အမွေစားအမွေခံအဖြစ် တရားဝင်မွေးစားခြင်းနှင့်သက်ဆိုင်သော အကြောင်းအရာများအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။ - Property Knowledge in Myanmar from iMyanmarHouse.com
629 Views

အမွေစားအမွေခံအဖြစ် တရားဝင်မွေးစားခြင်းနှင့်သက်ဆိုင်သော အကြောင်းအရာများအား ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။

Knowledge | Posted by Aye Myat Thu

[Unicode]

မြန်မာဓလေ့ထုံးတမ်းဥပဒေအရ တရားဝင်မွေးစားခြင်းကို ကိတ္ထိမသားသမီးမွေးစားခြင်းဟု ခေါ်ဆိုပြီး မွေးစားခြင်း မှတ်ပုံတင်စာချုပ်ချုပ်ဆိုရမည်ဖြစ်ကာ ၎င်းမှာ မွေးစားသူ အမိအဖနှင့် သက်ဆိုင်သည့် အကျိုးခံစား ခွင့်အရပ်ရပ်အား တရားဝင်ဆက်ခံခွင့်ရရှိမည်ဖြစ်ပါသည်။

ကောက်ယူ၍ မွေးသောသားသမီးအား မြန်မာဓလေ့ထုံးတမ်းဥပဒေအရ အပဗိဒ္ဓသားသမီးဟူ ခေါ်ဆိုပြီး ၎င်းမှာ ကိတ္ထိမသားသမီးမွေးစားခြင်းနှင့်တော့ မတူပါ။ သာမာန်မွေးစားခြင်းပင်ဖြစ်ပါက အပဗိဒ္ဓသားသမီးမှာ မွေးစားသူ အမိအဖနှင့် သက်ဆိုင်သည့် အမွေဆက်ခံခွင့်အား ရရှိမည်မဟုတ်ပါ။ သို့သော် အမွေဆက်ခံခွင့်ပါ ပေးအပ်ရန် ရည်ရွယ်ချက်ရှိပါက အမွေဆက်ခံခွင့်ပါရရှိမည် ဖြစ်ကာ တရားဝင် မွေးစားခြင်း စာချုပ်ပြုလုပ်ထားသင့်ပါသည်။

ထိုသို့ကိတ္ထိမ သားသမီးမွေးစားပါက မိရင်းဖရင်းများ၏ သဘောတူညီချက်အား မွေးစားသူအမိအဖမှ ရယူရမည်ဖြစ်ပါသည်။မွေးစားခြင်းအား ထိန်ချန် လျှို့ဝှက်ခြင်း မပြုလုပ်ရန် လိုအပ်ပြီး တရားဝင်လူသိရှင် ထင်ပေါ်မှုရှိရန် လိုအပ်သည်။ အခမ်းအနားဖြင့် မွေးစားစာချုပ်ချုပ်မည်ဆိုပါက ပိုမိုသင့်လျော်သည်ဖြစ်ကာ အသိသက်သေများရှေ့တွင် ပြုလုပ်ရမည်။

မွေးစားမည့်အမိအဖမှာ နှစ်ဦးသဘောတူချက်အရ မွေးစားခြင်းဖြစ်ရန်လိုပြီး သားသမီးအား ပေးအပ်သူ မိရင်းဖရင်းမှာလဲ နှစ်ဦးစလုံး သဘောတူညီမှုရှိရန် လိုအပ်ပါသည်။

ထိုသို့တရားဝင်မွေးစားမှုအတိအလင်းပြုသော်လည်း မွေးစားသည့်ကလေးမှာ အရွယ်ရောက်သည့် အချိန်၌ မိရင်းဖရင်းထံပြန်လိုပါက သွားရောက်ခွင့်ရှိပါသည်။ (ဦးအောင်ကြွယ်နှင့် ဦးဖိုးလဝင်း၊ ၁၉၅၂ မတစ လွှတ်တော်ချုပ် ၁၅ (၁၈))

အမွေဆက်ခံခွင့်အတွက် ရည်ရွယ်၍ မွေးစားခြင်းဖြစ်ပါက မွေးစားသားသမီးမှာ သားရင်းသမီး ရင်းများနှင့်မခြား တန်းတူ အခွင့်အရေးရရှိမည်ဖြစ်ပြီး မွေးစားသည့်သားသမီးမှာ သာသနာ့ဘောင်ထဲ အပြီးတိုင် ဝင်ရောက်သည့်အခါမျိုးတွင်တော့ အမွေဆက်ခံခွင့် ရရှိမည်မဟုတ်ပါ။

အမွေဆက်ခံခွင့်အတွက် မွေးစားခြင်းဟုတ်မဟုတ်အား အမှု၏ အကြောင်းကြားခြင်းရာများပေါ် မူတည် ၍ သုံးသပ်ဆုံးဖြတ်ရကြောင်း ဥပဒေဗဟုသုတအနေဖြင့် ရေးသားဖော်ပြလိုက်ရပါသည်။

အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။

ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။

iMyanmarHouse.com ၏ ဥပ​ဒေအကြံ​ပေး ပညာရှင်​အဖွဲ့ မှ အထူးရေးသားဖော်ပြသည်။

Credit: iMyanmarHouse.com

 

 

[Zawgyi]

 

အေမြစားအေမြခံအျဖစ္ တရားဝင္ေမြးစားျခင္းႏွင့္သက္ဆိုင္ေသာ အေၾကာင္းအရာမ်ားအား ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ရပါတယ္။

 

ျမန္မာဓေလ့ထုံးတမ္းဥပေဒအရ တရားဝင္ေမြးစားျခင္းကို ကိတၳိမသားသမီးေမြးစားျခင္းဟု ေခၚဆိုၿပီး ေမြးစားျခင္း မွတ္ပုံတင္စာခ်ဳပ္ခ်ဳပ္ဆိုရမည္ျဖစ္ကာ ၎မွာ ေမြးစားသူ အမိအဖႏွင့္ သက္ဆိုင္သည့္ အက်ိဳးခံစား ခြင့္အရပ္ရပ္အား တရားဝင္ဆက္ခံခြင့္ရ႐ွိမည္ျဖစ္ပါသည္။

ေကာက္ယူ၍ ေမြးေသာသားသမီးအား ျမန္မာဓေလ့ထုံးတမ္းဥပေဒအရ အပဗိဒၶသားသမီးဟူ ေခၚဆိုၿပီး ၎မွာ ကိတၳိမသားသမီးေမြးစားျခင္းႏွင့္ေတာ့ မတူပါ။ သာမာန္ေမြးစားျခင္းပင္ျဖစ္ပါက အပဗိဒၶသားသမီးမွာ ေမြးစားသူ အမိအဖႏွင့္ သက္ဆိုင္သည့္ အေမြဆက္ခံခြင့္အား ရ႐ွိမည္မဟုတ္ပါ။ သို႔ေသာ္ အေမြဆက္ခံခြင့္ပါ ေပးအပ္ရန္ ရည္႐ြယ္ခ်က္႐ွိပါက အေမြဆက္ခံခြင့္ပါရ႐ွိမည္ ျဖစ္ကာ တရားဝင္ ေမြးစားျခင္း စာခ်ဳပ္ျပဳလုပ္ထားသင့္ပါသည္။

ထိုသို႔ကိတၳိမ သားသမီးေမြးစားပါက မိရင္းဖရင္းမ်ား၏ သေဘာတူညီခ်က္အား ေမြးစားသူအမိအဖမွ ရယူရမည္ျဖစ္ပါသည္။ေမြးစားျခင္းအား ထိန္ခ်န္ လွ်ိဳ႕ဝွက္ျခင္း မျပဳလုပ္ရန္ လိုအပ္ၿပီး တရားဝင္လူသိ႐ွင္ ထင္ေပၚမႈ႐ွိရန္ လိုအပ္သည္။ အခမ္းအနားျဖင့္ ေမြးစားစာခ်ဳပ္ခ်ဳပ္မည္ဆိုပါက ပိုမိုသင့္ေလ်ာ္သည္ျဖစ္ကာ အသိသက္ေသမ်ားေ႐ွ႕တြင္ ျပဳလုပ္ရမည္။

ေမြးစားမည့္အမိအဖမွာ ႏွစ္ဦးသေဘာတူခ်က္အရ ေမြးစားျခင္းျဖစ္ရန္လိုၿပီး သားသမီးအား ေပးအပ္သူ မိရင္းဖရင္းမွာလဲ ႏွစ္ဦးစလုံး သေဘာတူညီမႈ႐ွိရန္ လိုအပ္ပါသည္။

ထိုသို႔တရားဝင္ေမြးစားမႈအတိအလင္းျပဳေသာ္လည္း ေမြးစားသည့္ကေလးမွာ အ႐ြယ္ေရာက္သည့္ အခ်ိန္၌ မိရင္းဖရင္းထံျပန္လိုပါက သြားေရာက္ခြင့္႐ွိပါသည္။ (ဦးေအာင္ႂကြယ္ႏွင့္ ဦးဖိုးလဝင္း၊ ၁၉၅၂ မတစ လႊတ္ေတာ္ခ်ဳပ္ ၁၅ (၁၈))

အေမြဆက္ခံခြင့္အတြက္ ရည္႐ြယ္၍ ေမြးစားျခင္းျဖစ္ပါက ေမြးစားသားသမီးမွာ သားရင္းသမီး ရင္းမ်ားႏွင့္မျခား တန္းတူ အခြင့္အေရးရ႐ွိမည္ျဖစ္ၿပီး ေမြးစားသည့္သားသမီးမွာ သာသနာ့ေဘာင္ထဲ အၿပီးတိုင္ ဝင္ေရာက္သည့္အခါမ်ိဳးတြင္ေတာ့ အေမြဆက္ခံခြင့္ ရ႐ွိမည္မဟုတ္ပါ။

အေမြဆက္ခံခြင့္အတြက္ ေမြးစားျခင္းဟုတ္မဟုတ္အား အမႈ၏ အေၾကာင္းၾကားျခင္းရာမ်ားေပၚ မူတည္ ၍ သုံးသပ္ဆုံးျဖတ္ရေၾကာင္း ဥပေဒဗဟုသုတအေနျဖင့္ ေရးသားေဖာ္ျပလိုက္ရပါသည္။

အိမ္ၿခံေျမ ကိစၥအဝဝႏွင့္ ပတ္သက္၍ ဥပေဒအႀကံေပးပညာရွင္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္လိုပါက iMyanmarHouse.com (အိုင္ျမန္မာေဟာက္စ္ေဒါ့ကြန္း) ၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ 09-268022352 , 09-966901767  သို႔ ဆက္သြယ္ႏိုင္ပါသည္။ အေသးစိတ္ၾကည့္ရန္ ဤေနရာကို ႏွိပ္ပါ။

ေရာင္းရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

ငွားရန္အိမ္ၿခံေျမမ်ားကို သင္စိတ္တိုင္းက် ရွာေဖြရန္အတြက္ ဤေနရာကို ႏွိပ္ပါ။

iMyanmarHouse.com ၏ ဥပ​ေဒအၾကံ​ေပး ပညာ႐ွင္​အဖြဲ႔ မွ အထူးေရးသားေဖာ္ျပသည္။

Credit: iMyanmarHouse.com

 

Subscribe For Property News

အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ

အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အမေရိကန်ရုပ်ရှင်မင်းသား ခရစ္စ ပရက်နှင့် ကက်သရင်း ရှဝါ ဇနက်ဂါ (မင်းသားကြီး အာနိုး၏ သမီး) တို့စုံတွဲ ကြီးကျယ်ခမ်းနားသော စံ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ကမ္ဘာ့အကြီးမြတ်ဆုံး သိပ္ပံပညာရှင်ကြီး အဲလ်ဘတ် အိုင်စတိုင်း နာဇီတို့ရန်မှ ပုန်းခိုခဲ့သော အင်္ဂလန်မှ ယာတဲအိမ်ကလေး
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
ဟင်းခတ်အမွှေးအကြိုင်တွေ တာရှည်ခံအောင် သိမ်းဆည်းနည်း (၅) ချက်
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
သမီး (၂) ဦးကို ပါရဂူတန်းနှင့် မဟာဘွဲ့များရသည်အထိ ကန်စွန်းဥဖုတ်ရောင်းကာ လမ်းဘေးဈေးသည်ဘဝဖြင့် ကျောင်းထားပေးခဲ့သော တရုတ်ပြ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် မြန်မာ အာဆီယံ (၆) နိုင်ငံအကြား ဘုံဗီဇာ ကျင့်သုံးရန် စီစဉ်လျက်ရှိ
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
" ဒီငွေတွေကို သုံးဖို့ ကျွန်တော်ဘယ်လောက် အသက်ရှင်ဦးမလဲ " (သို့) ကင်ဆာရောဂါခံစားနေရသော လာအိုနိုင်ငံသား အမေရိကန်
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
အပတ်စဉ် သိမှတ်ဖွယ်ရာ ဥပဒေအမေးအဖြေကဏ္ဍ
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
တိရ စ္ဆာန်တွေမှာ လိင်တူ ဆက်ဆံမှုတွေ ရှိလာခြင်းရဲ့ အကြောင်းရင်း
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
သိန်းငါးရာဝန်းကျင် အိမ်ခြံမြေနှင့်တိုက်ခန်းရှာဖွေမှု မြင့်တက်
mya-villa
area-one-business-complex

iMyanmarHouse Mobile App

iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service