တရားမမှုစတင် တရားစွဲဆိုသည့်အခါ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
1304 Views
တရားမမှုစတင် တရားစွဲဆိုသည့်အခါ ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
Knowledge | Posted by Hnin Ei Khin
[Unicode]
တရားမမှုစတင် တရားစွဲဆိုသည့်အခါ တရားလိုမှ အမှုဖြစ်အကြောင်းအရာကို အဆိုလွှာတွင် အတိုချုပ်ရေးသား၍ အမှုတန်ဖိုးအလိုက် ရုံးခွန်တော် (၀.၅%) ထမ်းဆောင်ကာ တရားမမှု ဖွင့်လှစ်ဆောင်ရွက်ရမည် ဖြစ်ပါသည်။ အဆိုလွှာတွင်လိပ်စာများအား ပြည့်စုံစွာ ဖော်ပြရမည်ဖြစ်ကာ တရားရုံးမှ ထုတ်ဖော်ပြသရန် စာရွက်စာတမ်းများ အမိန့်ချမှတ်သည်ကို တရားလိုမှလိုက်နာရန် ပျက်ကွက်ပါကတရားရုံးမှအဆိုလွှာအား ပလပ်နိုင်ပါသည်။
တရားစွဲဆိုရန် (the Cause of Action)ကို ပေါ်ပေါက်ကြောင်းနှင့် ကာလစည်းကမ်းသတ်အတွင်း ကျရောက်ကြောင်း ဖော်ပြရမည်။
ပထမအကြိမ် အမှုကြားနာသောရက်တွင် တရားလို မလာရောက်ပါက အမှု အား ပလပ်နိုင်သည်။ သမ္မာန်စာအတည်ဖြစ်ကာ တရားပြိုင်ဘက်မှ မလာရောက်ပါက အမှုအား တဖက်သတ် စစ်ဆေးပေးရန် တရားလိုမှ လျှောက်ထားနိုင်သည်။
မရွှေ့မပြောင်းနိုင်သောပစ္စည်းဖြစ်ပါကမြေစာရင်းရုံးတွင် မှတ်တမ်းဝင် နယ်နိမိတ်များ/ အမှတ်များကို သီးခြားစွာ ဖော်ပြရမည်။အချင်းဖြစ် အကြောင်းအရာ၊ အချင်းဖြစ်ပစ္စည်းတည်ရှိရာ အရပ်ပေါ်မူတည်၍ စွဲရမည့် တရားရုံး၊ သက်သာခွင့်ပေါ်မူတည်၍ စီရင်ပိုင်ခွင့်ရှိသော တရားရုံးများအား ရွှေးချယ်ကာ တရားမမှု ဖွင့်လှစ်ရမည် ဖြစ်ပါသည်။
အချင်းဖြစ်ပစ္စည်းတန်ဖိုးမှာ ကျပ်သိန်း(၁၀၀)ထိ ဖြစ်ပါက မြို့နယ်တရားရုံးတွင် စွဲဆိုရမည်။ ကျပ် သိန်း (၁၀၀၀၀) အထိ ဆိုပါက ခရိုင်တရားရုံးတွင် အမှုဖွင့်လှစ်တရားစွဲဆိုရင် လိုအပ်ပါသည်။ ကျပ်သိန်း (၁၀၀၀၀) အထက်ဆိုပါက တိုင်းဒေသကြီး/ပြည်နယ် တရားလွှတ်တော်တို့တွင် တရားစွဲဆိုရန် လိုအပ်ပါသည်။ အိမ်ခြံမြေနှင့် သက်ဆိုင်သောအမှုများတွင် ၎င်းတို့နှင့် သက်ဆိုင်သည့်အရပ်ဒေသရှိ တရားရုံးတွင်အမှုဖွင့်လှစ် တရားစွဲဆိုရပါသည်။
တရားမမှု အမျိုးအစားများတွင် တရားမမှု စတင်ဖွင့်လှစ်သည်မှစ၍ ဇာရီမှု၊ တရားမအထူးအယူခံမှု၊ တရားမ ဒုတိယအယူခံမှု၊ တရားမအထွေထွေအယူခံမှု၊ တရားမအထွေထွေမှုတို့လဲ ပါဝင်ပါသည်။ အိမ်ငှားနှင်လိုမှု၊ အိမ်လစာရလိုမှု၊ အိမ်ခြံမြေအားလက်ရောက်ရလိုကြောင်း တရားစွဲဆိုလိုမှု၊ နစ်နာကြေးငွေများ ရယူလိုမှု၊ အမွေမှု ၊ကွာလိုမှုများ၊ ကုမ္ပဏီများ၊ အစုစပ်လုပ်ငန်းများ၊ အဖွဲ့အစည်းလုပ်ငန်းများ ၊ သီးခြားသက်သာခွင့်တို့မှာ တရားမှုအမျိုးအစားထဲတွင်ပါဝင်ပြီး စာချုပ်စာတမ်းနှင့်သက်ဆိုင်သည့် အငြင်းပွှားမှုများ၊ ပိုင်ဆိုင်ကြောင်း မြွတ်ဟကြေညာပေးစေလိုမှုများမှာလဲ တရားမမှုအမျိုးအစားများပင် ဖြစ်ပါသည်။ ဂုဏ်သိက္ခာပိုင်းဆိုင်ရာ၊ အခွင့်အရေးရပိုင်ခွင့်ဆိုင်ရာ အငြင်းပွှားမှုတောင်းဆိုမှုများတွင်လဲ တရားမမှုဖွင့်လှစ်ဆောင်ရွက်ရပါသည်။
တရားလိုမှ အဆိုလွှာတင်ပြီး သမ္မာန်စာအတည်ဖြစ်သည့်အခါ တရားပြိုင်ကိုယ်တိုင်ဖြစ်စေ၊ တရားပြိုင်၏ ရှေ့နေဖြစ်စေ၊ တရားပြိုင်၏အခွင့်ရကိုယ်စားလှယ်နှင့် တရားရုံးသို့ လာရောက်ကာ သတ်မှတ်ထားသည့်နေ့ရက်အတွင်း ချေလွှာတင်သွင်းနိုင်ပါသည်။ ချေလွှာတွင် တိကျစွာလိုရင်းတိုရှင်း မငြင်းလျှင်ဝန်ခံရာ သဘောသက်ရောက်ပါသည်။
တရားလို၊ တရားပြိုင် အဆိုလွှာ၊ချေလွှာ ပေါ်မူတည်၍ တရားရုံးမှ ရုံးငြင်းချက်များ ထုတ်ပေးပါသည်။ ငြင်းချက်တွင်အကြောင်းခြင်းရာငြင်းချက်နှင့် ဥပဒေငြင်းချက်ဟူ၍ နှစ်မျိုးနှစ်စားရှိပြီး ဥပဒေငြင်းချက်ကို ပထမဦးစွာစစ်ဆေး ကြားနာရမည်ဖြစ်ပါသည်။
အဆိုပါ ငြင်းချက်ပေါ်အခြေခံ၍ သက်သေခံချက်များ တရားရုံးမှာ ရယူစစ်ဆေးပြီး လျှောက်လဲချက်များထိ ကြားနာပါသည်။ တရားရုံးမှအမိန့်ပေါ်တွင် စီရင်ချက်၊ ဒီကရီ ရေးဆွဲပေးပါသည်။ ဒီကရီတွင် ပဏာမဒီကရီနှင့် အပြီးသတ်ဒီကရီဟူ၍ နှစ်မျိုးနှစ်စားရှိပါသည်။ ဒီကရီကို အကောင်အထည်ဖော်ပေးစေလိုပါက ဇာရီမှုဖွင့်လှစ်ဆောင်ရွက်ရကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
တရုတ်နာမည်ကြီး ရက်ပ်အဆိုတော် ဘီလျံနာသူဌေး Huang Zitao (Exo အဖွဲ့သားဟောင်း) က မိန်းကလေး လစဉ်သုံးပစ္စည်း စက်ရုံတည်ထောင်ကာ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်၊ ရှန်ဟိုင်းမြို့တွင် မြေအောက်ဘူတာရုံ၊ ဈေးဝယ်စင်တာနှင့် မြေအောက်ဟိုတယ်များ ဆောက်လုပ်ရန်အတွက် တန်ချိန် ၇၅၀၀ ကျော
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် ခင်ပွန်းဖြစ်သူက ဦးနှောက်သေရောဂါအခြေအနေခံစားနေရသော ဇနီးဖြစ်သူကို နေ့စဉ် သီချင်းဆိုပြ၊ ကပြခဲ့ရာ နောက်ဆုံးတွင
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
တရုတ်ပြည်တွင် အသက် ၁၅ နှစ်အရွယ်အထိ သူတောင်းစားဂိုဏ်းသားအဖြစ် တောင်းရမ်းခဲ့ရပြီး အသက် ၁၆ နှစ်တွင် မူလတန်းကျောင်း စတင်ကျော
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
ဘီလ်ဂိတ်က ဖက်ရှင်လုပ်ငန်း စတင်ထူထောင်သည့် သမီးဖြစ်သူအား တစ်ပြားတစ်ချပ်မှပင် အရင်းအနှီး ထုတ်မပေးသည့် ဖြစ်အင်
Upcoming Property Events
From 28 Jun To 29 Jun
Magical World Apartment
From 28 Jun To 29 Jun
Pan Swal Taw Condominium
From 02 Jun To 30 Jun
42 Mini Condo
From 02 Jun To 30 Jun
Central Shophouse
From 09 Jun To 09 Jul
The Vista Luxury Residence
Pan Swal Taw Condominium
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service