ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ - Property News in Myanmar from iMyanmarHouse.com
848 Views
ကမ္ဘာကျော် Pop ဘုရင် အဆိုတော်မိုက်ကယ်ဂျက်ဆင် တစ်ချိန်က ပိုင်ဆိုင်ခဲ့သော Neverland Ranch စံအိမ်ဝန်းကြီးအတွင်းမှ ကြီးကျယ်ခမ်းနားမှုများ
[Unicode]
ကလေးချစ်တတ်တဲ့ အဆိုတော်မိုက်ကယ်ဂျက်ဆင်ဟာ Neverland Ranch စံအိမ်ကြီးကို ကလေးများ ပျော်ပါးကစားဖို့ရာ ပါတီရုံတစ်ခုအဖြစ် ဖန်တီးချင်ခဲ့တာပါ။
အိမ်ဝန်းကြီးဟာ ၂၇၀၀ ဧကအထိ ကျယ်ဝန်းပြီး ၁၉၇၇ ခုနှစ်မှာ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက မြေဝယ်ယူပြီး တည်ဆောက်ခဲ့ပါတယ်။
၁၉၈၈ ခုနှစ်မှာ မိုက်ကယ်ဂျက်ဆင်ဟာ ထိုသူ့ထံမှ စံအိမ်ကို တစ်ဖန်ပြန်ဝယ်ယူခဲ့ပြီး အမေရိကန်ဒေါ်လာ ၁၉.၅ သန်းအထိ ကုန်ကျခဲ့ပါတယ်။
စံအိမ်ပိုင်ရှင်ဖြစ်သွားပြီးနောက်မှာ ကမ္ဘာကျော်အဆိုတော်ကြီးဟာ စံအိမ်ကို နာမည်ကြီး ကလေးကြိုက် ကာတွန်းကား ပီတာပန်ဇာတ်ကားထဲက Neverland အဖြစ်အသွင်ပြောင်းချင်ခဲ့ပုံပေါ်ပါတယ်။
ကလေးကစားကွင်း၊ ရထားပတ်လမ်း၊ ချားရဟတ်ကြီးငယ်များထည့်သွင်းကာ တိရစ္ဆာန်ရုံကိုတောင် ခြံထဲထည့်ထားပေးခဲ့ပါတယ်။
နှစ်အတန်ကြာ Neverland Ranch ဟာ မိုက်ကယ်ချစ်တဲ့ ကလေးငယ်များအတွက် ပျော်ရွှင်စရာဝန်းကြီးဖြစ်ခဲ့ပြီးနောက် ၂၀၀၃ ခုနှစ်မှာတော့ ကလေးသူငယ်လိင်အမြတ်ထုတ်မှုဆိုတဲ့ ခေါင်းစဉ်အောက် ရဲတပ်ဖွဲ့ရဲ့မကြာခဏ စစ်ဆေးရှာဖွေခြင်းကို ခံခဲ့ရပါတယ်။
၂၀၀၅ ခုနှစ်မှာတော့ မိုက်ကယ်ဟာ Neverland Ranch စံအိမ်ကြီးမှာ နေထိုင်ခြင်း၊ အပန်းဖြေခြင်း မပြုလုပ်တော့ဘဲ စွန့်ပစ်ထားခဲ့ပါတော့တယ်။
မိုက်ကယ်ဆုံးပါးသွားပြီး အိမ်ကြီးကို ပိုင်ဆိုင်သူအလီလီပြောင်းလဲခဲ့ပေမယ့် အခုလက်ရှိမှာတော့ ဘီလျံနာ Ron Burkle ဆိုသူက ဒေါ်လာ ၂၂ သန်းဖြင့် ဝယ်ယူပိုင်ဆိုင်ထားပြီး မိုက်ကယ်ခြယ်သခဲ့တဲ့ အိမ်ကြီးရဲ့ ကြီးကျယ်ခမ်းနားမှုပုံရိပ်တွေကတော့ မပျောက်ကွယ်သေးတာကို တွေ့ရမှာပါ။
(Ron Burkle , right, pictured with Spanish actor Javier Bardem, left, in 2022)
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit:  Jim Bartsch , splashnews, getty image 
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
ဂန္ထဝင်ရော့ခ်အဖွဲ့ကြီး Led Zeppelin မှ အဆိုတော် ရောဘတ်ပလန့်၏ အင်္ဂလန်ရှိ စံအိမ် ကန်ဒေါ်လာ ၃ ဒသမ ၅ သန်းနီးပါးဖြင့် ရောင်း
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
အီတလီတွင် ငလျင်ပြတ်ရွေ့ကြောကြီးရှိသော နေရာ၌ ကမ္ဘာ့အရှည်လျားဆုံး ကြိုးတံတားကြီး ဆောက်လုပ်ရန် စီစဉ်
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
ဆော်ဒီတွင် သွားရောက်အလုပ်လုပ်နေသူတစ်ဦးက အိန္ဒိယမှ စီးပွားရေး လုပ်ငန်းရှင်၏ ဘဏ်စာရင်းသို့ ရူပီး ၅၀,၀၀၀ မှားယွင်းငွေလွှဲမိ
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
တရုတ်ပြည်တွင် စူပါမာ့ကက်အုပ်စုကြီး၏ ပိုင်ရှင်က ယွမ် ၁၀ သန်းနီးပါး (ဒေါ်လာ ၁ ဒသမ ၄ သန်း) ကို ဝန်ထမ်းများအား ခွဲဝေပေးမှု န
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
တရုတ်ပြည်တွင် ပလုံကောက်သူ ဘဝမှ PhD ကျောင်းသားဖြစ်လာသော လူငယ်လေးတစ်ဦးအကြောင်း
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
စက်ရုံအလုပ်သမဘဝ၊ ဝက် ဘဲများ မွေးမြူသူဘဝမှသည် ကမ္ဘာ့အချမ်းသာဆုံး ကိုယ့်ထူးကိုယ်ချွန် ဘီလျံနာ အမျိုးသမီးဖြစ်လာသူ၊ touchscr
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
Upcoming Property Events
From 14 Jun To 15 Jun
Magical World Apartment
From 14 Jun To 15 Jun
Mingalar Market
From 02 Jun To 30 Jun
42 Mini Condo
From 02 Jun To 30 Jun
Central Shophouse
imyanmarmarket
The Vista Luxury Residance
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service