လယ်ယာမြေစီမံခန့်ခွဲခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။ - Property Knowledge in Myanmar from iMyanmarHouse.com
743 Views

လယ်ယာမြေစီမံခန့်ခွဲခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါသည်။

Knowledge | Posted by Shwe Zin Win

[Unicode]

လယ်ယာမြေဥပဒေပုဒ်မ-၁၅အရ လယ်ယာမြေနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ ကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ဗဟိုလယ်ယာမြေ စီမံခန့်ခွဲမှုဌာန ကို ဖွဲ့စည်းထားပါသည်။

အဆိုပါ လယ်ယာမြေစီမံခန့်ခွဲမှုဌာနသည် အောက်ပါလုပ်ငန်းစဉ်များကို လုပ်ဆောင်ပါသည်။

- မြေယာမူဝါဒများ ဖော်ဆောင်ခြင်း

- ခေတ်မှု စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲနိုင်ရေး

- လယ်ယာမြေ လုပ်ပိုင်ခွင့် မှတ်ပုံတင်ခြင်း၊ လုပ်ပိုင်ခွင့်ပြုလက်မှတ်ထုတ်ပေးခြင်း၊ အငြင်းပွားမှုများအား ဖြေရှင်းပေးခြင်း

- စည်းကမ်းဖောက်ဖျက်မှုများရှိက အရေးယူဆောင်ရွက်ခြင်း

- လယ်ယာမြေကို နည်းလမ်းတကျ အသုံးချခွင့်ရရှိရန် လျှောက်ထားမှုများအား စီစစ်ခြင်း

- အခြားသီးနှံပြောင်းလဲစိုက်ပျိုးမှုများအား စီစစ်ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်း

- စားကျက်မြေများနှင့်ဘုံမြေများအား ထိန်းသိမ်းထားရှိရန် ကြီးကြပ်ခြင်း

- အခါအားလျော်စွာ ပေးအပ်သည့်လုပ်ငန်းတာဝန်များအား ဆောင်ရွက်ခြင်း တို့ဖြစ်ပါသည်။

လယ်ယာမြေဥပဒေပုဒ်မ-၉(ခ)အရ လယ်ယာမြ အသုံးပြုလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေ အားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်းကို ဖြစ်စေ၊ လယ်ယာမြေ လုပ်ပိုင်ခွင့်အား သတ်မှတ်ချက် စည်းကမ်းချက်များနှင့်အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် အခွင့်အရေးများကို ရရှိသည်ဖြစ်ပါသည်။

လယ်ယာမြ အသုံးပြုခွင့် လျှောက်ထားရယူလိုသူသည် သက်ဆိုင်ရပ်ကွက်/ အုပ်ချုပ်ရေးမှူးရုံး လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့မှ တဆင့်မြို့နယ်ဦးစီးဌာနရုံးသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားမှုပြုရမည်ဖြစ်ပါသည်။

လယ်ယာမြေဥပဒေပုဒ်မ-(၁၇) အရ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်မြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ပေးခြင်း၊လက်မှတ်ထုတ်ပေးခြင်း၊အသုံးပြုခွင့်ပေးခြင်းနှင့် အငြင်းပွှားမှုဖြေရှင်းခြင်းတို့ ဆောင်ရွက်ပေးပါသည်။

ထို့ပြင် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် လယ်ယာမြေဥပဒေပုဒ်မ- (၃၇) အရ ပြစ်ဒဏ်ချမှတ်ခံရသူ၏ လယ်ယာမြေလုပ်ပိုင်ခွင့်အား ပြန်လည်ရုတ်သိမ်းခြင်းနှင့် လယ်ယာမြေဥပဒေပုဒ်မ-(၁၇)(င) အရ အခြားနည်းအသုံးပြုမှုကို စီစစ်ခွင့်ပြုခြင်းတို့လဲ ဆောင်ရွက်ပါသည်။

ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်စိုက်ပျိုးခြင်းနှင့် မြေနုကျွန်းလုပ်ပိုင်ခွင့်အားလဲ လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့သည် အတည်ပြုကြီးကြပ်ပေးကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြပေး လိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

 

[Zawgyi]

 

လယ္ယာေျမစီမံခန္႔ခြဲျခင္းအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပးလိုက္ပါသည္။

 

လယ္ယာေျမဥပေဒပုဒ္မ-၁၅အရ လယ္ယာေျမႏွင့္ စပ္လ်ဥ္းသည့္ ကိစၥရပ္မ်ားအား ဥပေဒ၊ လုပ္ထုံးလုပ္နည္းႏွင့္အညီ က်င့္သုံးေဆာင္႐ြက္ႏိုင္ရန္ ရည္႐ြယ္၍ ဗဟိုလယ္ယာေျမ စီမံခန္႔ခြဲမႈဌာန ကို ဖြဲ႕စည္းထားပါသည္။

အဆိုပါ လယ္ယာေျမစီမံခန္႔ခြဲမႈဌာနသည္ ေအာက္ပါလုပ္ငန္းစဥ္မ်ားကို လုပ္ေဆာင္ပါသည္။

- ေျမယာမူဝါဒမ်ား ေဖာ္ေဆာင္ျခင္း

- ေခတ္မႈ စက္မႈလယ္ယာစနစ္သို႔ ေျပာင္းလဲႏိုင္ေရး

- လယ္ယာေျမ လုပ္ပိုင္ခြင့္ မွတ္ပုံတင္ျခင္း၊ လုပ္ပိုင္ခြင့္ျပဳလက္မွတ္ထုတ္ေပးျခင္း၊ အျငင္းပြားမႈမ်ားအား ေျဖ႐ွင္းေပးျခင္း

- စည္းကမ္းေဖာက္ဖ်က္မႈမ်ား႐ွိက အေရးယူေဆာင္႐ြက္ျခင္း

- လယ္ယာေျမကို နည္းလမ္းတက် အသုံးခ်ခြင့္ရ႐ွိရန္ ေလွ်ာက္ထားမႈမ်ားအား စီစစ္ျခင္း

- အျခားသီးႏွံေျပာင္းလဲစိုက္ပ်ိဳးမႈမ်ားအား စီစစ္ခြင့္ျပဳျခင္း၊ ျငင္းပယ္ျခင္း

- စားက်က္ေျမမ်ားႏွင့္ဘုံေျမမ်ားအား ထိန္းသိမ္းထား႐ွိရန္ ႀကီးၾကပ္ျခင္း

- အခါအားေလ်ာ္စြာ ေပးအပ္သည့္လုပ္ငန္းတာဝန္မ်ားအား ေဆာင္႐ြက္ျခင္း တို႔ျဖစ္ပါသည္။

လယ္ယာေျမဥပေဒပုဒ္မ-၉(ခ)အရ လယ္ယာျမ အသုံးျပဳလုပ္ပိုင္ခြင့္ရ႐ွိသူသည္ လယ္ယာေျမ အားလုံးကိုျဖစ္ေစ၊ တစ္စိတ္တစ္ပိုင္းကို ျဖစ္ေစ၊ လယ္ယာေျမ လုပ္ပိုင္ခြင့္အား သတ္မွတ္ခ်က္ စည္းကမ္းခ်က္မ်ားႏွင့္အညီ ေရာင္းခ်ခြင့္၊ ေပါင္ႏွံခြင့္၊ ငွားရမ္းခြင့္၊ လဲလွယ္ခြင့္ႏွင့္ ေပးကမ္းခြင့္ အခြင့္အေရးမ်ားကို ရ႐ွိသည္ျဖစ္ပါသည္။

လယ္ယာျမ အသုံးျပဳခြင့္ ေလွ်ာက္ထားရယူလိုသူသည္ သက္ဆိုင္ရပ္ကြက္/ အုပ္ခ်ဳပ္ေရးမႉး႐ုံး လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕မွ တဆင့္ၿမိဳ႕နယ္ဦးစီးဌာန႐ုံးသို႔ သတ္မွတ္ခ်က္မ်ားႏွင့္အညီ ေလွ်ာက္ထားမႈျပဳရမည္ျဖစ္ပါသည္။

လယ္ယာေျမဥပေဒပုဒ္မ-(၁၇) အရ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သည္ လယ္ေျမလုပ္ပိုင္ခြင့္ မွတ္ပုံတင္ေပးျခင္း၊လက္မွတ္ထုတ္ေပးျခင္း၊အသုံးျပဳခြင့္ေပးျခင္းႏွင့္ အျငင္းပႊားမႈေျဖ႐ွင္းျခင္းတို႔ ေဆာင္႐ြက္ေပးပါသည္။

ထို႔ျပင္ လယ္ယာေျမစီမံခန္႔ခြဲမႈအဖြဲ႕သည္ လယ္ယာေျမဥပေဒပုဒ္မ- (၃၇) အရ ျပစ္ဒဏ္ခ်မွတ္ခံရသူ၏ လယ္ယာေျမလုပ္ပိုင္ခြင့္အား ျပန္လည္႐ုတ္သိမ္းျခင္းႏွင့္ လယ္ယာေျမဥပေဒပုဒ္မ-(၁၇)(င) အရ အျခားနည္းအသုံးျပဳမႈကို စီစစ္ခြင့္ျပဳျခင္းတို႔လဲ ေဆာင္႐ြက္ပါသည္။

ေ႐ႊ႕ေျပာင္းေတာင္ယာ ခုတ္ထြင္စိုက္ပ်ိဳးျခင္းႏွင့္ ေျမႏုကြၽန္းလုပ္ပိုင္ခြင့္အားလဲ လယ္ယာေျမ စီမံခန္႔ခြဲမႈအဖြဲ႕သည္ အတည္ျပဳႀကီးၾကပ္ေပးေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပေပး လိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
တရုတ်ပြည်တွင် တောင့်တောင့်ဖြောင့်ဖြောင့် အမျိုးသားတို့က ဝန်ဆောင်ခ ၅ မိနစ်လျှင် ၇ ဒေါ်လာယူကာ မိန်းကလေးများကို ဖက်ထားပေးသည
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
အီတလီအမျိုးသားတစ်ဦးက စင်္ကာပူတွင် လူနေမှုစရိတ် အလွန်တရာသက်သာလှကြောင်း ပြောဆိုမှုအပေါ် လူမှုကွန်ရက်တွင် ဝေဖန်သူ များပြားလ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဥပဒေအရ အကျုံးဝင်သော မြေ (၉) မျိုး 🌳
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဗြိတိန်ဇနီးမောင်နှံက အီတလီမှ စတုရန်းပေ ၂၁၅၀၀ ကျယ်ဝန်းသော စွန့်ပစ်ခံ ၁၆ ရာစု နန်းတော်ကြီးကို ဒေါ်လာ ၇၅၀,၀၀၀ မျှဖြင့် ဝယ်ယ
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်
ဘောလိဝုဒ်ကို ရုပ်ရှင်တစ်ကားတည်းဖြင့် ထာဝရ သိမ်းပိုက်ထားသူ ရုပ်ရှင်မင်းသား မီသွန်း၏ မွမ်ဘိုင်းစံအိမ်

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

ERC Luxury Condo

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service