မြေကျူးကျော်နေထိုင်ခြင်းများနှင့်စပ်လျဉ်း၍ ဖယ်ရှားမှုပြုရာတွင် သိရှိထားသင့်သည် ဥပဒေပိုင်းဆိုင်ရာအချက်အလက်များကို ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
804 Views

မြေကျူးကျော်နေထိုင်ခြင်းများနှင့်စပ်လျဉ်း၍ ဖယ်ရှားမှုပြုရာတွင် သိရှိထားသင့်သည် ဥပဒေပိုင်းဆိုင်ရာအချက်အလက်များကို ရေးသားဖော်ပြပေးလိုက်ပါတယ်။

Knowledge | Posted by Shwe Zin Win

[Unicode]

 

မြေကို ပိုင်ဆိုင်မှုစာတမ်းအထောက်အထားများသာ ရရှိထားပြီး မြေကွက်လက်မဲ့ဖြစ်နေသူ နှင့် မြေခွန်ပြေစာများ ထမ်းဆောင်နေကာ နှစ်ပေါင်း (၁၂နှစ်) ထက်ကျော် ကျူးကျော်နေထိုင်သူများမှာ မြေပိုင်ဆိုင်မှုနှင့် စပ်လျဉ်း၍ အငြင်းပွားမှု ပေါ်ပေါက်လာမှာပဲ ဖြစ်ပါတယ်။

မြေပိုင်ရှင်မှာ စာရွက်စာတမ်းများသာရှိပြီး မိမိအမည်ပေါက်ပိုင်ဆိုင်သည့် မြေပေါ်တွင် ဝင်ရောက် ကျူးကျော်နေထိုင်သည်ကို ကာလစည်းကမ်းသတ်အတွင်း ဖယ်ရှားခြင်းမပြုသည့်အတွက် ပိုင်ဆိုင်မှု အငြင်းပွားရခြင်းပဲဖြစ်ပါတယ်။ တချို့အငှားချထားခြင်းများတွင်လဲ ငှားရမ်းခြင်းစာချုပ် ကာလကျော်လွန်သော်လည်း ဖယ်ရှားထွက်ခွာခြင်း မပြုပါက ကာလစည်းကမ်းသတ်အတွင်း တရားစွဲဆိုမှုပြုရပါသည်။

မြေပိုင်ရှင်မှ မြေငှားဂရန် သက်တမ်းကျော်လွန်သော်လည်း သက်တမ်းတိုးလျှောက်ထားခြင်းမရှိဘဲ ဆက်လက် အသုံးပြုနေလျှင် အဆိုပါ မြေရှင်မှာလဲ ကျုးကျော်နေထိုင်သူအဖြစ်သို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။

အစိုးရမြေကို ကျူးကျော်ခြင်းဖြစ်ပါက အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ ပုဒ်မ-၂၁ အရ အမိန့်ထုတ်ပြန်ကာ နို့တစ်စာပေးပို့ပါတယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ တဆင့် ဖယ်ရှားမှုပြုရန် စာကပ်ခြင်းများ ပြုနိုင် ပြီး တားဆီးခြင်း၊ ခုခံကာကွယ်ခြင်းများလဲ မပြုနိုင်ပါ။

လူပုဂ္ဂိုလ်ချင်း ကျူးကျော်သူများအား နှင်လိုမှု စွဲဆိုလိုပါက သီးခြားသက်သာခွင့်ဥပဒေပုဒ်မ-၈၊ ပုဒ်မ-၉ အရ တရားစွဲဆိုရမှာဖြစ်ပါတယ်။ သီးခြားသက်သာခွင့်(၉)အရ စွဲဆိုမည်ဆိုပါက တရားလိုသည် မရွှေ့မပြောင်းနိုင်ပစ္စည်းအား လက်ရှိဖြစ်ရမည်။ ထို့အပြင် အဆိုပါပစ္စည်းအပေါ်တွင် တရားလိုမှာ ဥပဒေအရမဟုတ်ဘဲ ဖယ်ရှားခြင်းခံရမည်ဖြစ်ကာ ပစ္စည်းလက်လွတ်ဖြစ်သည့်နေ့မှ ကာလစည်းကမ်းသတ် (၆)လအတွင်း တရားစွဲဆိုရမည်ဖြစ်ပါသည်။

တရားလိုမှ သီးခြားသက်သာခွင့်(၉)အရ တရားလိုမှ ပစ္စည်းအားဥပဒေနှင့်အညီ လက်ရှိထား ပိုင်ခွင့်ရှိကြောင်း၊ မတရားသဖြင့် လက်လွတ်ဆုံးရှုံးခဲ့ရကြောင်း၊ တရားပြိုင် ဥပဒေမဲ့ ရယူခြင်းဖြစ်ကြောင်း သက်သေခံချက် တင်ပြရန် လိုပါ သည်။ (ဦးချစ်ထွန်းနှင့်ဒေါ်ငွေဆောင် ၁၉၆၃ မတစ ၁၄၂)။ တရားပြိုင်ထံမှ တရားစရိတ်လဲ ထည့်သွင်း တောင်းဆိုခြင်း ပြုနိုင်ကာ ပြစ်မှုကြောင်း ပုဒ်မ- ၄၄၇၊၄၄၈၊၄၂၆ ဖြင့်လဲ တရားစွဲဆိုခြင်း ပြုနိုင်ပါသည်။ အိမ်ငှားများမှ အတင်းအဓမ္မ ဖယ်ရှားခံရလျှင်လဲ အိမ်ရှင်အပေါ် အိမ်ငှားမှ သီးခြားသက်သာခွင့်(၉)အရ တရားစွဲဆိုနိုင်ပါသည်။ (ဦးသန်းထွန်းနှင့် ယူနွတ် (ခ) တင်မြင့် ၁၉၉၃ခုနှစ် တရားမပထမအယူခံမှု အမှတ်-၆၃) သီးခြားသက်သာခွင့်(၈)အရ စွဲဆိုမည်ဆိုပါက မရွှေ့မပြောင်းနိုင်သောပစ္စည်းကို ဆန့်ကျင်လက်ရှိသည့် (၁၂နှစ်) အတွင်း တရားစွဲဆိုရန်လိုအပ်သည်။ ပိုင်ဆိုင်မှုရှိကြောင်း တရားလိုမှ အထောက်အထားများ တင်ပြရမည်။ (ဦးကျော်ဝင်း နှင့်ဒေါ်ဆန်ဂါရာမား)၁၉၉၁ မတစ-၇) ။ တရားပြိုင်ဘက်မှလဲ ဆန့်ကျင်လက်ရှိထားသည်မှာ (၁၂နှစ်)ကျော် လွန်ပြီဖြစ် ကြောင်း အထောက်အထားများဖြင့် တင်ပြနိုင်ရမည်ဖြစ်သည်။ (ဦးအောင်သန်းပါ-၂နှင့် ဒေါ်မမကြီး-၁၉၆၄) အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်သူအား နှင်လိုမှုစွဲဆိုလိုလျှင်လဲ နို့တစ်ပေးပို့ပြီး အချိန်စေ့ရောက်သည့်နေ့မှ (၆)နှစ်အ တွင်း တရားစွဲဆိုရမည်။ ခွင့်ပြုချက်ဖြင့် အခမဲ့ ထားသူထံ သီးခြားသက်သာခွင့်(၈)အရ ပစ္စည်းအား လက်ရောက်ရလို ကြောင်း တရားစွဲဆိုနိုင်သည်။ အခမဲ့ခွင့်ပြုချက်ဖြင့် နေထိုင်သူမှာ (ဒေါ်ရှုတင်ပါ-၂နှင့် ဦးမောင်ဆင့် ၁၉၉၁၊ မတစ(ရုံးချုပ်) ၁၃၈) မည်သည့်အခါမှ ဆန့်ကျင်လက်ရှိနေထိုင်သူအဖြစ် ပိုင်ဆိုင်ခွင့်ရရှိမည်မဟုတ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]

 

ေျမက်ဴးေက်ာ္ေနထိုင္ျခင္းမ်ားႏွင့္စပ္လ်ဥ္း၍ ဖယ္႐ွားမႈျပဳရာတြင္ သိ႐ွိထားသင့္သည္ ဥပေဒပိုင္းဆိုင္ရာ အခ်က္အလက္မ်ားကို ေရးသားေဖာ္ျပေပးလိုက္ပါတယ္။

 

ေျမကို ပိုင္ဆိုင္မႈစာတမ္း အေထာက္အထားမ်ားသာ ရ႐ွိထားၿပီး ေျမကြက္လက္မဲ့ျဖစ္ေနသူ ႏွင့္ ေျမခြန္ေျပစာမ်ား ထမ္းေဆာင္ေနကာ ႏွစ္ေပါင္း (၁၂ႏွစ္) ထက္ေက်ာ္ က်ဴးေက်ာ္ေနထိုင္သူမ်ားမွာ ေျမပိုင္ဆိုင္မႈႏွင့္ စပ္လ်ဥ္း၍ အျငင္းပြားမႈ ေပၚေပါက္လာမွာပဲ ျဖစ္ပါတယ္။

ေျမပိုင္႐ွင္မွာ စာ႐ြက္စာတမ္းမ်ားသာ႐ွိၿပီး မိမိအမည္ေပါက္ပိုင္ဆိုင္သည့္ ေျမေပၚတြင္ ဝင္ေရာက္ က်ဴးေက်ာ္ေနထိုင္သည္ကို ကာလစည္းကမ္းသတ္အတြင္း ဖယ္႐ွားျခင္းမျပဳသည့္အတြက္ ပိုင္ဆိုင္မႈ အျငင္းပြားရျခင္းပဲျဖစ္ပါတယ္။ တခ်ိဳ႕အငွားခ်ထားျခင္းမ်ားတြင္လဲ ငွားရမ္းျခင္းစာခ်ဳပ္ ကာလေက်ာ္လြန္ေသာ္လည္း ဖယ္႐ွားထြက္ခြာျခင္း မျပဳပါက ကာလစည္းကမ္းသတ္အတြင္း တရားစြဲဆိုမႈျပဳရပါသည္။

ေျမပိုင္႐ွင္မွ ေျမငွားဂရန္ သက္တမ္းေက်ာ္လြန္ေသာ္လည္း သက္တမ္းတိုးေလွ်ာက္ထားျခင္းမ႐ွိဘဲ ဆက္လက္ အသုံးျပဳေနလွ်င္ အဆိုပါ ေျမ႐ွင္မွာလဲ က်ဳးေက်ာ္ေနထိုင္သူအျဖစ္သို႔ ေရာက္႐ွိသြားမွာ ျဖစ္ပါတယ္။

အစိုးရေျမကို က်ဴးေက်ာ္ျခင္းျဖစ္ပါက ေအာက္ျမန္မာႏိုင္ငံၿမိဳ႕ႏွင့္ ေက်း႐ြာေျမမ်ားအက္ဥပေဒ ပုဒ္မ-၂၁ အရ အမိန္႔ထုတ္ျပန္ကာ ႏို႔တစ္စာေပးပို႔ပါတယ္၊ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး႐ုံးမွ တဆင့္ ဖယ္႐ွားမႈျပဳရန္ စာကပ္ျခင္းမ်ား ျပဳႏိုင္ ၿပီး တားဆီးျခင္း၊ ခုခံကာကြယ္ျခင္းမ်ားလဲ မျပဳႏိုင္ပါ။

လူပုဂၢိဳလ္ခ်င္း က်ဴးေက်ာ္သူမ်ားအား ႏွင္လိုမႈ စြဲဆိုလိုပါက သီးျခားသက္သာခြင့္ဥပေဒပုဒ္မ-၈၊ ပုဒ္မ-၉ အရ တရားစြဲဆိုရမွာျဖစ္ပါတယ္။ သီးျခားသက္သာခြင့္(၉)အရ စြဲဆိုမည္ဆိုပါက တရားလိုသည္ မေ႐ႊ႕မေျပာင္းႏိုင္ပစၥည္းအား လက္႐ွိျဖစ္ရမည္။ ထို႔အျပင္ အဆိုပါပစၥည္းအေပၚတြင္ တရားလိုမွာ ဥပေဒအရမဟုတ္ဘဲ ဖယ္႐ွားျခင္းခံရမည္ျဖစ္ကာ ပစၥည္းလက္လြတ္ျဖစ္သည့္ေန႔မွ ကာလစည္းကမ္းသတ္ (၆)လအတြင္း တရားစြဲဆိုရမည္ျဖစ္ပါသည္။

တရားလိုမွ သီးျခားသက္သာခြင့္(၉)အရ တရားလိုမွ ပစၥည္းအားဥပေဒႏွင့္အညီ လက္႐ွိထား ပိုင္ခြင့္႐ွိေၾကာင္း၊ မတရားသျဖင့္ လက္လြတ္ဆုံး႐ႈံးခဲ့ရေၾကာင္း၊ တရားၿပိဳင္ ဥပေဒမဲ့ ရယူျခင္းျဖစ္ေၾကာင္း သက္ေသခံခ်က္ တင္ျပရန္ လိုပါ သည္။ (ဦးခ်စ္ထြန္းႏွင့္ေဒၚေငြေဆာင္ ၁၉၆၃ မတစ ၁၄၂)။ တရားၿပိဳင္ထံမွ တရားစရိတ္လဲ ထည့္သြင္း ေတာင္းဆိုျခင္း ျပဳႏိုင္ကာ ျပစ္မႈေၾကာင္း ပုဒ္မ- ၄၄၇၊၄၄၈၊၄၂၆ ျဖင့္လဲ တရားစြဲဆိုျခင္း ျပဳႏိုင္ပါသည္။ အိမ္ငွားမ်ားမွ အတင္းအဓမၼ ဖယ္႐ွားခံရလွ်င္လဲ အိမ္႐ွင္အေပၚ အိမ္ငွားမွ သီးျခားသက္သာခြင့္(၉)အရ တရားစြဲဆိုႏိုင္ပါသည္။ (ဦးသန္းထြန္းႏွင့္ ယူႏြတ္ (ခ) တင္ျမင့္ ၁၉၉၃ခုႏွစ္ တရားမပထမအယူခံမႈ အမွတ္-၆၃) သီးျခားသက္သာခြင့္(၈)အရ စြဲဆိုမည္ဆိုပါက မေ႐ႊ႕မေျပာင္းႏိုင္ေသာပစၥည္းကို ဆန္႔က်င္လက္႐ွိသည့္ (၁၂ႏွစ္) အတြင္း တရားစြဲဆိုရန္လိုအပ္သည္။ ပိုင္ဆိုင္မႈ႐ွိေၾကာင္း တရားလိုမွ အေထာက္အထားမ်ား တင္ျပရမည္။ (ဦးေက်ာ္ဝင္း ႏွင့္ေဒၚဆန္ဂါရာမား)၁၉၉၁ မတစ-၇) ။ တရားၿပိဳင္ဘက္မွလဲ ဆန္႔က်င္လက္႐ွိထားသည္မွာ (၁၂ႏွစ္)ေက်ာ္ လြန္ၿပီျဖစ္ ေၾကာင္း အေထာက္အထားမ်ားျဖင့္ တင္ျပႏိုင္ရမည္ျဖစ္သည္။ (ဦးေအာင္သန္းပါ-၂ႏွင့္ ေဒၚမမႀကီး-၁၉၆၄) အခမဲ့ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူအား ႏွင္လိုမႈစြဲဆိုလိုလွ်င္လဲ ႏို႔တစ္ေပးပို႔ၿပီး အခ်ိန္ေစ့ေရာက္သည့္ေန႔မွ (၆)ႏွစ္အ တြင္း တရားစြဲဆိုရမည္။ ခြင့္ျပဳခ်က္ျဖင့္ အခမဲ့ ထားသူထံ သီးျခားသက္သာခြင့္(၈)အရ ပစၥည္းအား လက္ေရာက္ရလို ေၾကာင္း တရားစြဲဆိုႏိုင္သည္။ အခမဲ့ခြင့္ျပဳခ်က္ျဖင့္ ေနထိုင္သူမွာ (ေဒၚ႐ႈတင္ပါ-၂ႏွင့္ ဦးေမာင္ဆင့္ ၁၉၉၁၊ မတစ(႐ုံးခ်ဳပ္) ၁၃၈) မည္သည့္အခါမွ ဆန္႔က်င္လက္႐ွိေနထိုင္သူအျဖစ္ ပိုင္ဆိုင္ခြင့္ရ႐ွိမည္မဟုတ္ေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႕ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
နာဇီတို့ရန်မှ လွတ်မြောက်ရန်အတွက် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ခန့်က မြေမြှုပ်သိုဝှက်ထားခဲ့သော ဒေါ်လာ သန်း ၁၀၀ ကျော် တန်ကြေးရ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
အမေရိကန်နိုင်ငံသားတစ်ဦး တရုတ်ပြည်တွင် ၁၅ နှစ်တာ ကွန်ဖူးကျင့်ခဲ့ပြီးနောက် အမြဲအခြေချနေထိုင်ခွင့် PR ရရှိခဲ့သည့်အပြင် ဝူတန
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
[ဆန်းကြယ်သော သဘာဝတရား] အီရန်နိုင်ငံက ခြောက်ခြားဖွယ် အသံနက်ကြီးများ ထုတ်လွှင့်သော ကျိန်စာသင့် တောအုပ်ကြီးအကြောင်း
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
အိမ်သာဆေးသမား၊ လန်ချားဆွဲသူဘဝမှ ဘီလျံနာသူဌေးကြီးဖြစ်လာခဲ့ကာ ပိုင်ဆိုင်သမျှ ယွမ် ၈ ဒသမ ၂ ဘီလီယံကို ဇနီး၊ သားသမီးများအတွက်
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်
အယ်လ်ဆာဗေဒေါနိုင်ငံရှိ သေမင်းတမန် အကျဉ်းစခန်းကြီး၏ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့ဂယက်ရိုက်

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

imyanmarmarket
MIngalardon Garden City

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service