စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
930 Views

စည်ပင်သာယာရေးကော်မတီ မြို့ပြ မြေစီမံခန့်ခွဲရေးဆိုင်ရာ နည်းဥပဒေအရ မြေယာစီမံခန့်ခွဲမှုပြုသည့် လုပ်ငန်းစဉ်များအကြောင်း

Knowledge | Posted by Zarni Kyaw

[Unicode]

 

စည်ပင်သာယာရေးကော်မတီသည် နည်းဥပဒေ-၃အရ မြို့ပြစီမံကိန်းအတွက် မြေအသုံးချမှု စီမံချက်များ စတင်ရေးဆွဲမှုပြုပြီးသည်နှင့် စီမံကိန်းအတွင်း အများပြည်သူများ နေထိုင်အသုံးပြုခွင့်ရရှိရန် မြေငှားစာချုပ် ဂရန် မြေ၊ လိုင်စင်များနှင့် ပါမစ်မြေများအဖြစ် ခွဲခြားသတ်မှတ်ပြီး နေရာချထားပေးပါတယ်။

ထို့ပြင် အဆိုပါ မြို့ကွက်များ ဖော်ထုတ်ပြီးသည်နှင့် တည်ဆောက်မှုအတွက် စီမံခန့်ခွဲခြင်း၊ မြို့နယ်၊ ရပ်ကွက်၊ မြေပုံများအားလဲ မြို့မြေစာရင်းတွင် စာရင်းပြုစုထိန်းသိမ်းခြင်းများအား ကော်မတီမှ ဆောင်ရွက်ပေးပြီး ချထားပေးသော မြေငှားစာချုပ်၊ လိုင်စင်များ၊ ပါမစ်များအား စည်းကမ်းချက်များအတိုင်း နေထိုင်မှုမရှိလျှင် သက်တမ်းတိုးမြင့်ခြင်း မရှိလျှင် ဖျက်သိမ်းခြင်းတို့လဲ ဆောင်ရွက်ပါသည်။

မြို့ပြစီမံကိန်းနှင့်အညီ ယခင်တည်ထောင်ထားသော မြို့သစ်၊စီမံကိန်းဇုန်များ၊အိမ်ရာစီမံကိန်းကို ကော်မတီမှ သက်ဆိုင်ရာဌာမှ တဆင့်လွှဲပြောင်းရယူပြီး နည်းဥပဒေအတိုင်း ဆက်လက်စီမံခန့်ခွဲမှုအား ကော်မတီမှပင် ဆောင်ရွက်ပေးပါသည်။

မြေငှားစာချုပ်များအား ပိုင်ဆိုင်ခွင့် အမည်ပြောင်းလဲခြင်း ၊ မြေတိုင်းတာမှု လျှောက်ထားခြင်း၊ မြေကွက်ခွဲစိတ်မှု ဆောင်ရွက်လိုခြင်း၊ မြေပုံမြေရာဇဝင် ထုတ်ယူလိုခြင်း၊ မြေတန်ဖိုးအတွက် ရာဖြတ်နှုန်းထားသတ်မှတ်ခြင်းနှင့် အခြားသော ကိစ္စရပ်များ စီမံခန့်ခွဲပေးခြင်းများလဲ ကော်မတီမှပင် ဦးဆောင်ဆောင်ရွက်ပါသည်။

ကော်မတီမှ မြေခွန်မြေခနှင့် သက်ဆိုင်၍ အခွန်စည်းကြပ် ကောက်ခံခြင်း၊ မြေခွန် ကင်းလွတ် ခွင့်ပြုခြင်းအတွက် ဆုံးဖြတ်ခြင်း၊ မြေခွန်သက်သာခွင့်ပြုခြင်းများ ၊ စာရင်းမှ ပယ်ဖျက်ပေးခြင်းများ ဆောင်ရွက်ရန် ကော်လိတ္တော်အရာရှိ၊ မြေခွန်တော်အရာရှိ၊ မြေအရာရှိနှင့် နယ်နိမိတ်သတ်မှတ်ရေး အရာရှိများအား ခန့်အပ်တာဝန် ပေးအပ်ပါသည်။

ထို့အပြင် တရားမဝင် ကျူးကျော်နေထိုင်မှုပြုသူများအား နေအိမ် အဆောက်အအုံ၊ မြေကွက်အတွင်းမှ ဖယ်ရှားထွက်ခွာစေရန် ကော်မတီမှ တရားစွဲဆိုမှုပြုပါသည်။ စီမံကိန်းများ အကောင်အထည်ဖော်ရာတွင်လဲ ပုဂ္ဂလိကပိုင်မြေအတွင်း မလွတ်ကင်းသော အဆောက်အအုံများရှိက လုပ်ထုံးလုပ်နည်းနှင့်အညီ ဖယ်ရှားစေခြင်းတို့ ကော်မတီမှ ဆောင်ရွက်ပါသည်။

လယ်ယာမြေနှင့် အကျုံးမဝင်ကြောင်း ၃(ခ) ဝန်ခံချက်လက်မှတ် လျှောက်ထား သူများရှိလာလျှင်လဲ ကော်မတီမြေတိုင်းတာမှုပြုစေကာ မြေစာရင်းအစီရင်ခံစာများ စီစစ်ပြီးမှ ခွင့်ပြုချက် ထုတ်ပေးပါသည်။

မီးလောင်မြေများရှိက အဆိုပါမြေအား ဖွံ့ဖြိုးရေးလုပ်ငန်းများ ပြန်လည်အသုံးပြုနိုင်ရေးအတွက် သက်ဆိုင်ရာဌာနနှင့် ညှိနှိုင်းကာ စနစ်တကျစီမံခန့်ခွဲခြင်းတို့ကို ကော်မတီမှပင် လုပ်ဆောင်ပါသည်။

သုဿာန်မြေများ မြို့ပြနှင့်အညီ စီမံခန့်ခွဲမှုပြုစေခြင်း၊ ကမ်းပြို ရေတိုက်စားမှုရှိသောမြေ ၊ ဘဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးသောမြေများကို ကော်မတီမှ စနစ်တကျ သတ်မှတ်ကာ စီမံနေရာချထားပေးပါတယ်။

ထို့အပြင် နည်းဥပဒေ-၃၅ အရ အများပြည်သူ အကျိုးအတွက် သိမ်းယူထားသော မြေ၊ အဆောက်အအုံများအားလဲ ကော်မတီမှပင် ထိန်းသိမ်းစောင့်ရှောက်ပြီး ဖွံ့ဖြိုးမှုရှိစေရန် စီမံဆောင်ရွက်ခြင်း၊ နည်းဥပဒေ-၃၆၊ ၃၇၊ ၃၈၊ ၃၉ တို့နှင့်အညီ လွှဲပြောင်းလက်ခံထားသော မြေများကို ဖွံ့ဖြိုးမှုစီမံကိန်းနှင့် ကိုက်ညီမှုရှိရန် စီမံခန့်ခွဲပါတယ်။

စည်ပင်သာယာရေး ဥပဒေအခန်း-(၈)အရ ကော်မတီသည် မရွှေ့မပြောင်းနိုင်သော ပစ္စည်း ပုဂ္ဂလိကပိုင်မြေ၊ မြေငှားစာချုပ် ဂရန်မြေ၊ လိုင်စင်မြေ၊ ပါမစ်မြေ တို့မှလွှဲ၍ အခြား မိမိစီမံ ခန့်ခွဲပိုင်ခွင့်ရှိသော မြေများအား ရောင်းချခြင်း၊ လဲလှယ်ခြင်း၊ အခြားနည်းဖြင့် လွှဲပြောင်းခြင်း၊ သိမ်းယူထားသော မြေများကိုနည်းဥပဒေအညီ စီမံခန့်ခွဲခြင်းတို့လဲ ဆောင်ရွက်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

 

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

[Zawgyi]

စည္ပင္သာယာေရးေကာ္မတီ ၿမိဳ႕ျပ ေျမစီမံခန္႔ခြဲေရးဆိုင္ရာ နည္းဥပေဒအရ ေျမယာစီမံခန္႔ခြဲမႈျပဳသည့္ လုပ္ငန္းစဥ္မ်ားအေၾကာင္း

 

စည္ပင္သာယာေရးေကာ္မတီသည္ နည္းဥပေဒ-၃အရ ၿမိဳ႕ျပစီမံကိန္းအတြက္ ေျမအသုံးခ်မႈ စီမံခ်က္မ်ား စတင္ေရးဆြဲမႈျပဳၿပီးသည္ႏွင့္ စီမံကိန္းအတြင္း အမ်ားျပည္သူမ်ား ေနထိုင္အသုံးျပဳခြင့္ရ႐ွိရန္ ေျမငွားစာခ်ဳပ္ ဂရန္ ေျမ၊ လိုင္စင္မ်ား ႏွင့္ ပါမစ္ေျမမ်ားအျဖစ္ ခြဲျခားသတ္မွတ္ၿပီး ေနရာခ်ထားေပးပါတယ္။

ထို႔ျပင္ အဆိုပါ ၿမိဳ႕ကြက္မ်ား ေဖာ္ထုတ္ၿပီးသည္ႏွင့္ တည္ေဆာက္မႈအတြက္ စီမံခန္႔ခြဲျခင္း၊ ၿမိဳ႕နယ္၊ ရပ္ကြက္၊ ေျမပုံမ်ားအားလဲ ၿမိဳ႕ေျမစာရင္းတြင္ စာရင္းျပဳစု ထိန္းသိမ္းျခင္းမ်ားအား ေကာ္မတီမွ ေဆာင္႐ြက္ေပးၿပီး ခ်ထားေပးေသာ ေျမငွားစာခ်ဳပ္၊ လိုင္စင္မ်ား၊ ပါမစ္မ်ားအား စည္းကမ္းခ်က္မ်ားအတိုင္း ေနထိုင္မႈမ႐ွိလွ်င္ သက္ တမ္းတိုးျမင့္ျခင္း မ႐ွိလွ်င္ ဖ်က္သိမ္းျခင္းတို႔လဲ ေဆာင္႐ြက္ပါသည္။

ၿမိဳ႕ျပစီမံကိန္းႏွင့္အညီ ယခင္တည္ေထာင္ထားေသာ ၿမိဳ႕သစ္၊စီမံကိန္းဇုန္မ်ား၊အိမ္ရာစီမံကိန္းကို ေကာ္မတီမွ သက္ဆိုင္ရာဌာမွ တဆင့္လႊဲေျပာင္းရယူၿပီး နည္းဥပေဒအတိုင္း ဆက္လက္စီမံခန္႔ခြဲမႈအား ေကာ္မတီမွပင္ ေဆာင္႐ြက္ေပးပါသည္။

ေျမငွားစာခ်ဳပ္မ်ားအား ပိုင္ဆိုင္ခြင့္ အမည္ေျပာင္းလဲျခင္း ၊ ေျမတိုင္းတာမႈ ေလွ်ာက္ထားျခင္း၊ ေျမကြက္ ခြဲစိတ္မႈ ေဆာင္႐ြက္လိုျခင္း၊ ေျမပုံ ေျမရာဇဝင္ ထုတ္ယူလိုျခင္း၊ ေျမတန္ဖိုးအတြက္ ရာျဖတ္ႏႈန္းထား သတ္မွတ္ျခင္းႏွင့္ အျခားေသာ ကိစၥရပ္မ်ား စီမံခန္႔ခြဲေပးျခင္းမ်ားလဲ ေကာ္မတီမွပင္ ဦးေဆာင္ေဆာင္႐ြက္ပါသည္။

ေကာ္မတီမွ ေျမခြန္ေျမခႏွင့္ သက္ဆိုင္၍ အခြန္စည္းၾကပ္ ေကာက္ခံျခင္း၊ ေျမခြန္ ကင္းလြတ္ ခြင့္ျပဳျခင္း အတြက္ ဆုံးျဖတ္ျခင္း၊ ေျမခြန္သက္သာခြင့္ျပဳျခင္းမ်ား ၊ စာရင္းမွ ပယ္ဖ်က္ေပးျခင္းမ်ား ေဆာင္႐ြက္ရန္ ေကာ္လိေတၱာ္အရာ႐ွိ၊ ေျမခြန္ေတာ္အရာ႐ွိ၊ ေျမအရာ႐ွိႏွင့္ နယ္နိမိတ္သတ္မွတ္ေရး အရာ႐ွိမ်ားအား ခန္႔အပ္တာဝန္ ေပးအပ္ပါသည္။

ထို႔အျပင္ တရားမဝင္ က်ဴးေက်ာ္ေနထိုင္မႈျပဳသူမ်ားအား ေနအိမ္ အေဆာက္အအုံ၊ ေျမကြက္အတြင္းမွ ဖယ္႐ွားထြက္ခြာေစရန္ ေကာ္မတီမွ တရားစြဲဆိုမႈျပဳပါသည္။ စီမံကိန္းမ်ား အေကာင္အထည္ေဖာ္ရာတြင္လဲ ပုဂၢလိကပိုင္ေျမအတြင္း မလြတ္ကင္းေသာ အေဆာက္အအုံမ်ား႐ွိက လုပ္ထုံးလုပ္နည္းႏွင့္အညီ ဖယ္႐ွားေစျခင္းတို႔ ေကာ္မတီမွ ေဆာင္႐ြက္ပါသည္။

လယ္ယာေျမႏွင့္ အက်ံဳးမဝင္ေၾကာင္း ၃(ခ) ဝန္ခံခ်က္လက္မွတ္ ေလွ်ာက္ထား သူမ်ား႐ွိလာလွ်င္လဲ ေကာ္မတီ ေျမတိုင္းတာမႈျပဳေစကာ ေျမစာရင္းအစီရင္ခံစာမ်ား စီစစ္ၿပီးမွ ခြင့္ျပဳခ်က္ထုတ္ ေပးပါသည္။

မီးေလာင္ေျမမ်ား႐ွိက အဆိုပါေျမအား ဖြံ႕ၿဖိဳးေရးလုပ္ငန္းမ်ား ျပန္လည္အသုံးျပဳႏိုင္ေရးအတြက္ သက္ဆိုင္ရာ ဌာနႏွင့္ ညႇိႏိႈင္းကာ စနစ္တက်စီမံခန္႔ခြဲျခင္းတို႔ကို ေကာ္မတီမွပင္ လုပ္ေဆာင္ပါသည္။

သုႆာန္ေျမမ်ား ၿမိဳ႕ျပႏွင့္အညီ စီမံခန္႔ခြဲမႈျပဳေစျခင္း၊ ကမ္းၿပိဳ ေရတိုက္စားမႈ႐ွိေသာေျမ ၊ ဘဘာဝေဘးအႏၲရာယ္ေၾကာင့္ ပ်က္စီး ေသာေျမမ်ားကို ေကာ္မတီမွ စနစ္တက် သတ္မွတ္ကာ စီမံေနရာခ်ထားေပးပါတယ္။

ထို႔အျပင္ နည္းဥပေဒ-၃၅ အရ အမ်ားျပည္သူ အက်ိဳးအတြက္ သိမ္းယူထားေသာ ေျမ၊ အေဆာက္အအုံ မ်ားအားလဲ ေကာ္မတီမွပင္ ထိန္းသိမ္းေစာင့္ေ႐ွာက္ၿပီး ဖြံ႕ၿဖိဳးမႈ႐ွိေစရန္ စီမံေဆာင္႐ြက္ျခင္း၊ နည္းဥပေဒ-၃၆၊ ၃၇၊ ၃၈၊ ၃၉ တို႔ႏွင့္အညီ လႊဲေျပာင္းလက္ခံထားေသာ ေျမမ်ားကို ဖြံ႕ၿဖိဳးမႈ စီမံကိန္းႏွင့္ ကိုက္ညီမႈ႐ွိရန္ စီမံခန္႔ခြဲ ပါတယ္။

စည္ပင္သာယာေရး ဥပေဒအခန္း-(၈)အရ ေကာ္မတီသည္ မေ႐ႊ႕မေျပာင္းႏိုင္ေသာ ပစၥည္း ပုဂၢလိကပိုင္ေျမ၊ ေျမငွားစာခ်ဳပ္ ဂရန္ေျမ၊ လိုင္စင္ေျမ၊ ပါမစ္ေျမ တို႔မွလႊဲ၍ အျခား မိမိစီမံ ခန္႔ခြဲပိုင္ခြင့္႐ွိေသာ ေျမမ်ားအား ေရာင္းခ်ျခင္း၊ လဲလွယ္ျခင္း၊ အျခားနည္းျဖင့္ လႊဲေျပာင္းျခင္း၊ သိမ္းယူထားေသာ ေျမမ်ားကို နည္း ဥပေဒအညီ စီမံခန္႔ခြဲျခင္းတို႔လဲ ေဆာင္႐ြက္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

 

 

 

 

 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
အိမ်ရာမဲ့ဘဝမှ သူဌေးဖြစ်လာသော အမေရိကန်ပြည်၊ ဒက်ထရွိုက်မြို့မှ အမျိုးသားတစ်ဦးအကြောင်း
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
၂၀၂၅-၂၀၂၆ ခုနှစ်အတွက် ရန်ကုန်တိုင်း မြို့နယ်စုံ အသစ်ထွက်ရှိလာသော ရာဖြတ်နှုန်းထားများ
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
ငလျင်လှုပ်ချိန်တွင် နေအိမ် အဆောက်အအုံများကို လေအိတ်ဖြင့် ပင့်မ ပေးထားကာ ထိခိုက်ပျက်စီးမှုမရှိစေရန် ကာကွယ်ပေးသည့် ဂျပန်နည
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
တူရကီတွင် ဆေးလိပ်ဖြတ်ရန်အတွက် မျက်နှာကို လှောင်အိမ်စွပ်ကာ သော့ခတ်ထားပြီး ဇနီးထံ သော့အပ်ထားသည့် အမျိုးသားတစ်ဦးအကြောင်း
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အင်္ဂလန်နိုင်ငံ၊ ဘာမင်ဂန်မြို့တွင် အမှိုက်သိမ်းသမားအားလုံး အလုပ်ထွက်သွားသောကြောင့် တစ်မြို့လုံးရှိ နေအိမ်များရှေ့တွင် အမ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
အိန္ဒိယတွင် တဲအိမ်အချို့ကို အာဏာပိုင်တို့က ဖြိုချဖျက်ဆီး၊ အိမ်ဖျက်ခံရသူတို့အား ရူပီး ၁၀ သိန်း လျော်ကြေးပေးရန် အိန္ဒိယ တရ
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
တရုတ်ပြည်ရှိ လူငယ်တို့မှာ အိမ်ငှားနေထိုင်ခြင်းထက် ဟိုတယ်များတွင် နေထိုင်ကြမှု ပိုမိုများပြားလာလျက်ရှိ၊ ဟိုတယ်တွင် နေထိုင
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
ထိုင်းတွင် သန့်ရှင်းရေး မိန်းကလေးတစ်ဦးကို ရုရှားဓာတ်ပုံဆရာတစ်ဦးက ဗွီဒီယိုရိုက်ကူးကာ TikTok တွင် တင်ခဲ့ရာ သန့်ရှင်းရေးမိန
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ
မြန်မာနိုင်ငံတွင် ငလျင်ကြောင့် ပျက်စီးခဲ့ရသည့် အခြေခံ အဆောက်အအုံများ ပြန်လည်ဆောက်လုပ်ရေး အတွက် အကူအညီပေးမည်ဟု အိန္ဒိယကတိ

Upcoming Property Events

From 25 Apr To 09 May

Mingalardon Garden City

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

imyanmarmarket
Magical World

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service