ဂရန်အမည်ပြောင်း လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
809 Views

ဂရန်အမည်ပြောင်း လျှောက်ထားခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

Knowledge | Posted by Si Thu Aung

[Unicode]

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြေယာစီမံခန့်ခွဲမှုအဖွဲ့သည်

- မြေပိုင်မြေ၊ ဘိုးဘပိုင်မြေ

- ဂရန်ရ မြေပိုင်မြေ

- သက်တမ်းရှိသော မြေငှားဂရန်မြေ

- လယ်ယာမြေဟူသော စကားရပ်တွင် အကျုံးမဝင်ကြောင်း ဝန်ခံချက် လက်မှတ်ရရှိပြီး မြေများအား မြေအမည်ပေါက် ပြောင်းလဲ လျှောက်ထားမှုရှိပါက ခွင့်ပြုပေးနိုင်ပါသည်။

လျှောက်ထားသူသည် မြေငှားဂရန်၊ မှတ်ပုံတင်စာချုပ်စာတမ်းများ ၊ ပြည်တွင်း အခွန်ဦးစီးဌာနတွင် အခွန်ထမ်း ဆောင်ထားသော အထောက်အထားများ၊ တရားရုံးအမိန့်ရှိလျှင် အမိန့်နှင့် မရွှေ့မပြောင်းနိုင်သော ပစ္စည်းရောင်းကြောင်း လက်မှတ်စာ၊ နိုင်ငံသားစီစစ်ရေးကတ်ပြား၊ မြေပုံ/မြေရာဇဝင်၊ မြေငှားခ ကြွေးကျန်ကင်းရှင်းကြောင်း ထောက်ခံချက် (သို့) နောက်ဆုံးထမ်းဆောင်ထားသော မြေခွန်ပြေစာ၊ မြေပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားများအား ဌာနသို့တင်ပြနိုင်ရပါမည်။

ဌာနမှ အထက်ဖော်ပြပါ စာရွက်စာတမ်းများ ပြည့်စုံမှုရှိလျှင် ကန့်ကွက်ရန်ရှိ/မရှိ အများသုံးနေ့စဉ်သတင်းစာတွင် ကြေညာစေကာ မြေသက်ကုန်ဆုံးခြင်းရှိ/မရှိလဲ စစ်ဆေးကာ မြို့နယ်အလိုက် သတ်မှတ်ဝန်ဆောင်ခကိုလဲ ပေးသွင်း‌စေပါသည်။ ထို့ပြင် အစိုးရဌာနမှ တားမြစ်ချက်ရှိ/မရှိ၊ တရားရုံး၏ တားဝရမ်းရှိ/မရှိ၊ ဘဏ်တစ်ခုခုမှ ကန့်ကွက်ခြင်း ရှိ/မရှိ လဲ စီစစ်ကြည့်ရှုမည်ဖြစ်ပါသည်။

မြေငှားခ ကြွေးကျန်ရှိလျှင်လဲ အမည်ပေါက်ပြောင်းလဲလျှောက်ထားခြင်းအား ခွင့်ပြုပေးမည်မဟုတ်ပါ။ အမည် ပေါက် ပြောင်းလဲလျှောက်ထားခြင်းမှာ မရွှေ့မပြောင်းနိုင်သော ပစ္စည်းလွှဲပြောင်းခြင်းကို ကန့်သတ်သည့်ဥပဒေနှင့် ငြိစွန်းမှု မရှိရန်လဲ လိုအပ်ပါသည်။ ကန့်ကွက်ရန် ကြော်ငြာစာအားလဲ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊ မြေကွက်တည်ရှိနေရာသို့ (၁) စောင်စီ လျှောက်ထားသူအား ပေးပို့စေမည်ဖြစ်ကာ လက်ခံရရှိကြောင်း အကြောင်းကြားစာအား လျှောက်ထားသူမှ ဌာနသို့ ပြန်လည်ပေးပို့ရပါမည်။

အထက်ဖော်ပြပါအချက်အလက်များ ပြည့်စုံစွာ စီစစ်ပြီး ကန့်ကွက်ချက်မရှိမှသာ ဌာနမှူးမှ အမည်ပေါက်ပြောင်း လဲခြင်းအား ခွင့်ပြုပေးပြီး သက်ဆိုင်ရာ အရာရှိမှ လက်မှတ်ရေးထိုးကာ မြို့မြေစာရင်းတွင် အမည်ပေါက်ပြောင်းလဲ မှတ်သားပေးမည်ဖြစ်ကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသား ဖော်ပြပေးလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 



- ဂရန်ရ မြေပိုင်မြေ












ရောင်းရန်ရှိသော အိမ်ခြံမြေများ

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
ဒေါ်နယ်ထရမ့်ကို ပြန်လည်ဝန်ချတောင်းပန်လိုက်ပြီးနောက် Elon Musk ၏ ကြွယ်ဝမှု ပြန်လည်မြင့်တက်လာ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
တရုတ်ပြည်တွင် အမျိုးသားကြီးတစ်ဦးက သူ၏ ၅ လွှာတိုက်ခန်း ဝရန်တာ၌ ကိုယ်ပိုင်ဓာတ်လှေကားတစ်ခု တီထွင်တပ်ဆင်ခဲ့ပုံအပေါ် ပြည်မကြီ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
လယ်ယာမြေ ဥပဒေအကြောင်း
လယ်ယာမြေ ဥပဒေအကြောင်း
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
ဘရူနိုဆေးလ်ဗားကို UFC တွင် အလဲထိုးအနိုင်ယူသည့်ပွဲအပြီးတွင် မိခင်ကြီးအား အိမ်တစ်လုံး ဝယ်ပေးခဲ့သည့် မြန်မာဖိုက်တာ Joshua V
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
စင်္ကာပူအစိုးရက နိုင်ငံပိုင် မြေကွက်ကို မလေးရှားဘုရင်၏ သားတော်ပိုင်ဆိုင်သော မြေကွက် (စင်္ကာပူ ရုက္ခဗေဒဥယျာဉ်အနီးရှိ) နှင
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
ဂျက်လီက သမီးအား လက်ဖွဲ့ရန် ဝယ်ထားသော ရှန်ဟိုင်းမှ ယွမ် သန်း ၂၀၀ တန်စံအိမ်ကြီးမှာ သူစိမ်းများ ဝင်ရောက်နေထိုင်လျက်ရှိကာ ဝါ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
သြစတေးလျတွင် အမျိုးသားတစ်ဦးက ၇ နှစ်ကြာအချိန်ယူကာ ဘူးခွံ၊ ပုလင်းခွံပေါင်း ၄၅၀,၀၀၀ ကောက်ယူစုဆောင်းခဲ့ကာ ရောင်းရငွေဖြင့် အိ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ

Upcoming Property Events

From 19 Jul To 20 Jul

Royal Theikdi Condo

From 19 Jul To 20 Jul

Mingalar Market

From 08 Jul To 08 Aug

Central Shophouse

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service