အမွေထိန်းစာခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
2026 Views

အမွေထိန်းစာခန့်အပ်ခြင်းအကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါတယ်။

Knowledge | Posted by Zarni Kyaw

[Unicode]

ကွန်လွန်သူ၏ အခွင့်အရေးကို ဆက်ခံခွင့်ရှိသူသည် ကြွေးမြီများကို အရေးဆိုလိုပါက အမွေ ဆက်ခံရေးအက်ဥပဒေပုဒ်မ-၂၁၄ အရ အမွေဆက်ခံခွင့်လက်မှတ် တင်ပြရမည်ဖြစ်ပါသည်။

အမွေဆက်ခံခွင့်အရ ကြွေးမြီအား ရထိုက်ခွင့်ရှိသူသည် အမွေဆက်ခံခွင့်လက်မှတ် တင်ပြနိုင်မှသာ တရားရုံးတွင် တရားမမှု ဖွင့်လှစ်ဆောင်ရွက်နိုင်သည်။ ကွန်လွန်သူ တရားနိုင်မှ ဇာရီအမှုထိ ဆောင်ရွက်ခဲ့သော အမှုများတွင်တော့ ဆက်ခံသူမှာ အမွေဆက်ခံခွင့်လက်မှတ်တင်ပြရန် မလိုဘဲ ဆောင်ရွက်ခွင့်ရပါသည်။

အမွေထိန်းစာ လျှောက်ထားမှုများအား ကာလစည်းကမ်းသတ်မှတ်ထားခြင်း မရှိပါ။ အကယ်၍ နှစ်ပေါင်း(၂၀) ကျော်လွန်မှာ ကွယ်လွန်သူ၏ အမွေပစ္စည်းအား အမွေထိန်း လျှောက်ထားလျှင် မည်သည့်အတွက်ကြောင့် ကြန့်ကြာခဲ့ရကြောင်းကို ဖြေရှင်းချက် တင်ပြနိုင်ရမည် ဖြစ်ပါသည်။

တရားရုံးမှ အမွေထိန်းစာ လျှောက်ထားသူအား အမွေပုံကို စီမံခန့်ခွဲခွင့်ရှိမရှိ ကြည့်ရှုပြီး အမွေထိန်းစာလျှောက်ထားရာတွင် အငြင်းပွားမှုများ၊ စင်ပြိုင်လျှောက်ထားကာ ကန့်ကွက်မှု များရှိပါက မည်သူကိုမျှ တရားရုံးမှ ထုတ်မပေးလျှင်လဲရပါသည်။

တရားရုံးမှ အမွေထိန်းစာထုတ်ပေးခြင်းမှာ အမွေခံစားခွင့်နည်းခြင်း၊ မနည်းခြင်းနှင့်လဲ မသက်ဆိုင်ပါ။ အမွေထိန်းစာလျှောက်ထားသူ မည်သူကိုမဆို တရားရုံးမှ မိမိသဘောအတိုင်း အမွေထိန်းစာထုတ် ပေးနိုင်သည်။ တရားရုံးမှ သင့်တော်သည်ဟု ယူဆသူအား အမွေထိန်းစာ ထုတ်ပေးရခြင်းမျိုးဖြစ်သည်။

အရွယ်မရောက်သေးသူ (သို့) ရူးသွပ်သူအား အမွေထိန်းစာ ထုတ်မပေးနိုင်သော်လည်း ၎င်းမှာ တစ်ဦးတည်းသော အမွေဆက်ခံသူဖြစ်နေပါက ၎င်း၏ကိုယ်စား အခြားသူတစ်ဦးဦးအား အမွေထိန်းစာ ထုတ်ပေးနိုင်သည်။

ကွန်လွန်ပြီး (၁၄) ရက်ကြာလွန်ပြီးသည်နှင့် ကွန်လွန်သူ၏ ပစ္စည်းအား သက်ဆိုင်သူများက အမွေထိန်းစာ လျှောက်ထားနိုင်သည်။ အမွေထိန်းစာရသူမှာ တရားမပုံစံ-၁၃၆ အရ အာမခံ ခံဝန်နှင့် တံဆိပ်ခေါင်းခွန်လဲ ချုပ်ဆိုနိုင်ရမည်။

အမွေထိန်းစာအား မမှန်မကန် ပြောဆိုရယူခဲ့ခြင်း၊ လိမ်လည်ခြင်းဖြင့်ဖြစ်စေရယူခဲ့ပါက တရားရုံးမှ အဆိုပါ အမွေထိန်းစာအား ပြန်လည်ရုတ်သိမ်းနိုင်သည် (သို့) ရပ်စဲနိုင်သည်။

ထို့အပြင် အမွေထိန်းစာ ပယ်ဖျက်ပေးရန် လျှောက်ထားခွင့်ရှိသူမှ လျှောက်ထားလိုလျှင် ကာလစည်းကမ်းသတ် အက်ဥပဒေအရ (၃) နှစ်အတွင်း လျှောက်ထားရသည်။ တရားရုံးမှ အမွေထိန်းစာ ရုတ်သိမ်းခြင်း၊ ပယ်ဖျက်ခြင်းခံရသူသည် အမွေထိန်းစာအား တရားရုံးသို့ ပြန်အပ်ရမည်။ ပျက်ကွက်လျှင် ငွေဒဏ် နှင့် ထောင်ဒဏ်ချမှတ်ခြင်း ခံရနိုင်ပါသည်။

အမွေထိန်းစာ လျှောက်ထားလိုသူသည် ကွန်လွန်သူ သေဆုံးခဲ့သည့် အရပ်ဒေသရှိ တရားရုံးနှင့် ကွယ်လွန်သူ ပစ္စည်းတည်ရှိရာ အရပ်ဒေသရှိ တရားရုံးတွင် လျှောက်ထားမှုပြုနိုင်ကြောင်း ဥပဒေ ဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

 

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

  [Zawgyi]

အေမြထိန္းစာခန္႔အပ္ျခင္းအေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါတယ္။

 

ကြန္လြန္သူ၏ အခြင့္အေရးကို ဆက္ခံခြင့္႐ွိသူသည္ ေႂကြးၿမီမ်ားကို အေရးဆိုလိုပါက အေမြ ဆက္ခံေရးအက္ဥပေဒပုဒ္မ-၂၁၄ အရ အေမြဆက္ခံခြင့္လက္မွတ္ တင္ျပရမည္ျဖစ္ပါသည္။

အေမြဆက္ခံခြင့္အရ ေႂကြးၿမီအား ရထိုက္ခြင့္႐ွိသူသည္ အေမြဆက္ခံခြင့္လက္မွတ္ တင္ျပႏိုင္မွသာ တရား႐ုံးတြင္ တရားမမႈ ဖြင့္လွစ္ေဆာင္႐ြက္ႏိုင္သည္။ ကြန္လြန္သူ တရားႏိုင္မွ ဇာရီအမႈထိ ေဆာင္႐ြက္ခဲ့ေသာ အမႈမ်ားတြင္ေတာ့ ဆက္ခံသူမွာ အေမြဆက္ခံခြင့္လက္မွတ္တင္ျပရန္ မလိုဘဲ ေဆာင္႐ြက္ခြင့္ရပါသည္။

အေမြထိန္းစာ ေလွ်ာက္ထားမႈမ်ားအား ကာလစည္းကမ္းသတ္မွတ္ထားျခင္း မ႐ွိပါ။ အကယ္၍ ႏွစ္ေပါင္း(၂၀) ေက်ာ္လြန္မွာ ကြယ္လြန္သူ၏ အေမြပစၥည္းအား အေမြထိန္း ေလွ်ာက္ထားလွ်င္ မည္သည့္အတြက္ေၾကာင့္ ၾကန္႔ၾကာခဲ့ရေၾကာင္းကို ေျဖ႐ွင္းခ်က္ တင္ျပႏိုင္ရမည္ ျဖစ္ပါသည္။

တရား႐ုံးမွ အေမြထိန္းစာ ေလွ်ာက္ထားသူအား အေမြပုံကို စီမံခန္႔ခြဲခြင့္႐ွိမ႐ွိ ၾကည့္႐ႈၿပီး အေမြထိန္းစာေလွ်ာက္ထားရာတြင္ အျငင္းပြားမႈမ်ား၊ စင္ၿပိဳင္ေလွ်ာက္ထားကာ ကန္႔ကြက္မႈ မ်ား႐ွိပါက မည္သူကိုမွ် တရား႐ုံးမွ ထုတ္မေပးလွ်င္လဲရပါသည္။

တရား႐ုံးမွ အေမြထိန္းစာထုတ္ေပးျခင္းမွာ အေမြခံစားခြင့္နည္းျခင္း၊ မနည္းျခင္းႏွင့္လဲ မသက္ဆိုင္ပါ။ အေမြထိန္းစာေလွ်ာက္ထားသူ မည္သူကိုမဆို တရား႐ုံးမွ မိမိသေဘာအတိုင္း အေမြထိန္းစာထုတ္ ေပးႏိုင္သည္။ တရား႐ုံးမွ သင့္ေတာ္သည္ဟု ယူဆသူအား အေမြထိန္းစာ ထုတ္ေပးရျခင္းမ်ိဳးျဖစ္သည္။

အ႐ြယ္မေရာက္ေသးသူ (သို႔) ႐ူးသြပ္သူအား အေမြထိန္းစာ ထုတ္မေပးႏိုင္ေသာ္လည္း ၎မွာ တစ္ဦးတည္းေသာ အေမြဆက္ခံသူျဖစ္ေနပါက ၎၏ကိုယ္စား အျခားသူ တစ္ဦးဦးအား အေမြထိန္းစာ ထုတ္ေပးႏိုင္သည္။

ကြန္လြန္ၿပီး (၁၄) ရက္ၾကာလြန္ၿပီးသည္ႏွင့္ ကြန္လြန္သူ၏ ပစၥည္းအား သက္ဆိုင္သူမ်ားက အေမြထိန္းစာ ေလွ်ာက္ထားႏိုင္သည္။ အေမြထိန္းစာရသူမွာ တရားမပုံစံ-၁၃၆ အရ အာမခံ ခံဝန္ႏွင့္ တံဆိပ္ေခါင္းခြန္လဲ ခ်ဳပ္ဆိုႏိုင္ရမည္။

အေမြထိန္းစာအား မမွန္မကန္ ေျပာဆိုရယူခဲ့ျခင္း၊ လိမ္လည္ျခင္းျဖင့္ျဖစ္ေစရယူခဲ့ပါက တရား႐ုံးမွ အဆိုပါ အေမြထိန္းစာအား ျပန္လည္႐ုတ္သိမ္းႏိုင္သည္ (သို႔) ရပ္စဲႏိုင္သည္။

ထို႔အျပင္ အေမြထိန္းစာ ပယ္ဖ်က္ေပးရန္ ေလွ်ာက္ထားခြင့္႐ွိသူမွ ေလွ်ာက္ထားလိုလွ်င္ ကာလစည္းကမ္းသတ္ အက္ဥပေဒအရ (၃) ႏွစ္အတြင္း ေလွ်ာက္ထားရသည္။ တရား႐ုံးမွ အေမြထိန္းစာ ႐ုတ္သိမ္းျခင္း၊ ပယ္ဖ်က္ျခင္းခံရသူသည္ အေမြထိန္းစာအား တရား႐ုံးသို႔ ျပန္အပ္ရမည္။ ပ်က္ကြက္လွ်င္ ေငြဒဏ္ ႏွင့္ ေထာင္ဒဏ္ခ်မွတ္ျခင္း ခံရႏိုင္ပါသည္။

အေမြထိန္းစာ ေလွ်ာက္ထားလိုသူသည္ ကြန္လြန္သူ ေသဆုံးခဲ့သည့္ အရပ္ေဒသ႐ွိ တရား႐ုံးႏွင့္ ကြယ္လြန္သူ ပစၥည္းတည္႐ွိရာ အရပ္ေဒသ႐ွိ တရား႐ုံးတြင္ ေလွ်ာက္ထားမႈျပဳႏိုင္ေၾကာင္း ဥပေဒ ဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဘရာဇီးတွင် နိုင်ငံခြားသားများ လွှင့်ပစ်ခဲ့သော ပုလင်းခွံများကို ကောက်ယူစုဆောင်းကာ အိပ်ခန်း ၇ ခန်းပါ အိမ်တစ်လုံးကို ၂ နှစ်
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
စီရော်နယ်ဒိုကို ဖြတ်ကျော်ကာ သမိုင်းတလျှောက် အကြီးမြတ်ဆုံး ဘောလုံးသမားအဖြစ် ရွေးချယ်ခံလိုက်ရသူ လီယိုနယ် မက်ဆီ၏ M ပုံသဏ္ဍာ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ထိုင်းတွင် လမ်းမအလယ်သို့ ကားတစ်စင်းပေါ်မှ ခေါင်းတလားကြီးတစ်ခု ပြုတ်ကျခဲ့ပုံ ဗွီဒီယိုဖိုင် TikTok တွင် ဂယက်ရိုက်ခဲ့၊ အခေါ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
ဥရောပသားတွေ ဘာကြောင့် ကြောင်အိမ်ထဲမှာ အိပ်ခဲ့ကြတာလဲ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
[ဆန်းကြယ်သော ကံကြမ္မာ] အမေရိကန်တွင် အမျိုးသားတစ်ဦးမှာ ဒေါ်လာ ၁၆၇ သန်း ထီပေါက်ပြီး ရက်ပိုင်းအကြာတွင် ဖမ်းဆီးခံရ
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
လီဗာပူးတိုက်စစ်မှူး မိုဟာမက် ဆာလာ၏ စံအိမ်
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ

Upcoming Property Events

From 28 Jun To 29 Jun

Magical World Apartment

From 28 Jun To 29 Jun

Pan Swal Taw Condominium

From 02 Jun To 30 Jun

42 Mini Condo

From 02 Jun To 30 Jun

Central Shophouse

From 09 Jun To 09 Jul

The Vista Luxury Residence

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service