အိမ်ခြံမြေများ ဝယ်ယူသည့်အခါ ထမ်းဆောင်ရမည့် အခွန်နှုန်းထားများအကြောင်း ဥပဒေ ဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
1387 Views

အိမ်ခြံမြေများ ဝယ်ယူသည့်အခါ ထမ်းဆောင်ရမည့် အခွန်နှုန်းထားများအကြောင်း ဥပဒေ ဗဟုသုအနေဖြင့် ရေးသားဖော်ပြပေးလိုက်ပါတယ်။

Knowledge | Posted by Shwe Zin Win

[Unicode]

 

ပြည်ထောင်စု အကောက်ခွန်ဥပဒေနှင့်အညီ ဝင်ငွေခွန် ထမ်းဆောင်နိုင်ရန်အတွက် စာချုပ်ချုပ်ဆို အရောင်းအဝယ်ပြုပြီးသည်မှစ၍ (၁) လအတွင်း တန်ဖိုးစီစစ်ရေးအဖွဲ့ကို လိုအပ်သည့် စာရွက်စာတမ်းများ၊ စာချုပ်များနှင့်အတူ ရောင်းသူဝယ်သူ သွားရောက် တင်ပြရပါမည်။

တန်ဖိုးစီစစ်ရေးအဖွဲ့မှ အိမ်ခြံမြေအား ကွင်းဆင်းစစ်ဆေးပြီး သတ်မှတ်ချက်များနှင့်အညီ အစည်း အဝေးဆုံးဖြတ်၍ တန်ဖိုးငွေ သတ်မှတ်ပေးပါသည်။ ရောင်းချသူမှလဲ အိမ်ခြံမြေမှ ရရှိလိုက်သော အမြတ်အစွန်းအပေါ်တွင် တစ်ဆယ်ရာခိုင်နှုန်း ထမ်းဆောင်ရပြီး အမြတ်အစွန်းငွေမှာ သိန်းတစ်ရာထက်မပိုလျှင် ဝင်ငွေခွန် ထမ်းဆောင်ရန်မလိုဘဲ အခွန်ကင်းလွတ်ခွင့်ရကြောင်း ပြည်ထောင်စု အခွန်အကောက်ဥပဒေ ပုဒ်မ-၂၈ တွင် ဖော်ပြထားပါသည်။ ဝယ်သူမှလဲ တန်ဖိုးစီစစ်ရေးအဖွဲ့မှ သက်ဆိုင်ရာမြို့နယ် အခွန်ဦးစီးဌာနသို့ ပေးပို့သည့် အကြောင်းကြားစာပါ ကျသင့်သည့် ဝင်ငွေခွန်အတိုင်း ထမ်းဆောင်ရန် လိုအပ်ပါသည်။ ပုဒ်မ-၂၅ တွင် မည်သူမဆို အခြေပစ္စည်းတစ်ရပ် ဝယ်ယူခြင်းအတွက် ဝင်ငွေရလမ်းမတင်ပြနိုင်လျှင် ဝင်ငွေခွန်စည်းကြပ်ခြင်းခံရမည်ဖြစ်ပါသည်။

ဝင်ငွေရလမ်းဖော်ပြနိုင်သည့် ငွေဖြင့် ဝယ်ယူပါက ဝင်ငွေခွန် ထမ်းဆောင်ရန်မလိုပါ။ သို့ရာတွင် ဝယ်ယူသည့် တန်ဖိုးမှာ ဝင်ငွေရလမ်းတင်ပြနိုင်သည့် ငွေထက်ပိုမိုနေပါက ဝင်ငွေရလမ်းငွေကို နုတ်ပယ်ပြီး ကျန်ငွေအပေါ်တွင် ဝင်ငွေခွန် ထမ်းဆောင်ပေးရမည်။

ဝင်ငွေရလမ်းဖော်ပြနိုင်သော ငွေဆိုသည်မှာ ယခုအိမ်ခြံမြေ၊ကားများ ဝယ်ယူသောငွေမှာ ယခင်က အခွန်စည်းကြပ်ပြီးဖြစ်သော စီးပွားရေးလုပ်ငန်းမှ ရရှိသော ငွေဖြင့် ဝယ်ယူခြင်းဖြစ်ကြောင်း ဖော်ပြရန်ဖြစ်ပါသည်။

ထို့ကြောင့် ဝင်ငွေရလမ်းဖော်နိုင်သည့်ငွေဖြင့် အရောင်းအဝယ်ပြုလုပ်ပါက ထပ်မံဝင်ငွေခွန် ထမ်းဆောင်ရန်လဲ မလိုအပ်သောကြောင့် မိမိစီးပွားရေးလုပ်ငန်းများအား မှန်ကန်စွာ အခွန်ထမ်းဆောင်ပြီး ရရှိသည့် အခွန်စည်းကြပ်ပြီး ငွေများဖြင့် အိမ်ခြံမြေများ တိုးချဲ့ဝယ်ယူသင့်ပါကြောင်း ရေးသားဖော်ပြလိုက်ပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

 

[Zawgyi]


 











 

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[မိဘဟူသည်..] စင်္ကာပူတွင် ဖခင်ကြီးက သမီးဖြစ်သူ မျှော်လင့်အိပ်မက်နေသော လုပ်ငန်း လုပ်ဆောင်နိုင်ရေးအတွက် မိမိ၏ ကုမ္ပဏီကို ရ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
လာဘူဘူ အရုပ်များ ထုတ်လုပ်သူ ဝမ်နင် အသက် ၃၈ နှစ်ရွယ်မျှဖြင့် တရုတ်ပြည်၏ ဒသမမြောက် အချမ်းသာဆုံးဖြစ်လာ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
[ရာစုနှစ်၏ မင်္ဂလာပွဲကြီး] ဂျက်ဘေးဇော့စ်နှင့် လော်ရန်ဆန်းချက်ဇ်တို့၏ ဗင်းနစ်မင်္ဂလာပွဲ အချက်အလက်နှင့် ကိန်းဂဏန်းများ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ဘီလ်ဂိတ်က သမီးဖြစ်သူ မြင်းစီးလေ့ကျင့်ရန်အတွက် ဖလော်ရီဒါမှ မြေဈေးကောင်းသောနေရာတွင် ၁၈ ဧက ဖြန့်ကျက်တည်ရှိသော တစ်လမ်းလုံးကိ
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ထိုင်းမှာ ဘတ် သန်း ၂၄၀ (ကန်ဒေါ်လာ ၇ ဒသမ ၄ သန်းခန့်) ထီပေါက်ခဲ့တဲ့ စပိန် ဆောက်လုပ်ရေးလုပ်သား ဘာကြောင့် အိမ်ရာမဲ့ ဖြစ်သွား
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
ဘရာဇီး စတန့်သမားတစ်ဦးက ကောင်းကင်ဒိုင်ဗင်ထိုးကာ အမေဇုန်တောကြီးအတွင်း မျိုးစေ့ပေါင်း သန်း ၁၀၀ ကြဲချ
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
အိမ်ရာစုဆောင်းငွေ သိန်း (၃၀) အထက် စုဆောင်းပြီးသူများအနေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ သတ်မှတ်ချက်များနှင
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ
ဂွင်းနက်ပက်ထရိုးက သူ၏ ဒေါ်လာ ၄ ဒသမ ၉ သန်းတန် စံအိမ်အတွင်း အပေါ်ပိုင်းအဝတ်မပါဘဲ ချက်ပြုတ်နေသည့် ဗွီဒီယိုမှာ လူမှုကွန်ရက်တ

Upcoming Property Events

From 12 Jul To 13 Jul

ERC Luxury Condo

From 12 Jul To 13 Jul

Magical World

From 08 Jul To 08 Aug

Central Shophouse

Magical World Apartment

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service