ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည် ရင်းနှီးမြုပ်နှံမှုဥပဒေအကြောင်း - Property Knowledge in Myanmar from iMyanmarHouse.com
658 Views

ရင်းနှီးမြုပ်နှံမှု ပြုလုပ်ရာတွင် လိုက်နာဆောင်ရွက်ရမည် ရင်းနှီးမြုပ်နှံမှုဥပဒေအကြောင်း

Knowledge | Posted by Hnin Ei Khin

[Unicode]

 

ရင်းနှီးမြုပ်နှံမှုဥပဒေ အခန်း(၁၂) ၊ ပုဒ်မ-၅၀ (က)တွင် ရင်းနှီးမြုပ်နှံမှုပြုလိုပါက လိုက်နာရမည့် စည်းကမ်းချက်များကို ဖော်ပြထားပြီး ထိုဥပဒေအရ မြေအသုံးပြုလိုလျှင် ပုဂ္ဂလိကမြေနှင့် အဆောက်အအုံ၊ အစိုးရနိုင်ငံပိုင်မြေနှင့် အဆောက်အအုံ၊ အစိုးရအဖွဲ့အစည်းထံမှ နှစ်ရှည် မြေငှားရမ်းခြင်းတို့ဖြင့် ရင်းနှီးမြုပ်နှံမှုပြုနိုင်ပါသည်။

နိုင်ငံခြားသား ရင်းနှီးမြုပ်နှံသူသည် ကော်မရှင်မှ မြေအသုံးပြုမှုအတွက် ခွင့်ပြုအတည်ပြုချက် ရယူပြီးချိန်မှ ကနဦးနှစ် (၅၀)အထိ သတ်မှတ်ချက်များဖြင့် ငှားရမ်းအသုံးပြုခွင့် ရရှိမည်ဖြစ်ကာ သက်တမ်းတိုး (၁၀) နှစ် (၂) ကြိမ် ဆောင်ရွက်နိုင်ပါသည်။

ဖွံ့ဖြိုးမှုနည်းပါးသော လမ်းပန်းဆက်သွယ်ရေး ခက်ခဲနေသေးသော အရပ်ဒေသများတွင် ရင်းနှီးမြုပ်နှံမှုပြုပါက မြေငှားရမ်းခြင်း ကာလသက်တမ်း တိုးမြှင့်စေရန် အဆင့်ဆင့်တင်ပြခြင်းဖြင့် အတည်ပြုခွင့်ပြုပေးနိုင်ပါသည်။

နိုင်ငံသား ရင်းနှီးမြုပ်နှံလိုသူမှ ရင်းနှီးမြုပ်နှံမှုလုပ်ငန်းအတွက် ၎င်းပိုင်မြေနှင့် အဆောက်အအုံအား အသုံးပြုလိုပါကလဲ တည်ဆဲဥပဒေများနှင့်အညီ အသုံးချနိုင်ပါသည်။

နိုင်ငံခြားသားနှင့် နိုင်ငံသားရင်းနှီးမြုပ်နှံလိုသူများသည် မြေငှားရမ်းခြင်းစာချုပ်အား မှတ်ပုံတင်စာချုပ်စာတမ်းဥပဒေနှင့်အညီ မှတ်ပုံတင်ထားရှိရမည်ဖြစ်ပါသည်။

ပုဒ်မ-၆၅အရ ရင်းနှီးမြုပ်နှံမှုပြုသူသည် အောက်ပါအချက်အလက်များကို လိုက်နာဆောင်ရွက်ရန် တာဝန်များရှိပါသည်။

- တိုင်းရင်းသားများ၏ ရိုးရာဓလေ့ထုံးတမ်းနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ခြင်း၊

- ခွင့်ပြုချက် မရှိဘဲ မြေမျက်နှာပြင် သွင်ပြင်အနေအထားအား ပြောင်းလဲမှုပြုခြင်း၊

- ရှေးဟောင်းပစ္စည်းနှင့် တွင်းထွက်ပစ္စည်းများ ရောင်းဝယ်ဖောက်ကားခြင်း၊

- ရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ ပိတ်သိမ်းပါက အလုပ်သမားဥပဒေနှင့်အညီ လုပ်ခလစာများ ပေးအပ်ခြင်း၊

- ရင်းနှီးမြုပ်နှံမှုလုပ်ဆောင်မည့် အဖွဲ့အစည်း၊ ရုံးခွဲများအား ဥပဒေနှင့်အညီ ကုမ္ပဏီဖွဲ့စည်းပြီး မှတ်ပုံတင်ခြင်း၊

- လုပ်ငန်းလိုင်စင်၊ အမိန့်၊ ညွှန်ကြားချက်၊ ခွင့်ပြုချက်၊ သဘောတူစည်းကမ်းချက်၊ အခွန်တို့အား လိုက်နာဆောင် ရွက်ခြင်း၊

- ရင်းနှီးမြုပ်နှံမှုနှင့် မသက်ဆိုင်သော လုပ်ဆောင်ချက်များကြောင့် သစ်တောများ၊ သဘာဝပတ်ဝန်းကျင် ပျက်စီး ခြင်းများ ဖြစ်ပေါ်ပါက နစ်နာသူများထံ လျော်ကြေးများ ပေးလျော်ခြင်း၊

- ကော်မရှင်မှ ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများအတွင်း ဝင်ရောက်စစ်ဆေးခြင်းပြုပါက ခွင့်ပြုပေးခြင်းတို့ လိုက်နာ ဆောင်ရွက်ရမည်။

ရင်းနှီးမြုပ်နှံသူသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဒ်မ-၇၄အရ သက်သာခွင့်တစ်ရပ်ရပ်ဖြင့် ဝင်ငွေခွန် ကင်းလွတ် ခွင့် တင်ပြလာပါက ကော်မရှင်မှ စီစစ်၍ ခွင့်ပြုပေးနိုင်သည်။

ထို့အပြင် ပုဒ်မ-၇၅အရ စက်မှုဇုန်အဖြစ် သတ်မှတ်ပြီးပါက စီးပွားဖြစ် စတင်သည့်နှစ်မှ ဇုန်-(၁)အဖြစ် သတ်မှတ်ပါက (၇)နှစ်၊ ဇုန်-(၂)အဖြစ် သတ်မှတ်ပါက (၅)နှစ်၊ ဇုန်-(၁)အဖြစ် သတ်မှတ်ပါက (၃)နှစ် ဝင်ငွေခွန် ကင်းလွတ်ခွင့်ပြုနိုင်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]


 



















Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ချက်သမ္မတနိုင်ငံတွင် တောအုပ်တစ်ခုအတွင်း ခြေလျင်ခရီးသွားသူ ၂ ဦး ဒေါ်လာ ၃၄၀,၀၀၀ တန်ကြေးရှိ ရွှေဒင်္ဂါးများနှင့် လက်ဝတ်ရတနာ
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
ရုရှားတွင် အသက် ၈၀ အရွယ် အဘွားတစ်ဦး ၆ ထပ်တိုက် ဝရန်တာမှ အောက်တွင် ရပ်နားထားသော ကားပေါ်သို့ ပြုတ်ကျခဲ့သော်လည်း ထိခိုက်ပွန
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
အိမ်ခြံမြေအသိကြွယ်စေဖို့ရာ ဥပဒေအမေးအဖြေကဏ္ဍ
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
သာသနာဂရန်မြေ လျှောက်ထားရာတွင် သိရှိထားသင့်သည့် အချက်အလက်များအကြောင်း ဥပဒေဗဟုသုတ အနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
တရုတ်ပြည်တွင် ဂုဏ်ထူးတန်းတက်နေသည့် တက္ကသိုလ်ကျောင်းသားတစ်ဦးက ကျောင်းထွက်ကာ အမေရိကန်ပြည်မှ PhD တန်းကိုလည်း ဆက်မတက်တော့ဘဲ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
ဟောလိဝုဒ်ကြယ်ပွင့် Vin Diesel က Paloma နှင့် လမ်းခွဲချိန်တွင် သူမအတွက် လူနေမှုအဆင့်နိမ့်မသွားစေရန် အိမ်မှ နှင်မထုတ်ဘဲ မိ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
အင်ဒိုနီးရှားတွင် အေဘီစီဒီအီးအက်ဖ် ဂျီအိတ်ချ်အိုင်ဂျေကေ (ABCDEF GHIJK) ဟု ထူးထူးဆန်းဆန်း နာမည်ပေးထားသည့် ကလေးတစ်ယောက်အကြ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
မည်သည့်အခါမျှ ရောက်ဖူးမည်မဟုတ်သော တားမြစ်နေရာများ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
စက်ဘီးတစ်စီးဖြင့် ဆပ်ပြာမှုန့်များ တစ်အိမ်ဝင်တစ်အိမ်ထွက် လိုက်လံရောင်းချခဲ့ရသည့်ဘဝမှ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီယံ ချမ်းသာကြွ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ
ထိုင်း နာမည်ကြီးအဆိုတော် ကောင်းဟွေးရိုင်းက ငလျင်ကြောင့် အဆောက်အအုံပြိုကျသည့်အထဲတွင် မိဘ ၂ ပါး ပါသွားခဲ့ရသည့် ၁၉ နှစ်အရွယ

Upcoming Property Events

From 10 May To 11 May

Mingalar Market

From 10 May To 11 May

Magical World Apartment

CarsDB
Mingalar Market

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service