မြန်မာ့အိမ်ခြံမြေလုပ်ငန်းတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုဒေါ်လာသန်း (၇၈၀၀) ကျော်ရှိ - Property News in Myanmar from iMyanmarHouse.com
744 Views
မြန်မာ့အိမ်ခြံမြေလုပ်ငန်းတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုဒေါ်လာသန်း (၇၈၀၀) ကျော်ရှိ
[Unicode]
မြန်မာ့အိမ်ခြံမြေလုပ်ငန်းတွင် ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှုဒေါ်လာသန်း (၇၈၀၀) ကျော်ရှိ မြန်မာ့အိမ်ခြံမြေကဏ္ဍတွင် ‌ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ဒေါ်လာသန်း (၇၈၀၀) ကျော် ဝန်းကျင်အထိ ‌‌ရောက်ရှိလာကြောင်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) ၏ထုတ်ပြန်ချက်များအရ သိရသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်အထိ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများတွင် အိမ်ခြံမြေလုပ်ငန်း၌ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း (၉၃) ခုမှ‌ ဒေါ်လာသန်း (၁၂၀၀) ကျော်၊ နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ပေါင်း (၆၇) ခုမှ ဒေါ်လာသန်းပေါင်း (၆၆၀၀) ကျော်အထိ ရောက်ရှိလာကြောင်းသိရသည်။
မြန်မာတစ်နိုင်ငံလုံး၏ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပမာဏ (၇) ရာခိုင်နှုန်းနှင့် နိုင်ငံသားရင်းနှီးမြှုပ်နှံမှု၏ (၂၁) ရာခိုင်နှုန်းပမာဏကို အိမ်ခြံမြေလုပ်ငန်းတွင် လုပ်ကိုင်နေကြခြင်းဖြစ်သည်။
“ဒီနှစ်ထဲမှာဆိုရင် ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေထက် အိမ်ခြံမြေလုပ်ငန်းတွေမှာ ပြည်တွင်းလုပ်ငန်းရှင်တွေ ရင်းနှီးမြှုပ်နှံ နေတာပိုများပါတယ်” ဟု (MIC) မှ အကြီးတန်းအရာရှိတစ်ဦးက ပြောသည်။
အိမ်ခြံမြေလုပ်ငန်းတွင် (MIC) ပါမစ်ဖြင့်လုပ်ကိုင်သောလုပ်ငန်း အများစုသည် မြို့ပြအိမ်ရာသစ်များ အကောင်အထည်ဖေါ်ခြင်း၊ ထပ်မြင့်ကွန်ဒိုဆောက်လုပ်ခြင်းနှင့် တန်ဖိုးနည်းအိမ်ရာ တည်ဆောက်ခြင်းများပါဝင်ကြောင်း သိရသည်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)
Credit: iMyanmarHouse.com
[Zawgyi]
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် အမျိုးသားတစ်ဦး၏ ဘဏ်စာရင်းထဲသို့ ရူပီးငွေ ၁၀၀,၁၃၅,၆၀၀,၀၀၀,၁၃၉, ၅၄၂,၁၀၀,၂၃၅, ၆၀၀,၀၀၀,၁၃၉, ၅၄၂ ရုတ်တရက် ငွေဝင်လ
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
အိန္ဒိယတွင် ဗာရာဏသီမှ ၆၀ ကီလိုမီတာခန့်တွင်ရှိသော စားသောက်ဆိုင်တစ်ခုအနီး ရူပီးငွေ စက္ကူ သိန်းပေါင်းများစွာ လမ်းပေါ် ပြန့်
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
ပါမစ်မြေအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
[သတို့သား ရောင်းရန်ရှိသည်] အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်က သတို့သား ဝယ်လို့ရတဲ့ ထူးထူးဆန်းဆန်း ဈေးတစ်ခုအကြောင်း
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
အိန္ဒိယတွင် နေအိမ်ဧည့်ခန်းမှ ရူပီး ၂ သိန်းတန်ကြေးရှိ Smart TV ပေါ်၌ နားနေသော ခြင်တစ်ကောင်ကို ကြက်တောင်ရိုက် ဘတ်တံဖြင့် ရ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
iPhone 5 ထွက်ရှိစဉ်ကတည်းက တစ်နာရီလျှင် ၃၃ ဒေါ်လာယူကာ တန်းစီဝယ်ယူပေးခဲ့သော အမေရိကန် အမျိုးသားမှာ ယခုအခါ iPhone ဝယ်ယူလိုသူ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
အင်္ဂလန်တွင် EuroMillions ထီမှ Jackpot ဆုကြီး ကံထူးခဲ့သော စာပို့သမားမှာ ပေါင် ၇ ဒသမ ၆ သန်းတန် စံအိမ်ကြီးကို ကျောခိုင်းကာ
Upcoming Property Events
From 14 Jun To 15 Jun
Magical World Apartment
From 14 Jun To 15 Jun
Mingalar Market
From 02 Jun To 30 Jun
42 Mini Condo
From 02 Jun To 30 Jun
Central Shophouse
imyanmarmarket
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service