A List အဆင့်ရှိ အကြီးစားပါတီပွဲများကျင်းပရာ ကမ္ဘာကျော် Pop အဆိုတော် တေလာဆွစ်၏ ဒေါ်လာ (၁၇) သန်းတန် ကမ်းမျှော်စင်ဇိမ်ခံအိမ်ကြီး - Property News in Myanmar from iMyanmarHouse.com
669 Views
A List အဆင့်ရှိ အကြီးစားပါတီပွဲများကျင်းပရာ ကမ္ဘာကျော် Pop အဆိုတော် တေလာဆွစ်၏ ဒေါ်လာ (၁၇) သန်းတန် ကမ်းမျှော်စင်ဇိမ်ခံအိမ်ကြီး
[Unicode]
ကမ္ဘာကျော် High-Paid မော်ဒယ် Gigi Hadid, Taylor ရဲ့ ရည်စားဟောင်း အဆိုတော် Calvin Harris , Joe Jonas, Martha Hunt တို့လို နာမည်ကျော် အနုပညာရှင်များ၊ သူငယ်ချင်းများနဲ့အကြီးစားပါတီပွဲပေးရာ Taylor အပိုင် ကမ်းမျှော်စင်စံအိမ်ဟာ ဒေါ်လာ ၁၇ သန်းတန်ကြေးရှိပါတယ်။
အစိမ်းရင့်ရောင်ကြီးမားလှသော မြက်ခင်းပြင်ကြီးနောက်ခံ ငြိမ်သက်တဲ့ပင်လယ်အသွင်ကြောင့် Rhode Island အိမ်ကြီးဟာ တကယ့်ကို Luxury ၊ Private ဆန်တဲ့ ခံစားချက်ဖြစ်စေတဲ့ အိမ်ဖြစ်ပါတယ်။
အဲဒီဇိမ်ခံအိမ်ကို ၂၀၁၃ ခုနှစ်မှာ ငွေသားပေးချေပြီး ဝယ်ယူခဲ့တာဖြစ်ပါတယ်။ စတုရန်းပေ ၁၁၀၀၀ အကျယ်အဝန်းရှိပြီး ကိုယ်ပိုင်ကမ်းခြေအကျယ်အဝန်း ၇၀၀၀ ပေ ပါဝင်ပါသေးတယ်။ ဇိမ်ခံအိမ်ကြီးကို ၁၉၂၉ ခုနှစ်က ဆောက်လုပ်ခဲ့ပြီး မူလပိုင်ရှင်ကတော့ ရေနံလုပ်ငန်းအမွေဆက်ခံသူ သူဌေးမ Rebekah Harkness ပိုင်ဆိုင်ခဲ့တာပါ။
ဇိမ်ခံအိမ်အတွင်းမှာ စုစုပေါင်းအိပ်ခန်း ၈ ခန်း၊ မီးဖိုခန်း ၈ ခန်းနဲ့ ရေချိုးခန်း ၁၀ ခန်း ပါဝင်ပါတယ် ဒါအပြင် အိမ်အနောက်ဘက် မြက်ခင်းပြင်နှင့် ရေကူးကန် ပါဝင်ပါသေးတယ်။
မူလပိုင်ရှင်ဟာလည်း အဲဒီဇိမ်ခံအိမ်တွင်း သူငယ်ချင်းများနဲ့ ရွှေရည်စိမ်ပါတီပွဲအခမ်းအနားကြီးများ များစွာ ကျင်းပခဲ့ပြီး တစ်ချိန်က ခမ်းနားခဲ့တဲ့ အိမ်ဦးသခင်မ Rebekah Harkness ၏ ကြေကွဲဖွယ်ပဟေဠိဆန်ဆန် ဘဝအကြောင်းကို Taylor ကိုယ်တိုင် The Last Great American Dynasty သီချင်းမှာ ရေးသားစပ်ဆိုခဲ့ပါသေးတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
Photo Credit: homesoftherich
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
အမေရိကန်တွင် အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက လမ်းမအလယ်တွင် ငွေအပြည့်နှင့် ပိုက်ဆံအိတ်တစ်လုံး ကောက်ရပြီးနောက် ပိုင်ရှင်၏ အိမ်
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ထရမ့်က အခွန်တိုးမြှင့်ကောက်ခံနေမှုများကြောင့် ကမ္ဘာ့စီးပွားရေး ကသောင်းကနင်းဖြစ်နေချိန်တွင် အမေရိကန်မှ နေအိမ်ဝယ်လက်တို့က
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
ဂျပန်အလုပ်သမားတစ်ဦးက တစ်ရက်လျှင် ၁၈ နာရီခန့် ရုန်းကန်လှုပ်ရှားရသည့် သူ၏ဘဝကို လူမှုကွန်ရက်တွင် ဗွီဒီယိုဖိုင်တင်ခဲ့ပုံ ဂယက
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ဗြိတိန်တွင် အများလေးစားရသည့် ဆောက်လုပ်ရေးလုပ်ငန်းရှင် သန်းကြွယ်သူဌေးမိသားစုကို စားသောက်ဆိုင်တစ်ခုက ငွေမရှင်းဘဲ ထွက်သွားသ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
ပိုက်ဆံများကို ဟင်းရွက်ကန်စွန်းရွက်များသဖွယ် တောင်ပုံရာပုံ ခင်းကျင်းရောင်းချကြတဲ့ဈေး ဘယ်နိုင်ငံမှာရှိလဲ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
စင်္ကာပူရောက်နေသော ဘီလ်ဂိတ်က စားသောက်ဆိုင်တွင် ဒူးရင်းသီး အနံ့ခံနေစဉ် လူအများရောက်လာကာ ဝိုင်းဝန်းဓာတ်ပုံရိုက်၊ သက်တော်စေ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပြင်သစ်တွင် လယ်သမားကြီးတစ်ဦးက သူ၏ခြံဝန်းအတွင်း ယူရို ၄ ဘီလီယံတန်ကြေးရှိ ရွှေကြောကြီး တွေ့ရှိ၊ သို့သော် အစိုးရက သိမ်းယူသွ
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
Upcoming Property Events
From 07 Jun To 08 Jun
The Vista
From 07 Jun To 08 Jun
Innwa Pyae Sone Residance
From 14 Jun To 15 Jun
Magical World Apartment
From 14 Jun To 15 Jun
Mingalar Market
From 02 Jun To 30 Jun
42 Mini Condo
The Vista Luxury Residance
CarsDB
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service