အိမ်မျက်နှာကြက်မြင့်တယ်ထင်ရအောင် ဘယ်လိုပြင်ဆင်ကြမလဲ ... - Property Knowledge in Myanmar from iMyanmarHouse.com
1158 Views
အိမ်မျက်နှာကြက်မြင့်တယ်ထင်ရအောင် ဘယ်လိုပြင်ဆင်ကြမလဲ ...
Knowledge | Posted by Aye Myat Thu
[Unicode]
မျက်နှာကြက်ဆိုတာ အိမ်တစ်အိမ်ကို ဝင်လိုက်တဲ့အချိန် စိတ်ဝင်စားမှုရစေတဲ့ အဓိကအရာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ မျက်နှာကြက်က မြင့်မြင့်လေးနဲ့ ကျယ်ဝန်းသလို မြင်ရမယ်ဆိုရင် စိတ်ကလွတ်လပ်သလို ခံစားရနိုင်ပါတယ်။
မျက်နှာကြက်နိမ့်တယ်ဆိုရင် ငှက်လှောင်အိမ်သေးသေးလေးထဲမှာ နေရသလို စိတ်ထဲမှာ ကျဉ်းကျပ်နေမှာပါ။ အိမ်တွင်းဒီဇိုင်း အလှဆင်ရင်းနဲ့ မျက်စိအမြင်ကို ပြောင်းလဲနိုင်ပါတယ်။ ကိုယ့်အိမ်ရဲ့မျက်နှာကြက်လေးကို ဘယ်လိုပစ္စည်းမျိုးတွေနဲ့ အလှဆင်ရင်ပိုမြင့်တဲ့ မျက်နှာကြက်ပုံစံမျိုး အမြင်ပြောင်းသွားစေမလဲဆိုတာ ကြည့်လိုက်ကြရအောင်…..
၁။ လိုက်ကာကို မြင့်နိုင်သမျှ မြင့်မြင့်ချိတ်ပါ
လိုက်ကာကို ပြတင်းပေါက်ဘောင်ကနေ ချိတ်မဲ့အစားမျက်နှာကြက်မှာ ချိတ်ပါ။ ကိုယ့်ရဲ့မျက်လုံးကို နံရံပေါ်က အမြင့်ဆုံးနံရံအထိ ဆွဲယူသလို ဖြစ်သွားပြီးတော့ မျက်နှာကြက်ကို ပိုရှည်သလို ဖြစ်စေပါတယ်။
၂။ နိမ့်ပြီး အလျားလိုက်ရှိတဲ့ ပရိဘောဂမျိုးကို ရွေးချယ်ပါ
သိပ်မမြင့်တဲ့ ပရိဘောဂတွေဟာ မြင်ကွင်းရှင်းတဲ့အတွက် အခန်းကို ပိုမြင့်သလို မြင်ရပါတယ်။ ရှုပ်ပွတဲ့ပုံစံမျိုးမဖြစ်အောင် အရောင်နုနုလေးတွေ၊ သဘာဝအရောင်တွေကို အသုံးပြုပါ။ အားလုံးကို အဖြူရောင်ပဲသုံးရမယ်လို့ မဆိုလိုပါဘူး။ ခေါင်းအုံးတွေ၊ အလှဆင်တဲ့ပစ္စည်းတွေကို ကိုယ်နှစ်သက်တဲ့အရောင် အသုံးပြုနိုင်ပါတယ်။
၃။ နံရံမှာ မှန်တွေတပ်ဆင်ပါ
အုတ်နံရံအစား၊ ပြတင်းပေါက်ကြီးတွေဟာ ကျယ်ဝန်းတယ်လို့ ခံစားရပြီး သဘာဝအလင်းရောင်ကို အပြည့်အဝ ရရှိစေပါတယ်။ အိမ်အတွင်းဒီဇိုင်းအလှဆင်တဲ့နေရာမှာ အခန်းဟာ လင်းထိန်ပြီး တောက်ပနေတာဟာ ပိုကောင်းပါတယ်။
၄။ မျက်နှာကြက်ကို နံရံထက်ပိုနုတဲ့အရောင်သုတ်ပါ
အရောင်ပိုလင်းတဲ့မျက်နှာကြက်ဟာ ပိုကျယ်ပြီး တောက်ပတဲ့အသွင်ကို ဆောင်ပါတယ်။ ကိုယ်နှစ်သက်တဲ့အရောင်ကို ရွေးချယ်လို့ရသလို အဖြူရောင်ကို ရွေးချယ်တာတော့ အကောင်းဆုံးဖြစ်ပါတယ်။ အဖြူရောင် ဆေးမသုတ်ချင်ရင်တောင် အနည်းဆုံးတော့ နံရံထက်ပိုနုတဲ့အရောင်ကို ရွေးချယ်ပါ။
၅။ စင်မြင့်မြင့်တွေ ထားရှိပါ
စာအုပ်၊ အလှဆင်ပစ္စည်း၊ ပန်းချီကာကိုယ်နှစ်သက်ရာ ဘာပဲဖြစ်ဖြစ် ထားရှိလို့ရတဲ့ စင်မြင့်မြင့်လေးတွေထားသင့်ပါတယ်။ ဒီလိုထားရှိတာကြောင့် နံရံကိုလည်း ပိုရှည်သလို ဖြစ်စေပြီး မျက်နှာကြက်ကိုလည်း ပိုမြင့်စေပါတယ်။
အိမ်ခြံမြေ ကိစ္စအဝဝနှင့် ပတ်သက်၍ ဥပဒေအကြံပေးပညာရှင်များနှင့် ဆွေးနွေးတိုင်ပင်လိုပါက iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) ၏ ဖုန်းနံပါတ်များဖြစ်သော 09-268022352 , 09-966901767  သို့ ဆက်သွယ်နိုင်ပါသည်။ အသေးစိတ်ကြည့်ရန် ဤနေရာကို နှိပ်ပါ။
ရောင်းရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
ငှားရန်အိမ်ခြံမြေများကို သင်စိတ်တိုင်းကျ ရှာဖွေရန်အတွက် ဤနေရာကို နှိပ်ပါ။
Credit: Living Focus
[Zawgyi]
Credit: Living Focus
Subscribe For Property News
အိမ်ခြံမြေ သတင်းနှင့် ဗဟုသုတ
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် အလုပ်သင် ဆော့ဖ်ဝဲအင်ဂျင်နီယာ ခေါ်ယူရာတွင် ပလာတာတချပ်ဖိုးပင် မရှိသော လစာဖြင့် ခေါ်ယူခဲ့မှု အပေါ် အိန္ဒိယလူမှု
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
အိန္ဒိယတွင် လယ်သမားတစ်ဦးက မိုးဦးတဖြိုက်ကျအပြီး လယ်ကွင်းထဲသို့ ဆင်းခဲ့ရာ စိန်ကြီးတစ်ပွင့် ရှာတွေ့ခဲ့အပြီး တစ်ရွာလုံး အုံး
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
[ရုပ်ရည်ကျဆင်း အိုမင်းခြင်းကား ပျိုမျစ်နောက်ဆုံးရှိချေ၏] အိုမင်းသော ရုပ်ရည်မှ ဆန်းကြယ်စွာ နုပျိုသွားသော ဂျပန်အမျိုးသားတစ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
အမေရိကန်ပြည်တွင် အမျိုးသားတစ်ဦးက အလုပ်မှထွက်လိုက်ကာ အိုစာမင်းစာ စုဆောင်းထားငွေဖြင့် ရွက်လှေငယ်တစ်စင်းဝယ်လိုက်ပြီး သူ၏ကြေ
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
မည်သည့်အခါမှ လူ ၉၉ ဦးထက် အပိုမခံသည့် ဆန်းကြယ်သော တိုင်းရင်းသားမျိုးနွှယ်စုတစ်ခုအကြောင်း၊ ကလေးတစ်ဦး မွေးဖွားလျှင် လူတစ်ဦး
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
ဂျပန်တွင် သားကို အလွန်ချစ်သော အိမ်ခြံမြေလုပ်ငန်းရှင် ဖခင်တစ်ဦးက ယန်းငွေ သန်း ၁၀၀ ခန့် သုံးစွဲကာ စတိုးဆိုင်၊ မြေအောက်ဘူတာ
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
မလာနီယာ ထရမ့် (ဒေါ်နယ်ထရမ့်၏ ဇနီး) ၏ ကြေးရုပ်တုကြီး အခိုးခံရမှု
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
နယ်သာလန် ကမ္ဘာလှည့်ခရီးသည်များ မလေးရှားတွင် လည်ပတ်ရာ “စင်္ကာပူမှာပဲ မိုးမျှော်တိုက်ကြီးတွေ ရှိတယ်ထင်ခဲ့တာ” ဟု တအံ့တသြပြေ
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[လွယ်မယ်ထင်လို့လား ] ဘာမှ မလုပ်ဘဲ မိနစ် ၉၀ ငြိမ်ငြိမ်လေး ထိုင်နေရတဲ့ တောင်ကိုရီးယားက ပြိုင်ပွဲ အင်စတာဂရမ်တွင် နာမည်ကြီးန
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
[အဓိပ္ပာယ်ရှိသောလူ] မလေးရှားတွင် အမျိုးသားတစ်ဦးမှာ ပိုက်ဆံအိတ်ထဲမှ မသုံးဖြစ်ဘဲရှိနေသော ရင်းဂစ် ၅၀ တန်တွင် ပါသည့် နံပါတ်ဖ
Upcoming Property Events
From 28 Jun To 29 Jun
Magical World Apartment
From 28 Jun To 29 Jun
Pan Swal Taw Condominium
From 02 Jun To 30 Jun
42 Mini Condo
From 02 Jun To 30 Jun
Central Shophouse
From 09 Jun To 09 Jul
The Vista Luxury Residence
Magical World Apartment
iMyanmarHouse Mobile App
iMyanmarHouse - GET IT ON Google PlayiMyanmarHouse - Download on the App Store
Land Owner Service