်းချနိုင်ခဲ့သည်။ ဇိမ်ခံအိမ်ကြီးရဲ့ ဧရိယာအကျယ်အဝန်းဟာ (၁၆) ဧကအထိ ကျယ်ဝန်းပြီး အီတလီစတိုင်ဇိမ်ခံအိမ်အမျိုးအစားဖြစ်သည်။

 

Ellen လက်ထက်တွင် Jordan Hall ဟု အမည်ရသော ဖျော်ဖြေရေးမဏ္ဍပ်တစ်ခု ထည့်သွင်းတည်ဆောက်ခဲ့ပြီး တင်းနစ်ကွင်း၊ ရေကူးကန်များထည့်သွင်းတည်ဆောက်ခဲ့သည်။ သမုဒ္ဒရာ၊ အနားသတ်ဆိပ်ကမ်း၊ တောင်တန်းများအထိ ရှုမြင်နိုင်သော အငူငယ်ပေါ်တွင် တည်ဆောက်ထားတဲ့ ထိုအိမ်ဟာ ၁၉၃၀ ခုနှစ်ထဲက စိတ်ကြိုက်ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

 

 

ဇိမ်ခံအိမ်ကြီးရဲ့ သင်္ကေတကို မြင်သာအောင်လှစ်ဟပြရမည်ဆိုလျှင် ဂန္ထဝင်ကြွေပြားအမိုး၊ စဉ့်ကူးမျက်နှာပြင်၊ ကျယ်ပြန့်ခမ်းနားသော သစ်သားကြမ်းခင်း ပျဉ်ချပ်များ၊ ကျေးလက်ဒေသစတိုင် မျက်နှာကြက်ထုပ်များနှင့် ၁၈ ရာစု အီတလီကြွေပြား ၊ ခေတ်ဟောင်းမီးအလင်းရောင်ကို ခြယ်သထားပြီး ဒေသတွင်း ကျောက်တုံးများနဲ့ ဖွဲ့စည်းထားသည့် ခိုင်ခံ့သောနံရံများကြောင့် မော်ဒယ်ဇိမ်ခံအိမ်များနှင့် မတူကွဲထွက်သော နေထိုင်မှုရသကို ပေးနိုင်စွမ်းရှိနေသည်။

 

 

ဒေသကျောက်တုံးများနှင့် အသားပေးဆောက်လုပ်ထားခြင်းဖြစ်ပြီး အခန်းတွင်းဖွဲ့စည်းပုံ ပရိဘောဂများကိုလည်း သဘာဝကျောက်နုရောင်၊ မီးခိုးရောင် စသဖြင့် သုံးပေးထားပြီး သမုဒ္ဒရာကို လှမ်းမျှော်ကြည့်နိုင်သည့် ရေကူးကန်နှင့်အတူ မြက်ခင်းပြင်ကျယ်ကိုပါ ထည့်သွင်းတည်ဆောက်ပေးထားသည်။

 

 

"ရှေးဆန်ပြီး အဆင့်အတန်းတစ်ခုကို ဖော်ပြတဲ့ ခံစားမှုမျိုးရစေတယ်။ အဲ့အိမ်မှာ အမြဲနေချင်စိတ်တောင် ဖြစ်မိတယ်။ တကယ်ကို သဘာဝနဲ့ အနီးစပ်ဆုံး ဆောက်ထားတဲ့ စံအိမ်ကြီးပါပဲ" ဟု စံအိမ်နှင့်ပတ်သက်သည့် ခံစားချက်ကို Ellen က ပြောကြားခဲ့ဖူးသည်။

 

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

Photo Credit: priceypads

 

 

 

[Zawgyi]

The Ellen Show ပဲ့ကိုင္႐ွင္ Ellen Degeneres တစ္ခ်ိန္က ခ်စ္သူေကာင္မေလးႏွင့္အတူပိုင္ဆိုင္ခဲ့ေသာ ေဒၚလာ (၄၅) သန္းတန္ေၾကး႐ွိ Santa Barbara Villa

 

မွင္တက္ဖြယ္ သမိုင္းအေငြ႕အသက္မ်ားက်န္႐ွိေနသေယာင္ ေအးခ်မ္းဆိတ္ၿငိမ္ေသာ Santa Barbara Villa ကို အစီအစဥ္တင္ဆက္သူ Ellen Degeneres မွ အေမရိကန္ေဒၚလာ (၂၆) သန္းျဖင့္ ဝယ္ယူခဲ့ၿပီး ျပန္လည္ေရာင္းခ်ခ်ိန္မွာေတာ့ ေဒၚလာ (၄၅) သန္းအထိ အျမတ္တင္ေရာင္းခ်ႏိုင္ခဲ့သည္။ ဇိမ္ခံအိမ္ႀကီးရဲ႕ ဧရိယာအက်ယ္အဝန္းဟာ (၁၆) ဧကအထိ က်ယ္ဝန္းၿပီး အီတလီစတိုင္ ဇိမ္ခံအိမ္အမ်ိဳးအစားျဖစ္သည္။

Ellen လက္ထက္တြင္ Jordan Hall ဟု အမည္ရေသာ ေဖ်ာ္ေျဖေရးမ႑ပ္တစ္ခု ထည့္သြင္းတည္ေဆာက္ခဲ့ၿပီး တင္းနစ္ကြင္း၊ ေရကူးကန္မ်ားထည့္သြင္းတည္ေဆာက္ခဲ့သည္။ သမုဒၵရာ၊ အနားသတ္ဆိပ္ကမ္း၊ ေတာင္တန္းမ်ားအထိ ႐ႈျမင္ႏိုင္ေသာ အငူငယ္ေပၚတြင္ တည္ေဆာက္ထားတဲ့ ထိုအိမ္ဟာ ၁၉၃၀ ခုႏွစ္ထဲက စိတ္ႀကိဳက္ဒီဇိုင္းဆြဲ တည္ေဆာက္ခဲ့ျခင္းျဖစ္သည္။

ဇိမ္ခံအိမ္ႀကီးရဲ႕ သေကၤတကို ျမင္သာေအာင္လွစ္ဟျပရမည္ဆိုလွ်င္ ဂႏၴဝင္ေႂကြျပားအမိုး၊ စဥ့္ကူးမ်က္ႏွာျပင္၊ က်ယ္ျပန္႔ခမ္းနားေသာ သစ္သားၾကမ္းခင္း ပ်ဥ္ခ်ပ္မ်ား၊ ေက်းလက္ေဒသစတိုင္ မ်က္ႏွာၾကက္ထုပ္မ်ားႏွင့္ ၁၈ ရာစု အီတလီေႂကြျပား ၊ ေခတ္ေဟာင္းမီးအလင္းေရာင္ကို ျခယ္သထားၿပီး ေဒသတြင္း ေက်ာက္တုံးမ်ားနဲ႔ ဖြဲ႕စည္းထားသည့္ ခိုင္ခံ့ေသာနံရံမ်ားေၾကာင့္ ေမာ္ဒယ္ဇိမ္ခံအိမ္မ်ားႏွင့္ မတူကြဲထြက္ေသာ ေနထိုင္မႈရသကို ေပးႏိုင္စြမ္း႐ွိေနသည္။

ေဒသေက်ာက္တုံးမ်ားႏွင့္ အသားေပးေဆာက္လုပ္ထားျခင္းျဖစ္ၿပီး အခန္းတြင္းဖြဲ႕စည္းပုံ ပရိေဘာဂမ်ားကိုလည္း သဘာဝေက်ာက္ႏုေရာင္၊ မီးခိုးေရာင္ စသျဖင့္ သုံးေပးထားၿပီး သမုဒၵရာကို လွမ္းေမွ်ာ္ၾကည့္ႏိုင္သည့္ ေရကူးကန္ႏွင့္အတူ ျမက္ခင္းျပင္က်ယ္ကိုပါ ထည့္သြင္းတည္ေဆာက္ေပးထားသည္။

"ေ႐ွးဆန္ၿပီး အဆင့္အတန္းတစ္ခုကို ေဖာ္ျပတဲ့ ခံစားမႈမ်ိဳး ရေစတယ္။ အဲ့အိမ္မွာ အၿမဲေနခ်င္စိတ္ေတာင္ ျဖစ္မိတယ္။ တကယ္ကို သဘာဝနဲ႔ အနီးစပ္ဆုံး ေဆာက္ထားတဲ့ စံအိမ္ႀကီးပါပဲ" ဟု စံအိမ္ႏွင့္ပတ္သက္သည့္ ခံစားခ်က္ကို Ellen က ေျပာၾကားခဲ့ဖူးသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Photo Credit: priceypads

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
စင်္ကာပူတွင် ချမ်းသာသော အဘိုးတစ်ဦးက အစားအသောက်များ အလဟဿ မဖြစ်စေရန်ဟုဆိုကာ စားသောက်ဆိုင်တစ်ခု၌ စားကြွင်းစားကျန်များ လိုက်
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ
အိန္ဒိယတွင် ပလတ်စတစ်မိုး ကျူးကျော်တဲလေးတစ်လုံး၌ နေထိုင်သော မိန်းကလေးတစ်ဦးကို ဟောလိဝုဒ် ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက တွေ့ရှိသ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Pan Swal Taw Condominium

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service