Money Changer များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးနေသော်လည်း ငွေလဲဈေးမကျ - Property News in Myanmar from iMyanmarHouse.com
544 Views

Money Changer များကို ရှောင်တခင်ဝင်ရောက်စစ်ဆေးနေသော်လည်း ငွေလဲဈေးမကျ

[Unicode]

 

ဗဟိုဘဏ်အနေဖြင့် မြင့်တက်နေသည့် နိုင်ငံခြားငွေလဲလှယ်နှုန်းကို ထိန်းချုပ်ရန် ဈေးကွက်အတွင်း နိုင်ငံခြားငွေများထုတ်ရောင်းပေးခြင်းနှင့်အတူ Money Changer များကို ရှောင်တခင်ဝင်ရောက်စစ်ဆေး၍ အရေးယူမှုများပြုလုပ်သော်လည်း ဈေးမကျပဲ ဆက်လက်မြင့်တက်နေကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

မတ်လ ၁ ရက်တွင် ပြင်ပငွေကြေးဈေးကွက်အတွင်း၌ တစ်ဒေါ်လာ ၃၆၃၀ သာရှိခဲ့ပြီး ယနေ့တွင် တစ်ဒေါ်လာ ၃၇၀၀ အထိရှိလာကြောင်း၊ အလားတူ ယူရိုငွေလဲလှယ်နှုန်းသည်လည်း မတ်လ ၁ ရက်တွင် တစ်ယူရိုလျှင် ၃၈၈၅ ကျပ်ရှိခဲ့ရာမှ ယနေ့တွင် ၃၉၆၅ အထိမြင့်တက်လာကြောင်း သိရသည်။

" ဗဟိုဘဏ်ကတော့ တောက်လျှောက်စစ်တယ်။ လိုင်စင်ပိတ်တာဘာညာလုပ်တယ်။ ဒါပေမယ့်ဒေါ်လာဈေးက မကျဘူး။ အတတ်ဘက်ကို ပြနေတယ်။ ဈေးကွက်ထဲ အဖမ်းအဆီးများလို့ ဘယ်သူမှတောင် သိပ်မလုပ်ကြဘူး" ဟု နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ကိုင်သူတစ်ဦးကပြောသည်။

ဗဟိုဘဏ်အနေဖြင့် Money Changer များကိုပါ ရှောင်တခင်ဝင်ရောက် စစ်ဆေးလျက်ရှိပြီး နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာမှုမရှိသည့် Money Changer များအား နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ၃၅ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ လုပ်ငန်းလိုင်စင်အား ယာယီဆိုင်းငံ့ခြင်းနှင့် အပြီးရုပ်သိမ်းခြင်းတို့ဖြင့် အရေးယူဆောင်ရွက်နေခြင်းဖြစ်သည်။

ထို့ပြင် ငွေလဲကောင်တာများကို ရှောင်တခင် စတင်ဝင်ရောက်စစ်ဆေးခဲ့သည့် မတ်လ ၆ ရက်မှစ၍ လက်ရှိအချိန်အထိ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပါ အချက်များကို လိုက်နာခြင်းမရှိသည့် Money Changer ငါးခုအား လိုင်စင် ရုပ်သိမ်းခြင်း၊ Money Changer ငါးခုအား လိုင်စင်သုံးလဆိုင်းငံ့ခြင်းနှင့် Money Changer နှစ်ခုအား လိုင်စင်ခြောက်လဆိုင်းငံ့ခြင်း စသည်ဖြင့်စုစုပေါင်း Money Changer လိုင်စင် ၁၂ ခုအား အရေးယူဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)

Credit: iMyanmarHouse.com

 

 

 

 [Zawgyi]

 

Money Changer မ်ားကို ေ႐ွာင္တခင္ဝင္ေရာက္စစ္ေဆးေနေသာ္လည္း ေငြလဲေဈးမက်

 

ဗဟိုဘဏ္အေနျဖင့္ ျမင့္တက္ေနသည့္ ႏိုင္ငံျခားေငြလဲလွယ္ႏႈန္းကို ထိန္းခ်ဳပ္ရန္ ေဈးကြက္အတြင္း ႏိုင္ငံျခားေငြမ်ားထုတ္ေရာင္းေပးျခင္းႏွင့္အတူ Money Changer မ်ားကို ေ႐ွာင္တခင္ဝင္ေရာက္စစ္ေဆး၍ အေရးယူမႈမ်ားျပဳလုပ္ေသာ္လည္း ေဈးမက်ပဲ ဆက္လက္ျမင့္တက္ေနေၾကာင္း ေဈးကြက္အတြင္းမွ စုံစမ္းသိ႐ွိရသည္။

မတ္လ ၁ ရက္တြင္ ျပင္ပေငြေၾကးေဈးကြက္အတြင္း၌ တစ္ေဒၚလာ ၃၆၃၀ သာ႐ွိခဲ့ၿပီး ယေန႔တြင္ တစ္ေဒၚလာ ၃၇၀၀ အထိ႐ွိလာေၾကာင္း၊ အလားတူ ယူ႐ိုေငြလဲလွယ္ႏႈန္းသည္လည္း မတ္လ ၁ ရက္တြင္ တစ္ယူ႐ိုလွ်င္ ၃၈၈၅ က်ပ္႐ွိခဲ့ရာမွ ယေန႔တြင္ ၃၉၆၅ အထိျမင့္တက္လာေၾကာင္း သိရသည္။

" ဗဟိုဘဏ္ကေတာ့ ေတာက္ေလွ်ာက္စစ္တယ္။ လိုင္စင္ပိတ္တာဘာညာလုပ္တယ္။ ဒါေပမယ့္ေဒၚလာေဈးက မက်ဘူး။ အတတ္ဘက္ကို ျပေနတယ္။ ေဈးကြက္ထဲ အဖမ္းအဆီးမ်ားလို႔ ဘယ္သူမွေတာင္ သိပ္မလုပ္ၾကဘူး" ဟု ႏိုင္ငံျခားေငြလဲလွယ္ေရးလုပ္ကိုင္သူတစ္ဦးကေျပာသည္။

ဗဟိုဘဏ္အေနျဖင့္ Money Changer မ်ားကိုပါ ေ႐ွာင္တခင္ဝင္ေရာက္ စစ္ေဆးလ်က္႐ွိၿပီး ႏိုင္ငံျခားသုံးေငြ စီမံခန္႔ခြဲမႈဥပေဒပါ အခ်က္မ်ားကို လိုက္နာမႈမ႐ွိသည့္ Money Changer မ်ားအား ႏိုင္ငံျခားသုံးေငြ စီမံခန္႔ခြဲမႈဥပေဒပုဒ္မ ၃၅ ပါ ျပ႒ာန္းခ်က္မ်ားႏွင့္အညီ လုပ္ငန္းလိုင္စင္အား ယာယီဆိုင္းငံ့ျခင္းႏွင့္ အၿပီး႐ုပ္သိမ္းျခင္းတို႔ျဖင့္ အေရးယူေဆာင္႐ြက္ေနျခင္းျဖစ္သည္။

ထို႔ျပင္ ေငြလဲေကာင္တာမ်ားကို ေ႐ွာင္တခင္ စတင္ဝင္ေရာက္စစ္ေဆးခဲ့သည့္ မတ္လ ၆ ရက္မွစ၍ လက္႐ွိအခ်ိန္အထိ ႏိုင္ငံျခားသုံးေငြစီမံခန္႔ခြဲမႈဥပေဒပါ အခ်က္မ်ားကို လိုက္နာျခင္းမ႐ွိသည့္ Money Changer ငါးခုအား လိုင္စင္ ႐ုပ္သိမ္းျခင္း၊ Money Changer ငါးခုအား လိုင္စင္သုံးလဆိုင္းငံ့ျခင္းႏွင့္ Money Changer ႏွစ္ခုအား လိုင္စင္ေျခာက္လဆိုင္းငံ့ျခင္း စသည္ျဖင့္စုစုေပါင္း Money Changer လိုင္စင္ ၁၂ ခုအား အေရးယူေဆာင္႐ြက္ထားၿပီးျဖစ္ေၾကာင္း သိရသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

(iMyanmarHouse.com Team မွ ေရးသား ေဖာ္ျပသည္။)

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
ပါမောက္ခတစ်ဦးက ဘီအီးဒီကျောင်းသူကို မဖွယ်မရာလုပ်လို့ ကျောင်းသူ မီးရှို့သတ်သေသွား တဲ့ကိစ္စ အိန္ဒိယတစ်နိုင်ငံလုံး ဂယက်ရိုက်
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အမေဇုန်မိုးသစ်တောထဲက မြေဧက ၄ သိန်းကို ဘေးမဲ့ကြိုးဝိုင်းသတ်မှတ်ပေးမယ်ဆိုပြီး ဝယ်ခဲ့တဲ့ ဆွီဒင်ဘီလျံနာ သစ်ပင်ပေါင်း ၂၃၀,၀၀၀
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
အလုပ်စားပွဲသို့ လှေကားဖြင့်တက်ရသော ရေကူးကန်ထဲတွင် ဆောက်လုပ်ထားသည့် ထူးဆန်းသော ရုံးခန်း
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စင်္ကာပူတွင် ရွှေ့ပြောင်းအလုပ်သမားတစ်ဦး မိုးရွာထဲ၌ ရေမြောင်းဘေး လူသွားလမ်းပေါ် စားစရာချကာ နေ့လယ်စာစားနေရပုံ နာမည်ကြီးနေ
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
စီရော်နယ်ဒို၏ ဇီဝကမ္မအသက်မှာ ၂၀ ကျော်သာရှိသေးကြောင်း ဆော်ဒီသိပ္ပံပညာရှင်ပြောကြား
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
ချောင်ယွန်ဖတ်က ဟောင်ကောင်ရှိ ဒေါ်လာ သန်း ၂၂၀ တန် သူ၏ စံအိမ်ကြီးကို ရောင်းထုတ်နေရာ ရောင်းမထွက်သောကြောင့် ဈေးလျှော့ပေးလာ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်နှင့် အိမ်ထောင်ရေးမှာ အဓိပ္ပာယ်မရှိဟု ယူဆကာ ယွမ် ၁၀၀၀၀ (ဒေါ်လာ ၁၄၀၀) ရသောအလုပ်မှ နှုတ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
တရုတ်ပြည်တွင် အမျိုးသားတစ်ဦး အလွန်ဗိုက်အောင့်သောကြောင့် ဆေးရုံပြခဲ့ရာ ၁ ပေခန့်ရှိသော ငါးရှဉ့်အရှင်တစ်ကောင် ဗိုက်ထဲတွင် တ
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့
စင်္ကာပူတွင် နေအိမ်မှ နှင်ချခံရမည်စိုးရိမ်သောကြောင့် မွေးစားဖခင်ကို ဓားဖြင့် အချက် ၃၀ ကျော်ခုတ်ကာ ရက်ရက်စက်စက်သတ်ဖြတ်ခဲ့

Upcoming Property Events

From 08 Jul To 08 Aug

Central Shophouse

From 09 Aug To 10 Aug

THADAR CONDOMINIUM

From 09 Aug To 10 Aug

Mingalar Market

THADAR CONDOMINIUM

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service